ဟိုးရှေးအခါ က လယ်သူမ လေးတစ်ယောက် ဟာ ရုတ်တရက် ပိုးထိ ပြီ ကွယ်လွန်မှာကို အရှင်သာရိပုတ္တရာက မြင်တော်မှုတယ်။သူမ မှာ အားကိုးစရာ ကုသိုလ်ဆိုတာမရှိခဲ့တဲ့အတွက် ကုသိုလ်ရရှိစေခြင်းအကျိုးငြား အရှင်သာရိပုတ္တရာက လယ်သူမ လေးထံကို ဆွမ်းခံကြွတော်မှုသည် ။
လယ်သူမ လေးထံကို အရှင်သာရိပုတ္တရာရောက်လာ၍ဆွမ်းခံလေသည် လှူစရာဆွမ်းမရှိသောကြောင့် ပေါက်ပေါက်ပွင့်ကို လှူဒါန်းခဲ့တယ် ။ထို့သို့လှူဒါန်းပြီး အရှင်သာရိပုတ္တရာက ပြန်ကြွသွားပြီး လယ်သူမလေးဟာ လယ်တောကို ထွက်အလုပ်လုပ်သွားတယ် လယ်တောရောက်ပြီးမကြာခင်မှာပဲ ပိုးထိလေသည်။ပိုးထိတဲ့ ဒဏ်ကြောင့်သေရှာလေသည်။ လယ်သူမ လေးဟာ အရှင်သာရိပုတ္တရာကို ပေါက်ပေါက်ပွင့် လှူခဲ့တဲ့ဒါန အကျိုးကြောင့် စတုမဟာရာဇ် နတ်ပြည်မှာ ပေါက်ပေါက်ပွင့် နတ်သမီးသွားဖြစ်လေသည်။လယ်သူမလေးဟာ သူမသေခင်မှာ ပေါက်ပေါက်ပွင့် လှူခဲ့သည့် ဒါနကုသုလ် မှတ်ရနေခဲ့တာကြောင့် ဖြစ်သည်။ပြီးတော့ ပေါက်ပေါက်ပွင့် အလှူခံတဲ့ ရဟန်းဟာလည် ရဟန္တာ ဖြစ်တာကြောင့် အကျိုးက အချက်ချင်းပေးတာဖြစ်သည်။