Credit:photo
#ဒေါ်အောင်ဆန်းစုကြည်က ..
နိုဘယ်ဆုပဲ ရခဲ့တာ..
ဈာန် အဘီညာဉ် ရခဲ့တာ မဟုတ်ဘူး။
အကျယ်ချုပ်က ထွက်လာတာ..
ထွက်ရာ ပေါက်လာတာ မဟုတ်ဘူး။
ပညာ ဉာဏ်တွေသာ ရှိတာ ..
တနိခိုး စွမ်းအားတွေ ရှိတာ မဟုတ်ဘူး။
စေတနာ ပိုင်ရှင်သာ ဖြစ်တာ
စေတလုံးပိုင်ရှင် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်က ..
စူပါမန်း မဟုတ်ဘူး၊
ဇော်ဂျီ မဟုတ်ဘူး၊
ဘိုးဘိုးအောင် မဟုတ်ဘူး၊
အရှင်အစ္စာဂေါန မဟုတ်ဘူး။
ဒေါ်စု ဥုံဖွ မမန်းနိုင်ဘူး။
ဖြစ်စေ ဆိုရုံနဲ့ မရနိုင်ဘူး။
ဒေါ်စု လုပ်လို့ရတာ ..
စီမံခန့်ခွဲမှု ၊ ခေါင်းဆောင်မှု ၊ လမ်းညွန်ပေးမှု၊
ကမ္ဘာပေါ်က တိုင်းပြည်ကို တည်ထောင်သွားကြတဲ့ ခေါင်းဆောင်တွေ လုပ်လို့ရတဲ့ အလုပ်မျိုးပဲ ဒေါ်စု လုပ်တက်တာ။
ကမ္ဘာပေါ်က ...
အောင်မြင်သွားတဲ့ နိုင်ငံတွေ
သူတို့ ခေါင်းဆောင်နောက်မှာ
ပြည်သူတွေ ဘယ်လို ကျိုးစား ခဲ့ကြလဲ ။
ဘယ်လို တာဝန် ယူခဲ့ကြလည်း ပြန်မေးကြည့်ဦး။
သည်နိုင်ငံက ကောင်တွေကတော့ ...
ကိုယ်ကျိုး အတွက် မကြည့်ပါဘူး ဆိုတဲ့  ခေါင်းဆောင်
စေတနာ ထားပါတယ် ဆိုတဲ့ ခေါင်းဆောင်
ပညာ ရှိပါတယ် ဆိုတဲ့ ခေါင်းဆောင် ကိုတောင်
နည်းပေါင်းစုံနဲ့ ထိုးနက် ၊
ကိုယ်တိုင်က သာ အခွန်သောက်ပြား တပြား မဆောင်ဘူးတာ
အခွန်တွေ ကောက်နေပါတယ် ဝေဖန်၊
အမိုက်ကောက် ကောက်ပြန်ပေါ့်
သစ်ပင်စိုက် ဆိုက်ပြန်ပေါ့်
မီတာခ တိုး တိုးပြန်ပေါ့် .
ကိုယ်ကသာ တိုင်းပြည်တွက် ဘာမှ
လုပ်မပေးချင်တာ
ငါတို့တွက် ဘာမှ မရသေးဘူး ပြောလို့ပြော
ဘာမှ မထူး ပြောသူပြော ...
ဟုတ်တယ် ဘာမှ မထူးဘူး။
ဘာမှ မတိုးတက်ဘူး။
သည်လို ကောင်တွေ များနေတဲ့ တိုင်းပြည်
တနှစ်နဲ့ မတိုးတက်တာ မပြောနဲ့
မဆုတ်ယုတ်တာတောင်
ဒေါ်စု တော်လွန်း လို့ဆိုတာ မှတ်ထား
Tin moe swe{Credit}
SW.H
Via - သဲနှစ်အောင်