သျှမ်းနီအမျိုးတွေ ခွဲခြားသိတတ်ကြပါစေ
Credit:photo
ဟုမ္မလင်းမြို့နယ်၊ ဟဲဖက်အုပ်စု တံတားဖွင့်ပွဲ ပြင်ဆင်ထားတာ တံတားကို ရှမ်းပြည်နယ်အလံခြယ်သ ထားတာ မြင်တော့ စိတ်မကောင်းဘူး။ သျှမ်းနီတိုင်းရင်းသားတွေ စုပေါင်းတည်ဆောက်ထားတဲ့ ကြိုးတံတားကို ရှမ်းကြီးအမျိုးသားအလံ ခြယ်သထားတာတွေ့တော့ စိတ်မကောင်းဘူး။ မပြောဘဲမနေနိုင်တော့လည်း မေးလိုက်တယ် ဘာလူမျိုးလည်းလို့ သျှမ်းနီလူမျိုးတွေပါတဲ့။ နားလည်သဘောပေါက်အောင် ရှင်းပြပေးလိုက်တယ်။ တံတားမဖွင့်ခင် သျှမ်းနီအမျိုးသားအလံပြန်လည်ခြယ်သဖို့ လက်ခံသွားတယ်။ အမျိုးသား လက္ခဏာတွေ ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့တာဆိုတော့လည်း ဘယ်သူကိုမှ အပြစ်မမြင်ပါဘူး။
နားလည်သဘောပေါက်လက်ခံသွားတဲ့ လူထုကိုလည်း ကျေးဇူးပါလို့၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကို ပြန်လည်ဖော်ထုတ်နိုင်ပါစေ။
Than Tun Oo