လူဆိုသည်မှာ ရောင်းရေးဝယ်တာတို့နှင့် ကင်းကွာလို့မရသောသူများဖြစ်လေသည်။ လူတိုင်းသည် အရောင်း
သမားများဖြစ်သည် ဟု ပညာရှင်များကဆိုပါလေသည် လူတိုင်းအရောင်းသမား ဟုတ်ပါမည်လား ငါတို့က
ဆရာဝန်လေ ငါတို့ကတော့ ကျောင်းဆရာဟဲ့ ဟာ ငါတို့ကဘယ်လိုလုပ် အရောင်းသမားဖြစ်ရတာတုန်းဟု
စောဒက တက်နိုင်ပါလေသည်။ သူတို့မှမဟုတ်ပါဘူး အင်ဂျင်နိယာတွေ ရှေ့နေတွေကလည်း သူတို့သည်
လည်း အရောင်းသမားထဲမပါဘူးလေလို့ဆိုမည်သာဖြစ်ပါလေသည်။
ဟုတ်ပါတယ် လူဆိုသည်က ဂုဏ်ငယ်မှာ
ကြောက်သောသူများဖြစ်ပါသည်။ သူတို့လို ဂုဏ်သရေရှိသော ရာထူးများရထားသူကို အရောင်းသမားတွေလို့
သွားခေါ်မိလေလျှင် အင်မတန်မှားသော အမှားကိုကျူးလွန်ခြင်းဖြစ်တော့သည်။ သူတို့စိတ်ဆိုးကြလေမည်။
သို့သော် ယခုပြောနေသော လူတိုင်းသည်အရောင်းသမားများဖြစ်သည်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။
သူတို့မှမဟုတ်ပါဘူး လမ်းဘေးက သူတောင်းစားတောင် အရောင်းသမားစာရင်းထဲတွင် ပါဝင်ပါလေသည်။
မှန်လိုက်တာ သူတို့သည် တောင်းနေသူများဖြစ်ပါသည်။
သို့သော် အလကားတောင်းနေသည်ဟုထင်စရာရှိ
လေသည်။ တကယ်တော့ သူတို့ရဲ့မဟာအရင်းအနှီးကို ရင်းနှီးပြီးတောင်းရမ်းနေကြခြင်းဖြစ်ပါလေသည်။
ဘယ်လိုအရင်းအနှီးလည်းဆိုတော့ လူတွေရဲ့ သနားဂရုဏာကို ချူသော အတက်ပညာဖြင့် အသံနေအသံ
ထားဖြင့် သနားအောင် ပေးချင်အောင် ခွန်အားစိုက်ထုတ်လို့ အသနားခံနေသော ခွန်အားသည်ပင်သူတို့က
ရောင်းလိုက်သော သဘောပင်ဖြစ်ပါလေသည်။
ထိုသို့ရောင်းလိုက်မှသာလျှင် သူတို့ရဲ့တောင်းရမ်းခြင်းသည်
အဆင်ပြေစွာ အကျိုးရရှိလာလေမည်ဖြစ်ပါလေသည်။ စေတနာရှင်တွေကို သူတို့ရဲ့ သနားစေသောအရာအား
ရောင်းလိုက်ခြင်းဖြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ပါလေသည်။ အခြားသောသူများသည်လည်း ထိုသို့သော
သဘောအား နားလည်မည်ဆိုလျှင် လူတိုင်းသည် အရောင်းသမားများဖြစ်ကြလေသည် ဟု ဆိုလိုက်ခြင်းသည်
မှားသောအ ဆိုမဟုတ်နိုင်သည်ကို သဘောပေါက်ပါပေလိမ့်မည်။လူတိုင်းသည် အရောင်းသမားများဖြစ်ပါလေ
သည်။