မုန်း၍မဟူ အပိုင်း(၃၀)
"တွေ့ရတာ ဝမ်းသာပါတယ် ဘိုကြီး၊ အလိုဆိတာ အားလုံးပြောပါ ကူညီပါ့မယ်"
ဦးစောဟန်သည် တရုတ်ကြီး၏ ရယ်ပြုံးပြုံး မျက်နှာကို ကြည့်လျက် ခပ်တည်တည်ပင်
"ကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
ဝေဝေမှာ ဦးစောဟန်အား စားမတတ် ဝါးမတတ် ကြည့်နေသော ဂေါနောနှင့် ဦးသာကြူးတို့ကို သိပ်ရိုင်းတာပဲဟု စိတ်ထဲက အပြစ်တင်နေလေသည်။
ဝေဝေသည် ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။