Credit:photo
စိတ်နာတယ် ဆိုတာကို ချစ်ဖူးတဲ့ သူတွေပဲ သိလိမ့်မယ်။
အရမ်းချစ်မိလို့ စိတ်နာသွားတာပါ။
ကိုယ်လုံးဝ မမျှော်လင့်ထားအရာတွေကို လုပ်သွားတဲ့ အခါကျရင် စိတ်နာသွားတတ်ကြတယ်။
စိတ်နာတာကို မုန်းတယ် လို့လဲ ပြောလို့မရဘူး။
ချစ်နေသေးတာလဲ မဟုတ်ဘူး။
နှလုံးသားထဲမှာ သေရာပါမယ့် နာကျင်စရာ ဒဏ်ရာတွေ ရသွားတာပါ။
ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို စိတ်နာသွားတာကလည်း အတော့်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ခံရလည်း ခက်ပါတယ်။
သူ့ရဲ့ လုပ်ရပ်တွေကြောင့် သူ့ကို စိတ်နာသွားတယ်။
တစ်ခါတစ်လေကျတော့လည်း သူနဲ့ ပတ်သတ်ဖူးတဲ့ နေရာလေးတွေ ၊ အမှတ်တရလေးတွေကို ရောက်ရင် လွမ်းမိတယ်။ ဆွေးမိတယ်။
"ချစ်သေးလား" လို့လာမေးရင် "မချစ်တော့ဘူး"
"မုန်းသွားတာလား" လို့မေးရင် "မုန်းလဲမမုန်းဘူး"
ဒါပေမဲ့ သူ့ဆီ "ပြန်သွားမလား" လို့မေးရင် "မသွားဘူး" လို့ပဲ ပြန်ဖြေလိမ့်မယ်။
အဲ့ဒါက စိတ်နာသွားတာ လို့ပဲ ပြောရလိမ့်မယ်။
စိတ်နာသွားတဲ့ သူတစ်ယောက်ဆီကို ဘယ်တော့မှ ပြန်မသွားကြဘူး။
ဘာလို့ဆို သူ့ကို မြင်တိုင်း နာကျင်ရတာကိုး !
ဘယ်လောက်ပဲ ချစ်နေ ချစ်နေ စိတ်နာသွားရင် လုံးဝကို ပြန်လှည့်မကြည့်တော့ဘူး။
တစ်ခါတစ်လေကျရင် ချစ်နေရက်နဲ့ စိတ်နာနေရတဲ့ အဖြစ်မျိုးတွေလဲ ရှိတယ် !
ချစ်နေရက်နဲ့ စိတ်နာနေရတဲ့ အဖြစ်မျိုးက ခံရအခက်ဆုံးပါပဲ။
အဲ့ဒါကြောင့် လူတစ်ယောက်ကို စိတ်နာအောင် ဘယ်တော့မှ မလုပ်မိပါစေနဲ့။
©®♥မူရင်းရေးသူ
❄စာပေချစ်သူများကို အစဉ်လေးစားလျက်❄
��စာပေဝေမျှသူ��
��Pan Ka Byar��
#Photo_Crd