လူ့ဘဝမှာ မစောင့်သင့်တဲ့အရာ (၈)ခု
(၁) ဆင်းရဲနွမ်းပါးသွားမယ့်အချိန်ထိ မစောင့်ပါနဲ့။
အချိန်ကြာလာတာနဲ့အမျှ ဆင်းရဲနွမ်းပါးရတာအကျင့်ဖြစ်သွားတတ်လို့ပါ။
(၂) စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကိုမစောင့်ပါနဲ့။
ကြိုးစားအားထုတ်မှုနောက်ကျသွားတဲ့အခါ အသက်ကြီးလာတာနဲ့အမျှ စိတ်ကူးအိပ်မက်တွေ အရောင်လွှင့်သွားတတ်လို့ပါ။
(၃) သင်ယူလေ့လာဖို့ အချိန်ကိုမစောင့်ပါနဲ့။
သင်ယူတာနည်းလေ စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းနည်းလေဖြစ်တတ်လို့ပါ။
(၄) ကျန်းမာရေးအတွက် အချိန်ကိုမစောင့်ပါနဲ့။
ခန္ဓာကိုယ်ယိုင်လဲရင် လူ့ဘဝအရာအားလုံး ပြိုပျက်သွားတတ်လို့ပါ။
(၅) ပညာသင်ကြားရေးအတွက် အချိန်ကိုမစောင့်ပါနဲ့။
အညှောင့်စောင်းရင် ကြီးပြင်းလာတဲ့အပင်ကို တည့်မတ်ရခက်တတ်လို့ပါ။
(၆) ပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့။
သင်ကြီးပြင်းလာတာနဲ့အမျှ မိဘတွေအိုမင်းသွားလို့ပါ။ နောက်မှပြုစုစောင့်ရှောက်မယ်ဆိုတဲ့ အခွင့်အရေးမရှိတတ်လို့ပါ။
(၇) လူကိုခင်မင်ဖို့ အချိန်ကိုမစောင့်ပါနဲ့။
ခင်မင်ရင်းနှီးမှုမရှိတော့တဲ့အခါ အဖော်မဲ့အထီးကျန်ခြင်းက အလိုလိုဝင်ရောက်လာတတ်လို့ပါ။
(၈) (ခန္ဓာကိုယ်၊ အသားအရေ၊ ကျန်းမာရေး)ပြုပြင်ထိန်းသိမ်းဖို့ အချိန်ကိုမစောင့်ပါနဲ့။
နုငယ်ပျိုမျှစ်ခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ ငွေကြေးဘယ်လောက်ပေးလည်း ပြန်ဝယ်ယူလို့မရနိုင်တော့လို့ပါ။
#follow & upvote