ချစ်ခြင်းမေတ္တာကိုယုံကြည်သလို ... သစ္စာတရားကိုလည်း ယုံကြည်တယ် ...
မင်း ချစ်ခြင်းမှာ မသင်္ကာတံဆိပ်တုံး ရိုက်နှိပ် ...
သံသယ ဗွီဒီယိုကင်မရာတပ် အမြဲကြည့်ရမယ့်အလုပ် ...
ကိုယ်မလုပ်ရက်ပါဘူး ...
တစ်ခုလေးတော့ခွင့်ပြုနော် ...
အနန္တော အနန္တငါးပါး ကိုယ်အကြွင်းမဲ့ယုံကြည်ကိုးကွယ်ကြောင်း သစ္စာတိုင်တည် ...
မင်း ချစ်ခြင်းမေတ္တာ ကိုယ့်ပေါ် စစ်မှန်ပါလျှင် သေတပန် သက်တဆုံး မင်း ပါရမီဖြည့်ဖက်ဖြစ်ပါရစေ ...
မင်း ချစ်ခြင်းမေတ္တာ ... ကိုယ့်ပေါ်မစစ်မှန်ခဲ့လျှင် မင်း နဲ့ကိုယ်လေ မဆုံသောဝေးကွာခြင်းနဲ့ အမြန်ဝေး ထာဝရဝေးပါစေ.
ဒါ ... နေ့စဉ် ကိုယ်ဆိုနေတဲ့ သစ္စာစကားပေါ့
ဘဝကို အေးချမ်းချင်တာလား ?
ငါ ဘာကြီးဆိုတာ ဖယ်သင့်တာပေါ့ ...
မာန်မာနတွေလွှမ်းနေသမျှတော့ ပူလောင်နေဦးမှာဘဲ.
ဘဝကိုနေပျော်ချင်လား ?
ငါ အသုံးမဝင်ပါလားဆိုတာ ဖယ်သင့်တာပေါ့ ...
စိတ်ဓါတ်တွေကျနေသမျှတော့ ဘယ်နေပျော်ပါ့မလဲ.
စာတစ်ခုမှာဖတ်မှတ်ဖူးတယ် ...
ရှင်သန်နေစဉ်မှာ ...
နင်ဘာကောင်လဲ ...
ငါဘာကောင်လဲ ဖြစ်မနေကြနဲ့ ...
သေရင်အားလုံး မသာကောင်တွေဖြစ်ကြမှာဘဲတဲ့ ...
သူတစ်ပါးရဲ့ မောက်မာမှုခံရရင် ...
ခွင့်လွှတ်နားလည်ပေးလိုက်ပါ ...
ဪ ... သူ မာနဆိုတာ အကုသိုလ်ဆိုတာ မသိသူလို့ သနားကရုဏာသက်ပေးသင့်တာပေါ့ ...
သူတစ်ပါး စိတ်ဓါတ်ကျနေရင် ...
ကူညီဖေးမစာနာသနားကြင်နာပေး ...
လောကကြီးရဲ့ လောကဓံ ၈ ပါးအကြောင်းပြောပြရင်း ...
ထိုသူအတွက် စိတ်ဓါတ်ခွန်အားပေးသင့်တာပေါ့ ...
ရိုးသားစွာနဲ့ ...
ကိုယ်ကိုယ်တိုင် အေးချမ်းနေပျော်ရင်း ...
တစ်ပါးသူတွေကိုလည်း အေးချမ်းနေပျော်စေဖို့ ကူညီပေးရင်း ... နံနက်ဖြန်တွေဖြတ်သန်းဖို့ ...
အေးချမ်းနေပျော်ခြင်းတွေ ခုဘဲစကျင့်သုံးကြရအောင်လေနော် ...
လူရယ်လို့ဖြစ်လာ ...
လူအတော်များကတော့ ဒုက္ခတောထဲ ရုန်းကန်နေရသူချည်းဘဲ ...
သဘာဝတရားက လက်ချောင်းဆိုတာ တစ်ချောင်းတည်းမဟုတ် ...
လက်တစ်ဖက်မှာ လက်ငါးချောင်းဖန်ဆင်းပေးထားတယ်.
လက်တစ်ချောင်းတစ်ခုခုထိခိုက်ဒဏ်ရာရပြီး ...
တစ်ခြားလက်ချောင်းတွေပါမလှုပ် ...
လက်တစ်ခုလုံး အလုပ်မလုပ်တော့ဘူးလား ?
ဟင့်အင်း ...
