မုန်း၍မဟူ အပိုင်း(၅၉)
"သူ့ဘဝ အထုံက ပါလာတာကို၊ ဒါကြောင့်လည်း သံယောဇဉ်တွေကို ပြတ်ပြတ်တောက်တောက်ကြီး ဖြတ်နိုင်တာပေါ့။
မောင်နေဦးတို့ ထားထားတို့ လက်ထပ်သွားကြပြီး ကတည်းက သီလရှင် ဝတ်ချင်နေပုံ ရပါတယ်။
ဝေဝေ ငယ်သေးလို့ စောင့်နေတာနဲ့တူပါရဲ့"
ဒေါ်သက်သည် ဦးဘိုးသိန်းနှင့် ဝေဝေတို့ကို မကြည့်ဘဲ၊
နောက်ကြောင်းကို ပြန်တွေးမိသလို တစ်လုံးချင်း ခပ်ဖြည်းဖြည်း ပြောနေလေသည်။
ပြောမိလက်စဖြင့် နောက်က အတိတ်ကို ပြန်အသစ်လုပ် ပြောချင်လျက် ဦးဘိုးသိန်း နောက်ထပ် ချောင်းဟန့်လိုက်သဖြင့် ရပ်သွားသည်။
အပိုင်း (၆၀)ဆက်ရန်