ချင်းအမျိုးသမီးတွေရဲ့အမည်ရှေ့မှာ (မိုင်)တပ်ရေးကြတဲ့ သမိုင်းကိုဘယ်သူမှအတိကျမသိပါဘူး။ကျွန်တော် ၄,၅ နှစ်သားအရွယ်ဝန်းကျင် (ကျောင်းမနေသေး)အရွယ်တုန်းကထင်ပါတယ်။ အဖေ့ ရဲ့ အမေ နဲ့ အမေ့ရဲ့ အမေ ,အဘွားတွေကိုဘာကြောင့် ပါ့မည်းထိုးရတဲ့အကြောင်းကိုမေးခဲ့ဘူးပါတယ်။နှစ်ဦးလုးံရဲ့အဖြေကတော့ ခ်ျိုးဧကရာဇ်တစ်ပါး(Tui Li K'Cho shangpughang)ရဲ့ ကြင်ရာတော် လိပ်ပြာနတ်သမီးလေးရဲ့ ဂုဏ်ကျေးဇူးကို အမှတ်တရ ဖော်ကြူးကြရာက ပါးမည်းထိုးကွင်းပုံစံမျိုးစုံစတင်လာတယ်လို့ပြောပြကြပါတယ်။
အဲဒီချိန်ကစပြီး ပါးမည်းထိုးပြီးတဲ့ မိန်းခလေးရဲ့အမည်ရှေ့မှာ( Mang)ကိုတပ်ခေါ်လာကြပါတယ်။အဓိပ္ပါယ်ကတော့ ငြိမ်းချမ်းကြွယ်ဝမှုကိုဆောင်ကျဉ်းသူ ဖြစ်ပါတယ်။မြေပြန့် ချင်းသမိုင်းမှာလည်းဒီလိုပဲပြောကြပါတယ်။ယခုခေတ်မှာတော့ (Mai-မိုင်)ဖြစ်လာတာပေါ့။နားထွင်းနားဖေါက်ပြီး ကြံ့ခိုင်သူလို့အနက်ရှိသော မေးပါးမည်းထိုးပြီး ယောက်ျားလေးကို( Hta´ Laံng)ငယ်ရွယ်နုပျိုဖြတ်လတ်သူ လို့ နာမည်းရင်းရှေ့မှာခေါ်တွင်ရာက ယခုခေတ် သ(Hta)ဟာ စ သံပြောင်းလဲလာပြီး (Laံng)ဟာ လိုင်းဖြစ်လာလို့ (Salai)ဆလိုင်း ကိုရောက်လာပါတယ်။
စေတုတ္တရာဘက်ကနေ တွီလီခ်ျိုးဧကရာဇ်(ခ်ျိုးနောင်း ၏မျိုးဆက် ခ်ျိုးကီး ဟု မှတ်သားရ)ဟာ ကမ္မဌာန်းသိုင်းကျင့်စဉ်ကိုအားထုတ်ဖို့ တောင်တန်းအမြင့်ဆုးံကိုရှာဖွေရွေးချယ်ရာမှ ခေါနူး(မ်)သုန် တောင်ကိုရောက်ရှိခဲ့သည်။သာယာလှပပြီး နိုင်ငံတစ်ဝှမ်းကိုတွေ့ရှိနိုင်သည်ဟုယူဆကာ ၎င်းအမည်ကိုခေါ်သမုတ်ခဲ့သည်ဟု သက်ကြီးစကားများအရသိရှိခဲ့ရသည်။အဓိပ္ပါယ်မှာ နိုင်ငံများ၏မွေးဖွားရာ ကျက်သရေရှိလှသော မိခင်တောင် (သို့) နိုင်ငံတော်ကြီး(အင်ပါယာ)၏တောင်ဖြစ်သည်။၎င်းဧကရာဇ်မင်းဟာ သူကျင့်စဉ်အားထုတ်ခဲ့တဲ့နေရာကို သုည(သို့)ဘာမှမရှိသောအရပ် (Ng'Gho´ng)လို့ခေါ်ခဲ့ပါသတဲ့။
AD 1ကနေ 3ရာစုဝန်းကျင်လို့ခန့်မှန်းရတဲ့ ကာလမှာ မြစ်ဝါမြစ်ဝှမ်းက စစ်ရှူးံ ထွက်ပြေးခိုလှုံလာကြတဲ့ ရှမ်းတွေ(ရှမ်းသမိုင်းကိုကိုးကား) နဲ့ အိန္ဒိယ အရှေ့ပိုင်းက စစ်ရှူးံ ထွက်ပြေးခိုလှုံလာကြတဲ့ အာရိယာန်အနွယ် အာရကန်Arakanese-ရခိုင် တွေဝင်ရောက်လာခြင်းဟာ ယာဉ်ကျေးမှုတစ်ခတ်ဆန်းသစ်လာမှုလို့ဆိုနိုင်သလို တွီလီခ်ျိုး ခိဏ်မိသားစုများ အင်ပါယာရဲ့ စည်းလုးံမှုယိုယွင်းမှုအစလို့လည်းဆိုနိုင်ပါတယ်။ဒီလိုကွဲပြားမှုတွေကနေ ဘာသာစကားအသစ်တွေ သီးသန့်ဆန်တဲ့ယာဉ်ကျေးမှုတွေကျင့်သုးံရာက တိုင်းရင်းလူမျိုးစု များစွာထွက်ပေါ်စေခဲ့ပါတယ်။
