
လောကကြီးသည် အံ့သြဖွယ်ရာများ အပြည့်ဖြင့်ဖြစ်ပါသည်။ ဇီဝ သည်လည်း ဆန်းကြယ်၏။ ရေ၌ ကျက်စားနိုင်သော ငါးသတ္တဝါ ကို မည်သို့ဖန်ဆင်း တည်ဆောက်ထားပါသနည်း။ သတ္တသည် လည်း ဆန်းကျယ်ပါ၏။ အုန်းသီး အတွင်း မှ အုန်းရေ များ သည် မည်မျှ ဆန်းကျယ်မှု ရှိလေသနည်း။ ရုက္ခဗေဒ သည်လည်း ဆန်းကျယ်ပါ၏။
သဘာဝ သည်သာ ဆန်းကျယ်သည် မဟုတ်ပါပဲ လူသားတို့ တီထွင်မှု များသည်လည်း ဆန်းကြယ်လှပေသည်။ကမ္ဘာကြီး ၏ မြောက်ဖက်စွန်း တစ်နေရာမှ အဖြစ်အပျက်များကို တောင်ဖက်စွန်းမှ လူများက သိရှိနိုင်ကြသည်။မိမိသိလိုသော အကြောင်း အရာများကို တစ်ထိုင်တည်း ရှာဖွေ နိုင်ကြသည်။မိုင်ပေါင်းများစွာသော အကွာအဝေးမှ လူများ ပိုမို နီးစပ်လာကြပြီး ကွာဝေးလှစွာသော လကမ္ဘာ သို့ပင် ခြေချ နိုင်ကြပါ၏။
အရာအားလုံးသည် အဆုံးအစ မရှိပေ။ ဝေးသည် နီးသည်မှာ နှိုင်းယဉ်မှု သဘောတရားသာ ဖြစ်ပါ၏။ အဆုံအစ မရှိသလို အနှစ်သာရလည်း မရှိပေ။ဖြစ်တည်မှု အားလုံးသည် အကျိုးတရားဖြစ်ပြီး အကြောင်းတရားက သူကိုမွေးဖွားပေးလိုက်ပါ၏။

Hive account@ngwezinyaw
ဆန်းကြယ်မှု