လက်တစ်ချောင်းထိခိုက်ဒဏ်ရာရလည်း ...
တစ်ခြားလက်ချောင်းတွေနဲ့ ဆက်လက်ပြီး အလုပ်တွေလုပ်နိုင်ပါတယ် ...
လောကကြီးမှာ ခြေ လက်မရှိသူတွေတောင် ဘဝကိုအောင်မြင်စွာ တည်ဆောက်နေကြသေးတာဘဲလေ ...
လူ့ဘဝမှာ ...
စီးပွားရေး ..
လူမှုရေး ...
ပညာရေး ...
အချစ်ရေး ...
အိမ်ထောင်ရေး ...
အိမ်တွင်းရေး တွေဟာ လက်ချောင်းလေးတွေနဲ့တူတယ် ...
ကံကြမ္မာစက်ဝန်း ဘဝထဲမယ် ရုန်းကန်ကြစဉ် ...
အကြောင်းကြောင်းကြောင့် ...
အရေးတစ်ခုခုက တစ်ခုခုဖြစ်ခဲ့ရင် တစ်ခြားအရေးတွေပါထိခိုက် ...
စိတ်ဓါတ်တွေကျ ...
ဘဝကိုရေစုန်မျော ...
စီးပွားရေး အဆင်မပြေဘူးလား ...
ပညာရေးအဆင်မပြေဘူးလား ...
အချစ်ရေးအဆင်မပြေဘူးလား စသည်ဖြင့် ...
ဘယ်လိုဖြစ်ဖြစ် ....
မပြေတဲ့တစ်ခုပေါ် ဘဝစိတ်တစ်ခုလုံးနှစ် ဘဝတစ်ခုလုံးထိခိုက် ဗုံးဗုံးလဲစရာမှ မလိုတာလေနော် ...
လက်တစ်ချောင်းမကောင်းရင် ... ကျန်လက်လေးချောင်းနဲ့ ကြံ့ကြံခံရသလို ...
ဘဝမှာ အရေးတစ်ခုခု အဆင်မပြေရင် ...
ကျန်အရေးတွေကို မထိခိုက် ...
လုပ်စရာရှိတာလုပ် ...
ရှေ့ဘဝခရီး ကြံ့ကြံ့ခံဆက်လျှောက်ရမှာပေါ့ ...
မမြဲခြင်းတွေအရ ...
ပြေလည်မှုလည်း မမြဲ ...
မပြေလည်မှုလည်း မမြဲ ...
ပြေလည်တစ်လှည့် မပြေလည်တစ်လှည့် ကိုယ့်ရုပ်ခန္ဓာလည်းမမြဲ ...
မမြဲတဲ့အရာတွေအတွက် ...
ရှင်သန်ရာစိတ်နှလုံးသားမှာ ဒဏ်ရာနက်နက်ရစရာမှမလိုတာလေနော် ...
လက်ချောင်းတွေမှာ ...
လက်မလည်း လက်မအလျောက် ...
လက်သန်းလည်းလက်သန်းအလျောက် ...
လက်တစ်ချောင်းချင်းစီသန်မာကြံ့ခိုင်ဖို့လိုသလို ...
ဘဝမှာလည်း ... ဘဝရဲ့အရေးတွေမှာ ကြံ့ခိုင်ဖို့လိုတာပေါ့ ...
ဘဝရဲ့ အပိုင်းအခြားတွေကို သီးခြားကန့်သတ် ...
အရေးကိစ္စတစ်ခုအဆင်မပြေလည်း ...
တစ်ခြားဘယ်အရေးကိစ္စမှ ထိခိုက်ဖို့မပြင်းထန်စေဖို့ လုပ်နိုင်သူ ' မိမိ ' သာလျှင်ဖြစ်ပါသည် ...
မိမိဘဝ၏အရေးကိစ္စတွေကို ...
မိမိ အသိဉာဏ် ... စိတ်နှလုံးသားကြံ့ခိုင်မှုတွေနဲ့ စောင့်ရှောက်ရင်း ...
ဘဝဆိုတဲ့ တိုက်ပွဲမှာ ...
ကြံ့ကြံ့ခံအားတွေနဲ့ ရှေ့ခရီးကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ် ...
လောကရဲ့ မမြဲခြင်းတွေ နှလုံးသွင်းရင်း ...
မပူလောင်တဲ့ သတ္တိရှိကြံ့ခိုင်မှုတွေနဲ့
ဘဝကိုဖြတ်သန်း ...
အေးချမ်းကြရအောင်လေနော် ...