မုန်း၍မဟူ အပိုင်း(၅၃)
စိပ်ပုတီးကို လက်ကမချဘဲ စိပ်သည်။
ဘုရားရှိခိုးလျှင် မေ့နေအောင် ကြာသည်။
ညဥ့်နက်သန်းခေါင်အထိ ကျမ်းစာဖတ်နေသည်။
စကားပြောတိုင်း တရားနှင့် ယှဉ်လျက် တရားစကား ပြောလွန်လွန်းသဖြင့်၊ ဝေဝေ့မှာ ငယ်ငယ်ရွယ်ရွယ်ကပင် လောကုတ္တရာ အကြောင်း တရားနားယဉ်နေလေသည်။
အစားကိုလည်း မခုံမင်လှ၊ အဝတ်ကိုလည်း မခုံမင်၊ လက်ဝတ်လက်စားများ ချွတ်ထားသည်။
နားက နားကပ်ကို ချွတ်ပြီး
"အစ်မပဲ ပန်ပါ" ဟု ဒေါ်သက်ကို ပေးလိုက်သည်။