မုန်း၍မဟူ အပိုင်း(၆၉)
ဦးစောဟန်သည် ဝေဝေ့ထံမှ အဖြေကို စောင့်လျက် စိုကြည့်ရင်း မျက်နှာပြောင်းကာ ပြုံးသလိုလို မျက်နှာချိုထားလေသည်။
"မနက်စောစောကပဲ ဂိုဒေါင်ကိုသွားပါတယ်၊ ပြန်လာပြီး ချောင်းဆိုးတော့ သွေးစပါလာတယ်"
ဝေဝေ့ စကားမဆုံးခင် ဦးစောဟန်သည် ကြောက်တွန့်သွားသလို့ ပခုံးနှစ်ဖက် လှုပ်ကာ
မျက်မှောင်ကုပ်လျက် _
"ဆရာဝန် မခေါ်ဘူးလား" ဟု ဖြတ်မေးလိုက်သည်။
"ခေါ်ပါတယ်၊ ဆေးထိုးပေးပါတယ်"
ဝေဝေသည် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
အပိုင်း (၇၀)ဆက်ရန်