မင်္ဂလာပါ steemit မိတ်ဆွေများအားလုံးခင်ဗျာ
Hello Mingalarpar Steemit friends
Credit:Photo
ကျွန်တော်steemit account လျောက်ထားတာကြာပါပြီ။အခုချိန်မှာတော့ခဲရာခဲဆစ်အကောင့်လေးတစ်ခုကိုစရလို့ ပထမဦးဆုံး post အနေနဲ့ introduce လေးကို ဝမ်းမြောက်စွာဖြင့် စတင်မိတ်ဆက်ရခြင်းပါ။ကျွန်တော်အမည်ကတော့-ရဲထက်ပါ။
လိပ်စာကတော့အတိုချုံးပဲမိတ်ဆက်လိုက်ပါတယ်။ရန်ကုန်မြို့မှာနေထိုင်ပြီးတော့
အကိုတစ်ယောက်ရှိပါတယ်။လက်ရှိမှာ အမေ၊အဖေ နဲ့နေထိုက်လျက်ရှိပြီး
အလုပ်အကိုင်ကတော့ marketing deparment မှာလုပ်ကိုင်နေပါတယ်
အသက်အားဖြင့်တော့ ၂၃ ကိုကျော်လို့ ၂၄ထဲရောက်နေပါပြီ။
Steemit စတင်ဝင်ရောက်ခြင်းအနေနဲ့ မသိသေးတာတွေ၊ အခက်အခဲတွေ၊ နည်းပညာပို်င်းတွေနဲ့အခြားသောလိုအပ်တဲ့အကြောင်းအရာမြောက်မြားစွာရှိမယ်လို့ထင်မိပါတယ်။ဒါကြောင့်မို့လိုအပ်ချက်တွေ၊မှားယွင်းမှုတွေရှိလာလျှင်လည်းသင်ပြပေးပါလို့တောင်းဆိုအပ်ပါတယ်။ကိုယ့်ရဲ့အရှေ့က senior များကော၊ကျန်သော ကျွန်တော့်ထက် အသိပညာ ကြွယ်ဝသော ၊ ကျွန်တော် ၏ အမှားအားထောက်ပြပေးပါလို့တောင်းဆို ရင်း...အောင်မြင်မှုကိုဘာမှန်းမသိသေးပေမဲ့၊လက်တွေ့မှာတော့ အဲ့အနောက်ကိုလိုက်မေသူပါလို့၊တစ်ခါတစ်လေမှာ ကိုယ်ရဲ့ဆုံးဖြတ်ချက်မှာယွင်းမှုကြောင့် လမ်းမှားကိုရောက်သွားတဲ့အခါမျိုးတွေရှိတတ်လို့ မည်သည့်နည်းလမ်းနှင့်မဆို ကျွန်တော့်အား ညွှန်ကြားပြသပေးနိုင်သူကို ကျေးဇူးတင်ပါတယ်လို့ပဲ ယခုနေရာကနေပြောဆိုရင်းmyanmar steemit မိသားစုဝင်များနှင့်တကွ steemit အားအသုံးပြုနေကြသော လူသားအပေါင်းစိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့်အောင်မြင်မှုခရီးလမ်းကိုလျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ခြွေအပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
Author-
Credit:Photo
Knowledge ပိုင်းလေးတစ်ပိုဒ်လောက်တင်ပေးခဲ့ပါဦးမယ်နော်။
Credit:Photo
ဟန်ကျတဲ့ အလှည့်မှာ မာန်ကြွမနေပါနဲ့
ခံ၇တဲ့ အလှည့်ဆိုတာ ၇ှိပါသေးတယ်
ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ၊ ကြောင်လေးက မြွေဟောက်ရဲ့ အမြီးကို ကြွက်လို့ထင်ပြီး ဖမ်းဖို့ ပြင်နေတဲ့ ပုံပေါ့။
မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ မင်းလုံးဝမသိသေးပဲ လွယ့်လင့်တစ်ကူ မကစားပါနဲ့ ၊ သူများက မင်းအကြောင်း အကုန်လုံးမြင်ပြီး သိပြီးသား ၊ မင်းကို မသတ်ချင်သေးလို့ ကြည့်နေတယ် ဆိုတာ မှတ်ပါ။
ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့ လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။
မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲ သတိရပါ။