ဒီလောကမှာ အသက်အရွယ်မရွေး၊ ဂုဏ်အဆင့်အတန်းမရွေး တရားမျှတစွာ ဆက်ဆံတတ်သူမှာ အချိန်ပင်ဖြစ်သည်။ အချိန်သည် မိမိကို တန်ဖိုးမထားဘဲ အကျိုးမဲ့ ဖြုန်းတီးနေသူတို့အား မိမိနှင့်အတူ လက်တွဲမခေါ်ပါ။ မိမိနှင့်ဝေးကွာသောနေရာတွင် ထားခဲ့မြဖြစ်သည်။ အချိန်ကို တန်ဖိုးမထားသူကို အချိန်ကလဲတန်ဖိုးမထားပ ခေတ်၏နောက်တွင် မှေးမှိန်ကျန်ရစ်စေပါသည်။အချိန်ကို တန်ဖိုးထားသူအား အချိန်ကလဲ ပြန်၍လေးစားပါသည်။ တန်ဖိုးထားပါသည်။ အချိန်နှင့်အညီ ကြိုးစားအားထုတ်နေသူသည် အချိန်၏ အကျိုးတရား၊ ဝီရိယ၏အကျိုးတရားတို့ကို ခံစားကြရပါသည်။
အချိန်နှင့် ဒီရေသာ် လူကိုမစောင့် ဟူသောစကားရှိပါသည်။ ကိုလိုနီခေတ်၏ စာရေးဆရာကြီး ပီမိုးနှင်းက ဆုံးရှုံးသွားသော အချိန်တစ်မိန်းကိုအချိန်သမုဒ္ဒရာကြီးနှင့် အစားမထိုးနိုင် ဟုဆိုခဲ့ပါသည်။ အချိန်သည် အကျိုးမဲ့အချိန်ကိုဖြုန်းတီးသူတို့အား ရပ်တန့်၍ စောင့်မခေါ်ပါ။ ပျင်းရိခြင်းနွံထဲ၌နစ်ကျန်ရစ်စေပါသည်။
အချိန်ဖြုန်းတတအသူသည် အပျော်လွန်တတ်သူ၊ ပျင်းရိတတ်သူများဖြစ်၍ ဘဝတွင်းနက်ကြီးများမှ တက်ရန်ခက်ခဲပါသည်။ အချို့လူမျယးသည်အလုပ်ချိန်မှာပင် လက်ဖက်ရည်ဆိုင်တွက်ထိုင်၍ စကားဝိုင်းဖွဲ့ကာ အချိန်ဖြုန်းတတ်ုကပါသည်။ သူတစ်ပါးအား အကျိုးမဲ့ အချိန်ကုန်လွန်စေသည့်အပြင် မိမိ၌လဲအချိန်ကို အကျိုးမဲ့ ကုန်ဆုံးစေတတ်သည့်အကျင့် စွဲလာစေပါသည်။ ကိုလိုနီခေတ်က မြန်မာတို့ အနေနှင့် အကျိုးမဲ့အချိန်များကို ဖြုန်းပစ်ကြသည်ကို တွေ့မြင်နေရသော ဆရာကြီးပီမိုးနှင်းက အားမလိုအားမရဖြစ်ခဲ့ငည့်အတွက် မြန်မာနိုင်ငံ၌ အချိန်သူဋ္ဌေးများပေါများသည့်အတွက် ရွှေသူဋ္ဌေး၊ ငွေသူဋ္ဌေးများ ရှားပါးရခြင်းဖြစ်သည် ဟု ဆိမိန့်ခဲ့ပါသည်။
(SMT 35)