ဂျပန်နိုင်ငံကတော့ ရိုးရာယဉ်ကျေးမှုတွေနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေရာတွေ ပြည့်နှက်နေပါတယ်။
ဂျပန်နိုင်ငံဟာ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ ကျွန်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ယုန်ကျွန်းအကြောင်းကို ပြောပြချင်ပါတယ်။
အဲဒီသေးငယ်လှတဲ့ ယုန်ကျွန်းမှာဆိုရင် အမှောင်ကျနေတဲ့ သမိုင်းကြောင်းလေးတွေလည်း ရှိပါသေးတယ်။ ယုန်ကျွန်းလို့ ဆိုတဲ့အတိုင်းပဲ အဲဒီကျွန်းမှာယုန်လေးတွေ အများကြီးရှိနေပြီး ယုန်တွေကို ကောင်းစွာကျွေးမွေး စောင့်ရှောက်ထားပြီး သူတို့ကိုသားကောင်လိုက်ခွင့်မရှိပါဘူး။ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေက အဲဒီကျွန်းမှာ ယုန်လေးတွေနဲ့အတူ ဓာတ်ပုံရိုက်တာ ၊ ဆော့ကစားတာ ပြုလုပ်လို့ရပါတယ်။

ယုန်ကျွန်းလေးကတော့ စီတိုကုန်းတွင်းပင်လယ်လို့ခေါ်တဲ့ အူနိုးရှီးမားလို့ခေါ်ပြီး ဟီရိုးရှီးမားစီရင်စုဖြစ်တဲ့ ဂျပန်မြို့တော် တာကီဟာရာ ကမ်းရိုးတန်းနဲ့နှစ်မိုင်ကျော် အကွာမှာတည်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဧကရာဇ်စစ်တပ်ဟာဆိုရင် အဆိပ်ဓာတ်ငွေ့တန်ချိန်ပေါင်း ထောင်ပေါင်းများစွာ ထုတ်လုပ်တဲ့ လျှို့ဝှက်စက်ရုံတွေရှိခဲ့တာကြောင့် ဒီကျွန်းဟာ ဂျပန်ပိုင်နက်မြေပုံကနေ ဖယ်ရှားခံခဲ့ရပါတယ်။
အဲဒီကျွန်းကထွက်ရှိခဲ့တဲ့ ဓာတုအဆိပ်ဓာတ်ငွေ့တွေကို တရုတ်နဲ့စစ်ဖြစ်စဉ်တုန်းကအသုံးပြုခဲ့တာ ဖြစ်ပြီး ၁၉၃၀ ခုနှစ်နဲ့ ၁၉၄၀ ခုနှစ်တောအတွင်းမှာ တရုတ်စစ်သားတွေနဲ့ အရပ်သားတွေ လူပေါင်းရှစ်သောင်းကျော် သေဆုံးခဲ့ကြပါတယ်။
၁၉၂၉ ခုနှစ်မှာစစ်သားတွေဟာ ဓာတုလက်နက်တွေထုတ်လုပ်ဖို့ စတင်ခဲ့ကြပြီး ဒီလက်နက်တွေက ထိရောက်မှုရှိမရှိ စမ်းသပ်ဖို့အတွက် ယုန်လေးတွေကိုအသုံးပြုဖို့ ကျွန်းကိုခေါ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ယုန်ကျွန်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေဟာ ယုန်လေးတွေကို အစာကျွေးရင်းနဲ့ နောက်ပိုင်းမှာတော့ ယုန်လေးတွေရဲ့ မျိုးပွားမှုကိုများပြားလာပြီး မထိန်းချုပ်နိုင်တော့တာကြောင့် ကျွန်းရဲ့ဂေဟစနစ်ကို ထိခိုက်လာနိုင်ပါတယ်။
ကျွန်းပေါ်က အသီးအနှံနဲ့အပင်တွေဟာလည်း ယုန်လေးတွေစားဖို့ မလုံလောက်ပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက်လည်း စောင့်ရှောက်မှုတွေလိုအပ်နေပါတယ်။ အားလပ်ရက်တွေမှာ ခရီးသွားဧည့်သည်တွေက လာရောက်လည်ပတ်ပြီး အစာကျွေးကြပေမယ့်လည်း မိုးရာသီလို အချိန်အခါမှာတော့ ယုန်လေးတွေဟာ အစာစားရဖို့ ခက်ခဲနေတုန်းပါ။
ကျွန်းပေါ်ကယုန်လေးတွေက ဧည့်သည်တွေလာပြီဆို အနားကပ်ပြီးခင်မင်တတ်ကြသလို အစာကျွေးတဲ့အခါလည်း သူတို့က အားရပါးရစားကြပါတယ်။ ဒီကျွန်းလေးတည်ရှိနေသ၍တော့ ယုန်လေးတွေလည်း ရှိနေကြဦးမှာ ဖြစ်ပါတယ်။
(SMT 35)