သူ့ နာမည်က ရွှေအဆင်းပါ ကော်ဖီဆိုင်ဖွင့်ထားပါတယ် ဘွဲ့ရပီးပီး မောင်နှမ၂ယောက်ရှိပါတယ် သူ့အကိုကတော့ သူ့အဖေနဲ့ ကုမ္ပဏီ ဦးစည်းပါတယ် ငွေရေးကြေးရေး အဆင်ပြေသလောက်ရှိပါတယ်ဆရာ ပီးတော့ သူ့မှာ ချစ်သူရှိပါတယ်ဆရာ သူ့ချစ်သူနာမည်က လင်းခန့်တဲ့ ဆေးကျောင်းသား ပါဆရာ သင်္ကြန်ပီးရင် စေ့စပ်မယ်လို့ သတင်းရပါတယ် အာ့အကုန်ပါပဲဆရာ အော် ပီးတော့ သူက ဒေါသကြီးတယ် မာနကြီးတယ် ဘယ်သူ့ကမှကြောလို့မရဘူးတဲ့ဆရာ အဲ့ဒါ အကုန်ပါပဲ သူနဲ့ပတ်သတ်တာ..."
"ရပီ မင်းတို့ သွားလို့ရပြီ လိုအပ်ရင် ခေါ်လိုက်မယ်...."
"အဆင်း ညီမလေး တယောက်ထဲလား လင်းခန့်ကော မပါဘူးလား..."
"ခန့်လိုက်ပို့ တာ မမရေ ပြန်သွားတာ လိုက်ပို့ပီး မမကော ဆိုင်တောင်မရောက်တာကြာပီနော် ဘာသုံးဆောင်မလဲ..."
"ကော်ဖီပေး အဆင်းရေ မမက အဆင်းဆိုင်ကို သိပ်ကြိုက်တာ အဆင်းက
စိတ်ကူးလေး ကောင်းတယ်နော် ဆိုင်ရဲ့ အပြင်အဆင်လေးက မိုက်တယ်..."
"ချီးကျူးတာ မမရေ ကျေးဇူးပါနော်..."
"ဘာများ သုံးဆောင်မလဲရှင်..."
"မင်းသွားလို့ရပီ ဟိုတျောက်ကို လွှတ်လိုက်..."
"မရပါဘူးရှင့် အဲ့ဒါ ဆိုင်ရှင်မမလေးပါရှင့် အကိုသုံးဆောင်ချင်တာပြောပါ
အဆင်ပြေစေရပါမယ် ရှင့်..."
"မလိုဘူး ဟိုတျောက်ကိုခေါ်လိုက်..."
"နင် ဘာလာလုပ်တာလဲ..."
"ပိုက်ဆံလာပေးတာ..."
"ဘာ နင် ဘာစကားပြောတာလဲ..."
"ပိုက်ဆံလိုချင်တဲ့သူကို ပိုက်ဆံလာပေးတာ ဘာဖြစ်လို့လဲ..."
"ငါ့ဆိုင်ထဲကနေ အခုချက်ချင်း ထွက်သွား အခုသွား နင့်လိုကောင်မျိုးကို လက်မခံဘူး..."
"ဟ မင်းက မိုက်ရိုင်းလှချီလား ကိုယ့်ဆိုင်လာတဲ့ customer ကို ဆက်ဆံတာ ရင့်လှချီလား...."
"ဟဲ့ ငါ့ဆိုင်က လူယဉ်ကျေးတေကိုပဲ လက်ခံတာ နင့်လို အရိုင်းအစိုင်းကောင်ကို
လက်မခံဘူး ထွက်သွား...."
"ဘာ ဘာကွ...."
"နင့်ကို အခုချက်ချင်း ထွက်သွားလို့ပြောနေတယ်လေ ထွက်သွားစမ်း အရိုင်းအစိုင်းကောင်...."
"မင်း မင်းကွာ ငါ့အကြောင်း သိစေရမယ်..."
ချစ်တို့ရေ ဇာတ်လမ်းသဘောလေးကိုမကြိုက်ကြဘူးလား
အရင်အပုဒ်တေလောက်အားပေးမှုမရသလိုပဲ ကြိုးစားပီးရေးထားပါတယ်နော်
ချစ်တို့အားပေးမှ တျဲကအားရှိမှပေါ့
ချစ်တို့ဝေဖန်ပေးမှ တျဲကလိုတာပြင်လို့ရမှာပေါ့....
