အခြေခံပညာရေးဖြစ်တဲ့ ကျောင်းသင်ပညာရေး သင်ရတယ်။
ပြီးရင် ရှင်သန်နေထိုင်အသက်မွေးဖို့အတွက် ငွေရအောင် အသုံးချဖို့ အသက်မွေးဝမ်းကျောင်း ပညာ သင်ရတယ်။
ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ပန်းချီ ၊ အဆိုတော် ၊ သရုပ်ဆောင် ၊ စီးပွားရေးပညာ ၊ စာရင်းအင်းပညာ ၊ ရှေ့နေ ၊ ကျောင်းဆရာ ၊ စာရေးဆရာ ... စတဲ့ ဆိုင်ရာနယ်ပယ်အလိုက် ၀င်ငွေရှာ အသက်မွေးကြတယ်။
ဒီ အသက်မွေးဝမ်းကျောင်းပညာဟာ ၀င်ငွေရှာပေးတဲ့ ပညာပါပဲ ..
ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်လေ ကျွန်မတို့ ၀င်ငွေ ပိုရလေ ပါပဲ။
ဝင်ငွေ ပိုရလေ ချမ်းသာ လေပေါ့။
ဒါ ကျွန်မတို့ သိထားတဲ့ လမ်းမှန်တဲ့ ဘ၀နေနည်း ပါ။
ဘယ်သူမဆို အလုပ်ကြိုးစားလုပ်ရမယ်၊ ၀င်ငွေများများရအောင် ရှာရမယ်၊ ၀င်ငွေ များသထက်များလာပြီဆိုရင် ချမ်းသာလာမယ်။
ကျွန်မတို့ ဒီလို ထင်ထားကြတယ်။
.
.
တစ်ကယ်တော့ ...
တစ်ကယ့်အမှန်တော့
အဲဒီလို မဟုတ်ဘူး။ ၀င်ငွေများများရှာနိုင်လေ ချမ်းသာလေဆိုတာ မဟုတ်ပါဘူး။
ငွေက မိတ်ဆွေတို့ ကျွန်မတို့ကို ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။
.
** ငွေက ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး **
.
ချမ်းသာဖို့ဆိုတာ
ငွေကြေးအတတ်ပညာ ကျွမ်းကျင်မှသာလျင် ချမ်းသာနိုင်မှာပါ။
အပေါ်က အမျိုးသားနဲ့အမျိုးသမီး လင်မယားနှစ်ယောက်ဟာ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်ပါရက် ၊ ၀င်ငွေလည်းကောင်းပါရက် နဲ့
ငွေကြေးအခက်အခဲကြားမှာ လှောင်ပိတ်ခံရပြီး ပူပင်ကြောင့်ကြဘ၀ထဲ ရောက်သွားရတာ သူတို့မှာရှိတဲ့ငွေကို ကျွမ်းကျွမ်းကျင်ကျင် မစီမံတတ်လို့ပါပဲ။
သူတို့မှာရှိတဲ့ ငွေကို ပွားများအောင် ၊ ငွေပေါ်ငွေထပ်ပေါ်အောင် လုပ်တဲ့ ငွေကြေးအသိပညာ မရှိတဲ့အတွက် ငွေပြဿနာတွေ ဖြစ်လာတော့တာပါပဲ။
ငွေကြေးဆိုင်ရာပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ နောက်ဆက်တွဲရလာဒ်က ဆင်းရဲခြင်း ပါ။