ဒါပေမယ့် လုံးဝပျောက်ကွယ်မသွားခဲ့တဲ့ တူညီသောယဉ်ကျေးမှုတွေကတော့ ပါးမည်းထိုးပုံစံ မျိုးစုံ ! ခရုကမာခွံ သားရဲအစွယ်တွေ ပရင်းကျောက် တွေ ကြေး ထည် သံထည် တွေ နဲ့ အလှဆင်ချုပ်လုပ်ထားခဲ့ကြတဲ့ စစ်ဝတ်တန်ဆာ ! အိမ်သုးံပစ္စည်း တွေ အဝတ်တန်ဆာတွေ ပဲဖြစ်ပါတယ်။ဒါတွေကို ယနေ့ခေတ်အထိ တိဗက် အရှေ့တောင်ပိုင်း ချင်းရှီဒေသကနေ အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသများ ဘင်္ဂလားချင်းတကောင်းဒေသ နဲ့ မြန်မာပြည်အပါ ယိုးဒယားမြောက်ပိုင်းဒေသ ယူနန်ပြည်နယ်ဒေသ ကနေ ဟိုင်နန်ကျွန်းသူ ကျွန်းသားတွေအထိ တွေ့မြင်နိုင်ပါတယ်။အဓိက ထင်ရှားသိသာစေတဲ့အရာကတော့ အမျိုးသမီးတွေရဲ့ပါးမည်းထိုးကွင်းတွေပါပဲ။
မြန်မာပြည်မှာတော့ BIA ခေတ် မြန်မာပြည်အနောက်ခြမ်း ချင်းဒေသ လူမှုဆက်ဆံရေးနှင့် လုံခြုံရေးတာဝန်ခံ လွတ်လပ်ရေးမော်ကွန်းပထမ အဆင့် ဝဏ္ဏကျော်ထင်ဘွဲ့ရ သခင်အောင်ညွန့်ခေါ်ရွှီသား အွမ်နိန်! COMMANDO OF INDIA AND BURMA FRONT LINE FOR EMERGENCY NEWS ကိုထမ်းဆောင်ခဲ့တဲ့လွတ်လပ်ရေးနှင့်တပ်မတော်ဂုဏ်ထူးဆောင် BIAရွှီသားဦးတမ်နိန် (တတိယ မော်ကွန်ဝင်)နဲ့ အခြားသောညီအစ်ကိုများလက်ထက်မှာ ခေတ်နဲ့ မအပ်စပ်တော့တဲ့ ယာဉ်ကျေးမှုတွေကို တားမြစ်တဲ့ဥပဒေတွေပြဌာန်းရာမှာ ကာယကံရှင်ကသဘောမတူဘဲ ပါးမည်းထိုးတာကို တားမြစ်တဲ့ ဥပဒေကို တစ်တောဝင်တစ်တောင်ထွက် နယ်လှည့်အသိပညာပေးရာက အစပြုပြီး ယခုခေတ်မှာပါးမည်းထိုးတာ မရှိတော့ပေ။
မှတ်ချက်။ ။မိမိသိရှိသော သမိုင်းအချက်လက်များနှင့် အခြားသော ပြည်တွင်းပြည်ပ မျိုးနွယ်စုသမိုင်းများနှင့် ချိတ်ဆက်ပြီး ဆီလျှော်အောင် ယူဆရေးသားထားသောအချက်များလည်းပါပါသည်။Tui Li K'Cho မြန်မာ့ ချင်းယာဉ်ကျေးမှုသမိုင်းကို ပြန်လည်လေ့လာချက်များ အမြင်များကို ဝေငရုံမှလွဲ၍ အခြားသောရည်ရွယ်ချက်များမရှိပါ။စာရှုသူများကိုကျေးဇူးတင်ပါသည်။သမိုင်းအမြင်များကို လွတ်လပ်စွာ ဝေဖန်ပိုင်းခြားရင်း အမိမြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာအောင် ဆိုးတူကောင်းဖက် လက်တွဲညီညီ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။