နွမ်းခြောက်နေတဲ့ ဘုရားစင်ပေါ်က
ပန်းတွေကို မော့ကြည့်ရင်း
နောင်တတွေရင်ဝမှာလာလာစိုက်
အမေသင်ပေးလိုက်တဲ့
ကိုယ်ချင်းစာတရား တစ်ခုနဲ့တင်
ကျွန်တော်က ကမ္ဘာကြီးဖြစ်သွားခဲ့ပြီ အမေ...။
ယုံကြည်မှု ဆိုတာ စာရွက်တစ်ရွက်လိုဘဲ ...
ကြေမွသွားတာနဲ့ နဂိုအတိုင်း ပြန်ဖြစ်မလာတော့ဘူး တဲ့.
အင်တာနက်မှာဖတ်ဖူးတာ.
ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.
ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
' သံသယ ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး.
ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ...
အခြေခံ အုတ်မြစ် ' ယုံကြည်မှု ' တွေက မမြင်နိုင်ပေမယ့် ...
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား.
' ယုံကြည်မှု ' တွေခိုင်မြဲမို့ ...
ရိုးသားမှု ...
ပွင့်လင်းမှု ...
ဟန်ဆောင်ခြင်းကင်းမှု ...
နောက်ကျောဓါးထိုးကင်းမှု ...
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ...
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ...
စိတ်ထားတတ်မှုတွေ လိုတယ်မလား ...
ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့.
ကိုယ်ကဘဲလိုချင်တဲ့ ' အတ္တ' ရယူလိုမှုသာရှိ ...
တစ်ပါးသူကို ပေးလိုတဲ့ ' သဒ္ဒါ ' မရှိရင် ...
' ယုံကြည်မှု ' တွေအရောင်စွန်းတတ်တယ်.
ကျွန်တော် စစ်သားမဟုတ်ပါဘူး
ဒါပေမယ့် စစ်ခွေးဆိုပြီး မုန်းနေသူတွေ
စစ်ခွေးဆိုပြီးပြည်သူမုန်းအောင်လုပ်နေသူတွေနားလည်ထားဖို့ က
နိုင်ငံ တစ်နိုင်ငံမှာ
တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်မယ့်စစ်သားဆိုတာ
မရှိမဖြစ်ဆိုတာနားလည်ထားဖို့ လိုပါတယ်။
သူများယောင်တိုင်းလိုက်ယောင်
သူများဟောင်တိုင်းလိုက်ဟောင်နေတာကမှ
ခွေးဖြစ်မှန်းမသိဖြစ်သွားကြတာပါ စစ်ခွေးလို့ ခေါ်နေသူတွေ
စစ်ခွေးလို့ အော်နေသူတွေ ကိုယ့်ကိုယ် ကိုပြန်ဆန်းစစ်ကြည့်ပါ
ကိုယ်ကိုယ်တိုင် ခွေးဖြစ်နေပြီလားဆိုတာကို။
ကိုယ့်နိုင်ငံ၊ ကိုယ့်အသက်၊ ကိုယ့်အိုးအိမ်၊
ကိုယ့်စည်းစိမ်တွေကို ကာကွယ်ပေးနေသူတွေဟာ
အဲ့ဒီ စစ်ခွေးလို့ ခေါ်နေသူတွေအော်နေသူတွေကို
