အပိုင်း(၁) ဖတ်ရန်
ဒီလိုနဲ့ ဆောင်းခိုဖို့ တောင်အရပ်ဆီ ငှက်တွေပျံသန်းကြတဲ့အခါ အဲဒီငှက်ကျားဖြူ ပါမသွားခဲ့တော့ဘူး။ ဦးလေးကြီးကလည်း အဲဒီငှက်ကို ကိုယ့်သမီးတစ်ယောက်လို ကျွေးမွေးပြုစုထားလိုက်ပြီး အိမ်ခေါင်မိုးမှာ အသိုက်တစ်ခု ဆောက်ပေးထားလိုက်တယ်။ ရာသီဥတုအေးရင် အိမ်ထဲခေါ်ထား၊ ပူနွေးရင် အိမ်ပြင်ထုတ်ထားနဲ့ အဲဒီဦးလေးကြီးနဲ့ ငှက်ကျားဖြူဟာ စားအတူ သွားအတူနဲ့ နှစ်ပေါင်း ၈နှစ်နီးပါး အတူနေခဲ့ကြတယ်။
ဒီလိုနဲ့ ၂ဝဝ၁ ခုနှစ်မှာ ဦးလေးကြီးဟာ ခါတိုင်းလိုပဲ ငှက်ကျားဖြူကို အစာကျွေးဖို့ ခေါင်မိုးပေါ်တက်တော့ အခြားငှက်ကျားဖြူအဖိုတစ်ကောင်ဟာ အတောင်ကျိုးတဲ့ငှက်ကျားမနား ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒီငှက်ဖိုကို ငှက်မကလည်း ထိုးဆိတ်မောင်းထုတ်တာမျိုး မရှိခဲ့ဘူး။ နှစ်ကောင်သား ကလူကျီစယ်နေတာကို တွေ့တော့ ဒါ ငှက်မလေးရည်းစားထားပြီဆိုတာကို ဦးလေးကြီးကသိလိုက်တယ်။
ငှက်ကျားဖြူ အဖိုနဲ့အမဟာ အတူတကွ မခွဲမခွာနေကြတယ်။ ငှက်ဖိုဟာ မကြာခဏ အစာတွေချီပျံလာပြီး ငှက်မကိုကျွေးတယ်။ အဲဒီမှာ သူတို့ ဥဥကြတယ်။ ဥကနေတဆင့် ငှက်ကလေးတွေ ပေါက်လာကြတယ်။ ငှက်ကလေးတွေပေါက်လာတော့ ငှက်ဖိုဟာ ခါတိုင်းထက် အစာတွေချီပြန်လာတတ်တယ်။
ဆက်ရန်...