မုန်း၍မဟူ အပိုင်း(၅၂)
အကြောင်းကိစ္စ မညီညွှတ်၍ စစ်ကိုင်းမသွားနိုင်သည့် နှစ်မျိုးဆိုလျှင် မိခင်မှာ မရွှင်ပျ။
မကြည်မသာနှင့် ပျက်ကွက်ရခြင်းကို တစ်ဖျစ်တောက်တောက် ပြောနေတတ်ပုံကို ကောင်းကောင်းမှတ်မိလေသည်။
သီလရှင် မဝတ်မီ နှစ်နှစ်လောက်ကစ၍ သိသိသာသာ ပြောင်းလဲနေသော မိခင်ကို တစ်အိမ်သားလုံး သိကြသည်။
ခါတိုင်းထက် စကားနည်းလာသည်။
တစ်နေ့တစ်နေ့
ဘုရားဝေယျာဝစ္စဖြင့်ပင် အချိန်ကုန်နေလေသည်။