အေးအေးချမ်းချမ်း နဲ့ ကိုယ့်ထမင်းကြမ်းခဲကိုယပ်ခပ်စားပြီး
ကိုယ့်အလုပ်ကိုယ် အေးအေးချမ်းချမ်းလုပ်ပြီးနေနိုင်အောင်
စောင့်ရှောက်ပေးနေတာ အဲ့ဒီ စစ်ခွေးလို့ ခေါ်ခံနေရတဲ့ စစ်သားတွေပါပဲ
ခင်ဗျားတို့ တွေရဲ့ ကျေးဇူးရှင်တွေလို့ ပြောရင်လည်းမမှားနိုင်ပါဘူး။
ခင်ဗျားတို့ ကျွန်တော်တို့ တစ်တွေ သွားလာနေတဲ့ ရထားလမ်း၊
ကားလမ်းတွေဟာ သူတို့ သွေးနဲ့ ချွေးနဲ့ ရင်းပြီး
ဖောက်လုပ်ပေးထားခဲ့တာတွေကများပါတယ်
ဒီနေ့ ခေတ် ဒီနေ့ အခါမှာသာ စက်ယန္တရားတွေသုံးနေပေမယ့်
အရင်တစ်ချိန်က သူတို့ တွေပေးဆပ်ခဲ့တဲ့ သူတို့ တွေတည်ဆောက်
ပေးခဲ့တဲ့အရာဝတ္ထုတွေပါ ပြည်သူတွေအတွက်ဆိုပြီး သူတို့ တစ်တွေ
အလုပ်အကျွေးပြုပေးခဲ့ကြတာပါ။
ပြည်သူကျွေးတဲ့ထမင်းကိုစားနေတာပဲ
ဒီလောက်တော့လုပ်ပေးရမှာပေါ့ ဆိုပြီး
အဲ့လိုတော့ ခင်ဗျားတို့ မပြောပါနဲ့ 
ထမင်းနပ်မှန်အောင်စားရဖို့ အတွက်
စစ်သားတိုင်းက စစ်ထဲဝင်ခဲ့ကြတာမဟုတ်ပါဘူး
အမိမြေကိုကာကွယ်ချင်လို့ 
သေနတ်ကိုင်ပြီး တိုက်ပွဲတွေဆင်နွှဲချင်လို့ 
ဝင်ခဲ့ကြသူတွေလည်းများပါတယ်
ထမင်း တစ်နပ်ပြီးတစ်နပ် နပ်မှန်အောင် စားရဖို့ အတွက်
စစ်သားမလုပ်ပဲအရပ်သားဘ၀နဲ့ ပဲနေသွားလဲ စားရတာပါပဲ
နောက်ဆုံးကုန်ကုန်ပြောရရင်
ငတ်လို့ စစ်ထဲဝင်နေကြသူတွေ မဟုတ်ဘူး
သူဌေးသားတွေ ပိုက်ဆံရှိလူတန်းစားကပေါက်ဖွားလာသူတွေ
အိမ်မှာ သုံးမကုန်ဖြုန်းမကုန်ရှိတဲ့သူတွေ
စစ်ထဲဝင်ပြီး တိုင်းပြည်တာဝန်ကို ထမ်းရွက်နေကြတဲ့သူတွေအများကြီးပါ
စစ်သားတိုင်းကို ကောင်းတယ်မပြောပေမယ့်
ဒီနိုင်ငံ ဒီလူမျိုးတွေအတွက်အသက်၊ သွေး၊ ချွေး တွေနဲ့ 
သူတို့ ရဲ့ ဘ၀တွေကိုရင်းပြီး ပေးဆပ်နေတဲ့
စစ်သားကောင်းတွေအများကြီးပါ အဲ့ဒါကိုလည်းသိထားသင့်ပါတယ်။
ခင်ဗျားတို့ ပြောပြောနေတဲ့
စစ်ခွေးဆိုတဲ့သူတွေသာမရှိတော့ဘူးဆိုရင်
ဒီနိုင်ငံဘာဖြစ်မလည်း ပြေးမကြည့်နဲ့ 
တွေးကြည့်တာနဲ့ တင်သိနိုင်ပါတယ်
ဟိုနိုင်ငံက၀င်ပြီး သိမ်းလိုက် ဒီနိုင်ငံက ၀င်ပြီးသိမ်းလိုက်နဲ့ 
ခင်ဗျားတို့ တစ်တွေခုလို လွတ်လွတ်လပ်လပ်
အေးအေးချမ်းချမ်းနေနေရတဲ့ဘ၀ကနေပြီးတော့
လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းမနေရတော့မယ့်