နေ့သစ်လည်းတစ်ခါမရောက်ဘူးတဲ့ရန်ကုန်ကိုယောင်လည်လည်နဲ့ရောက်လာခဲ့သည်
'အမေ့စာအရဆိုဒီလိပ်စာဘဲ'
'ဗျို့ အိမ်ရှင်တို့'
'လူလေး ဘာကိစ္စလည်း'
'ကျနော် ဒီအိမ်ကဘကြီးသောင်းနဲ့တွေ့ချင်လို့ပါသူရှိလားဟင်'
'ဘကြီးသောင်းဆိုတာကျုပ်ဘဲလူလေး ဘာကိစ္စလဲ'
နေ့သစ်လည်းသူရှေ့ကလူဖြစ်တဲ့ဘကြီးသောင်းပုံစံကအသက်၆၀အရွယ်ဖြစ်ပြီးအိမ်ရှင်ဖြစ်ဟန်မတူ
'ဟို ကျနော်ကမန္တလေးကဒေါ်နေခြည်သားပါ ခုအမေကဆုံးသွားတော့ဘကြီးဆီလာခဲ့တာပါ'
'အေးကွယ် ဘကြီးလည်းဒီမှာတာခြံစောင့်အဖြစ်ပေါ့ အိမ်ရှင်တွေကိုပြောကြည့်မယ်လေ သူတို့သဘောတူရင်တော့မင်းနေနိုင်ပါတယ်'
'သူတို့သဘောတူမှာပါနော်'
'တူမှာပါသူတို့ကသဘောကောင်းပါတယ် မမကြီးနဲ့ မမလေးကလွဲရင်ပေါ့'
'ဟုတ်ကဲ့'
သူတို့လည်းအိမ်ထဲဝင်ပြီးအိမ်ရှင်ဖြစ်တဲ့ဦးခွန်းမဟာ နဲ့ ဒေါ်ဝတ်မှုန်ဆီပြောတော့ သဘောကောင်းတဲ့ဦးခွန်းမဟာကတော့ လက်ခံခဲ့ပြီး ဒေါ်ဝတ်မှုန်ကမောက်မာအဆင့်တန်းခွဲခြားသူပီပီမနှစ်မျို့ခဲ့ပါ သို့သော်ယောကျာင်္းကိုမလွန်ဆန်နိုင်၍သာ
'ကဲ မောင်ရင်ကအသက်ဘယ်လောက်လဲ ကျောင်းကောတက်သေးလား'
'ကျနော့်အသက်ပါ 8တန်းအောင်ထားပါတယ်အန်ကယ်'
'အေးး ဒါဆိုလည်းအန်ကယ်မောင်ရင်ကိုကျောင်းဆက်ထားပေးပါမယ်'
'အို ကိုခွန်းနော် အစေခံကိုများဘာကိစ္စကျောင်းထားပေးရမှာလဲမထားပေးနိုင်ပါဘူး'
'ဝတ်မှုန် မင်းသဘောကိုငါမေးလို့လား မမေးဘဲဝင်မဖြေနဲ့ ဘာအစေခံလည်းသူလည်းလူဘဲကျောက်တက်ချင်မှာပေါ့'
'ကိုခွန်းနော် မှုန်ကိုဆိုအမြဲဒီလိုဘဲ '
ခြေဆောင့်ကာထွက်သွားသောဒေါ်ဝတ်မှုန်ကိုနေ့သစ်ကြည့်ကာ သူ့ရဲ့မောက်မာမှု့ကိုအံ့သြမဆုံးဖြစ်မိသည်
'ကဲမောင်ရင် အန်ကယ့်ဇနီးကတော့အဲ့လိုဘဲ ဒီအိမ်မှာအန်ကယ်ရယ် အန်ကယ်ဇနီးရယ် အန်ကယ်သမီးနှစ်ယောက်ရယ် ဟော့ဒီကထမင်းချက်ဒေါ်လုံး ရယ် မင်းဘကြီးရယ်ပေါ့'
'အော် ဒေါ်လုံးရေ မြူနဲ့လွန်းကိုခေါ်သွားခေါ်ပါအုံး'
'ဟုတ်ကဲ့ အကိုလေး'
'ဒေါ်လုံးခေါ်မနေနဲ့မြူကဒီမှာ'
'လွန်းလည်းလာပါပြီဒယ်ဒီရဲ့'
'ကဲမောင်ရင်ဒါကအန်ကယ့်သမီးကြီး မြူဝတ်မှုန် သမီးက၁၂နှစ် သမီးငယ်ကသိပ်ချစ်လွန်းတဲ့ အခုမှငါးတန်းတက်မှာ ၁၀နှစ်ဘဲရှိသေးတယ် သမီးငယ်ကတော့နွဲ့ဆိုးဆိုးတယ် မောင်ရင်သည်းခံပေါ့'
'ဒယ်ဒီနော် လွန်းဘယ်မှာဆိုးလို့လဲ'
'ဟုတ်ပါပြီဗျာ ကဲမောင်ရင်ခရီးပန်းလာရောပေါ့သွားနားလေ နက်ဖြန်ကျောင်းလိုက်အပ်ပေးမယ်'
'ကျေးဇူးတင်ပါတယ် အန်ကယ် အန်ကယ်ကျေးဇူးမမေ့ပါဘူး'
'ကယ်ဒါဆို အန်ကယ်လည်းအလုပ်ရှိသေးတယ်သွားအုံးမယ်'
နေ့သစ်လည်းကောင်မလေးနှစ်ယောက်က်ုကြည့်ကာ သိပ်ချစ်လွန်းဆိုတဲ့ကောင်မလေးကတော့ အသားဖြူဖြူ ပါးဖောင်းဖောင်း ဆံပင်ရှည်လေးနဲ့ ချစ်စရာကောင်းသည်။