တစ်ယောက်တည်းဖြစ်တဲ့အခါဝမ်းနည်းစိတ် ဝင်ရင်လည်းဝင်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဘယ်လိုပဲ ဝမ်းနည်းစိတ်ဝင်ဝင်မနက်ဖြန်မှာ ဆက်လက်လှေျာက်လှမ်းရပါဦးမယ်။
တစ်ယောက်တည်းဖြစ်တဲ့အခါအထီးကျန်စိတ် ဝင်ရင်လည်းဝင်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်ဖို့ မမေ့ပါနဲ့။နှလံုးသားနွေးရင် အဲဒီအထီးကျန်ခြင်းကဘာမှ မပြောပလောက်တော့ပါဘူး။
photo google
တစ်ယောက်တည်းဖြစ်တဲ့အခါအကူညီမဲ့စိတ် ဖြစ်ရင်လည်း ဖြစ်မယ်။
ဒါပေမယ့် လူတိုင်း ကိုယ့်လမ်းကိုယ်လှေျာက်ရတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်သတိပေးဖို့
မမေ့ပါနဲ့။
ဘယ်သူကမှ တစ်သက်လံုး ကိုယ်နဲ့ အဖော်အဖြစ်လိုက်ပါလှေျာက်လှမ်းမှာ မဟုတ်ပါဘူး။
တစ်ယောက်တည်းဖြစ်တဲ့အခါအားငယ်ပျော့ညံ့စိတ် ဝင်ရင်လည်းဝင်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားပေးဖို့ မမေ့ပါနဲ့။
ကိုယ်ရဲရင့်မှ အပြောင်းအလဲများတဲ့ ဒီလောကမှာဘယ်လိုတောင့်ခံမယ်ဆိုတာကို သင်ယူနိုင်ပါလိမ့်မယ်။
တစ်ယောက်တည်းဖြစ်တဲ့အခါစိတ်ရှုပ်စရာတွေ တွေးကောင်းတွေးမိမယ်။
ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်ကိုထိန်းချုပ်တတ်ဖို့မမေ့ပါနဲ့ကိုယ့်စိတ်ခံစားချက်အပျက်နဲ့
ကိုယ့်အတွက်အရေးပါတဲ့လူကို မထိခိုက်မိပါစေနဲ့။
တစ်ယောက်တည်းဖြစ်တဲ့အခါကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖို့ မမေ့ပါနဲ့။
အေးရင် အနွေးထည်ထပ်ဖို့ မမေ့ပါနဲ့။
ဝမ်းနည်းရင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဖျားနာရင် ဆေးသောက်ဖို့ မမေ့ပါနဲ့။ဆာရင် စားဖို့ မမေ့ပါနဲ့။မိုးရွာရင် ထီးဆောင်းဖို့ မမေ့ပါနဲ့....
တစ်ယောက်တည်းဖြစ်တဲ့အခါစာအုပ်တစ်အုပ်၊ သီးချင်းတစ်ပုဒ်၊ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ အဖော်ပြုပါ။လူပင်ပန်းရင် နားရသလို
စိတ်ပင်ပန်းရင် တိတ်ဆိတ်ငြိမ်သက်ရပါတယ်။
photo google
တစ်ယောက်တည်းဖြစ်တဲ့အခါကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ။
အပြောကျယ်တဲ့ လောကကြီးမှာကိုယ့်အပေါ် တကယ့်စိတ်ကောင်း စေတနာထားတဲ့လူ သိပ်မများနိုင်ပါဘူး။
တစ်ချိန်လံုး သင့်ဘေးမှာ အဖော်ပြုပေးမယ့်သူမရှိနိုင်ပါဘူး။
ဒါ့ကြောင့် သင့်ကိုယ်တိုင်အတွက်၊
သင်အလေးထားသူအတွက်သင့်ကိုယ်သင် ပိုဂရုစိုက်ရပါတယ်။