မလွတ်လပ်တဲ့အနေအထားမျိုးဖြစ်သွားလိမ့်မယ်
အမြဲတမ်း ခိုးဆိုးလုယက်နေတာတွေ
သွေးချောင်းစီးနေတဲ့ စစ်တလင်းတွေပဲ မြင်နေရလိမ့်မယ်
အဲ့ဒါကိုခင်ဗျားတို့ တစ်တွေ သဘောပေါက်ထားကြဖို့ လိုပါတယ်။
စစ်သားတွေဆိုတာ အထက်ကပေးတဲ့အမိန့် ကို
တစ်သွေမတိမ်းလိုက်နာရတယ် အထက်ကပေးတဲ့အမိန့် ကြောင့်
ဒါလုပ်ဆိုရင်မလုပ်ပဲမနေလို့ မရဘူး
လုပ်ဖြစ်အောင်ကိုလုပ်ပေးကြရတယ်
စစ်သားတွေက ပြည်သူတွေကို ဒီလိုလုပ်ခဲ့လို့ 
စစ်ခွေးခေါ်တယ်ဆိုရင်
ကဲ.. ခင်ဗျားတို့ တစ်တွေ ဒီနိုင်ငံ ဒီလူမျိုးတွေအတွက်
အသက်၊ သွေး၊ ချွေး တွေနဲ့ 
သူတို့ ရဲ့ ဘ၀တွေကိုရင်းပြီး ပေးဆပ်ချင်လား
ပေးဆပ်နိုင်ရဲ့ လား
ပေးဆပ်ချင်တယ် ပေးဆပ်နိုင်တယ်ဆို
ခင်ဗျားတို့ သူတို့ နေရာမှာဝင်ပြီး စစ်သားလုပ်ကြည့်လိုက်စမ်းပါ
သူတို့ စားသလိုစားသူတို့ နေသလိုနေ
သူတို့ စစ်တိုက်သလိုတိုက်
နောက်ဆုံးအထက်ကအမိန့် ပေးလာလို့ ဒါလုပ်ဆိုရင်
ခင်ဗျားတို့ မလုပ်ပဲနေနိုင်မလား
နေနိုင်တယ်ဆိုရင်နေကြည့်လိုက်လေ
အဲ့ဒီလို သူတို့ နေရာတွေမှာကိုယ်တိုင်ဝင်ပြီးခံစားကြည့်ပြီးသွားရင်
စစ်သားတွေကို နားလည်သွားပါလိမ့်မယ်။
ခုလို သူများက စစ်ခွေးခေါ်တိုင်း ပါးစပ်ယားပြီးလိုက်ခေါ်
စစ်သားတွေဆိုတာ နိုင်ငံအတွက်ဘယ်လောက်အရေးပါလည်းဆိုတာ
နကန်းတစ်လုံးမှမသိ အတွေးနဲ့ တောင်
စစ်သားတွေနေရာမှာဝင်ခံစားမကြည့်ဖူးပဲနဲ့ 
စစ်ခွေးလို့ အော်နေတဲ့သူတွေကိုပြောချင်တာတစ်ခုက
အဲ့ဒီလို ပါးစပ်ယားပြီး စစ်ခွေးအော်နေတဲ့သူတွေကမှ
ဘာနဲ့ တူသလဲဆိုတော့
အရိပ်တွေ့ တိုင်းလိုက်ဟောင်နေတဲ့ ခွေးတစ်ကောင် ဖြစ်မှန်းမသိ
ဖြစ်သွားတော့တာပါပဲ။
အမှန်အတိုင်းပြောရရင် ခွေးဟောင်တိုင်းလည်း
ကျွန်တော်ထမကြည့်ချင်ပါဘူး
ဘာလို့ လည်းဆိုတော့
ခွေးဟောင်တိုင်းသာ ထကြည့်နေရမယ်ဆိုရင်
အိပ်ရေးပျက်ပါတယ်
ဒါပေမယ့်လည်း ဟောင်ပါများတော့ နားငြီးလာတယ်
နားငြီးလာတော့ထပြီးတော့ ရိုက်သတ်ချင်တဲ့စိတ်ပေါက်လာတယ်
အမှန်က အဲ့ဒီခွေးကကျွန်တော့်ခွေးမဟုတ်သလို
ကျွန်တော့်ခြံထဲကလဲမဟုတ်ပါဘူး
ဘေးခြံကနေ ဟောင်နေပေမယ့်
ကျွန်တော်နားငြီးလို့ ထရိုက်မိသွားတာပါ။ -_
လွတ်လပ်စွာသဘောထားကွဲလွဲပါ
အလင်္ကာကြယ်