Credit to orginal uploader.
ကောင်းတာကိုလုပ်၊ ကောင်းတဲ့ အရာတွေ မင်းဆီရောက်လာလိမ့်မယ်တဲ့။ စာကြောင်းလေးကတော့ တိုတိုလေးပါ။ ဒါပေမဲ့ စဉ်းစားစရာလေးတွေ ပေါ်လာတယ်။ ကျွန်တော် မှတ်သားခဲ့တဲ့အတိုင် ပြန်ပြောရရင် ကောင်းတာတွေ လုပ်ဖို့အတွက် ကောင်းတဲ့အတွေး ကောင်းတဲ့ အကြံတွေကို အရင်ဆုံး ပြုစုပျိုးထောင်ရမယ်။ ကောင်းတဲ့ အတွေးအကြံတွေရှိမှ ကောင်းမွန်တဲ့ အပြောတွေ ရှိလာမယ်။ ကောင်းတဲ့ အပြောတွေ ရှိလာမှ ကောင်းတဲ့အလုပ်တွေ လုပ်လာနိုင်တော့ မှာပါ။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့မှာ ဒေါသဖြစ်စရာ အတွေးလေးရှိလာပြီ ဆိုရင် နောက်တဆင့်က အပြောအဆို ကြမ်းတမ်းလာမယ်။ ဒီထက်ဆိုးရင် ဆဲဆိုတာတွေ၊သူများ နားမခံသာတာတွေ ပြောလာမယ်။ နောက်တစ်ဆင့် ထပ်တက် လာရင် အမူအရာတွေပါလာတော့မယ်။ မျက်နှာအမူအရာ၊ ကိုယ်ဟန်အမူအရာတွေနဲ့ အရင်ဆုံး စောင်းမြောင်းမှုတွေလုပ်မယ်။ဒီ့ထက် ဆိုးလာရင် ရိုက်ကြ၊ နှပ်ကျ နောက်ဆုံးပြင်းထန်လာရင် အသက်ကိုတောင် ရန်ရှာဖို့ ဝန်မလေးတော့ဘူးပေါ့။ နောက်ဆုံးချုပ်လိုက်ရင် ဒေါသရဲ့ အဖြေကတော့ မကောင်းတဲ့ အရာကို ဖြစ်လာစေတော့မှာပါ။ ဆက်ရရင် ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်ဖို့ဆိုရင် ကောင်းတဲ့ အတွေး၊ ကောင်းတဲ့ အကြံအစည်လေးတွေ မွေးမြူဖို့လိုအပ်ပါတယ်။ ကောင်းတဲ့ဘက်ကကြည့်တတ်တဲ့ အမြင်နဲ့ တကယ့်အမှန်အတိုင်း သုံးသပ်တတ်တဲ့ အမြင်လေးတွေ ပြုစု ပျိုးထောင်သွားရင် ကျွန်တော်တို့ လုပ်ရမယ့် နောက်ဆုံး အဆင့်ဖြစ်တဲ့ ကောင်းတဲ့ အလုပ်တွေ လုပ်ပြီး ကောင်းကျိုး ချမ်းသားတွေ ရရှိလာမှာ အသေအချာဘဲဖြစ်ပါတယ်။