အောင်မြင်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်နေရာဌာနမှာ အောင်မြင်ချင်တာလဲဆိုတာ ရေရေရာရာ သိဖို့တောင် ခက်ခဲပါတယ်။ တစ်ချို့ကတော့ ငယ်ငယ် ကလေးဘဝ ကတည်းက ရည်ရွယ်ချက် ရှိရှိနဲ့ ကြီးလာရင် ဘာဖြစ်ချင်တယ် ဆိုတဲ့ ပန်းတိုင်က ရှိပြီးသားပဲ။ ဒါဆို ပန်းတိုင်ရယ်လို့ မရှိတဲ့သူကရော မအောင်မြင်ချင်ဘူးလားလို့ သူ့ကိုမေးရင် အံမယ် ငါလည်း အောင်မြင်ချင် တာပေါ့လို့ ပြောမှာပေါ့နော် ဒီနေရာမှာ ဘာဖြစ်ရင် အောင်မြင်တယ်ဆိုတယ်ဆိုတဲ့ အရာပြီးမြောက်မှုတွေ မြောက်များစွာ ရှိတဲ့အထဲက က လေးဘဝ အနီးစပ်ဆုံးကတော့ စာမေးပွဲတိုင်း အောင်ချင်တယ်။ ဟုတ်တယ်လေ။ စာမေးပွဲ မအောင်ဘူး။ ကျ တယ်။ ဆိုတဲ့ စကားကို စာမကျက်သူကလည်း မပြောချင်ဘူး။ လက်မလေးတစ်ထောင်ထောင်နဲ့ ငါအောင်တယ် ဆိုတဲ့ လေသံမျိုးနဲ့ ပြောချင်ကြတာပေါ့။ ဒီနေရာမှာ အောင်မြင်ခြင်း ဆိုတာကို နည်းနည်းလောက် ခွဲခြမ်းကြည့်ရအောင်.... အောင်မြင်ခြင်းကို အကြီးကြီး လိုချင်တယ်ဆိုရင် မရခင် အောင်မြင်မှု သေးသေးလေးတွေကိုတော့ ရယူဖြစ်သန်း ရမယ်ဆိုရင် အားလုံးလက် ခံမယ် ထင်ပါတယ်နော် ဆိုလိုရင်းကတော့ ပန်းတိုင်ကိုချမှတ်ထားပါ။ ကိုယ့်ရဲ့အောင်မြင်ခြင်းပန်တိုင်း သေသေချာချာ ချမှတ်ထားပြီး ရင် ကိုယ်လုပ်သမျှအရာ တွေဟာ ကိုယ့်အောင်မြင်ခြင်း လမ်းကြောင်းပေါ်က သွေဖည် မသွားတော့ဘဲ လျှောက် နေမိလိမ့်မယ်တဲ့ တနည်းအားဖြင့် ကိုယ့်အောင်မြင်ခြင်းပန်းတိုင်က သူ့ဆီ ကိုယ့်ကို ဆွဲခေါ်နေတဲ့သဘောပေါ့။ ဒါပေမယ့် ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရတတ်တဲ့ လူ့လောကမှာ ကံဇာတ်ဆရာက မာယာများစွာနဲ့ ကိုယ့်ကို တခြား လမ်းကြောင်းဆီ လှည့်စားသွားတတ်တယ်။ ဒါပေမယ့် သင်အလိုက်သင့် မျှောခဲ့မိရင်တောင် ကိုယ်ဖြစ်ချင်ရာ အောင်မြင်ခြင်းအရာကို ပြန်ပြန်ဆွဲတည့်ကြည့် လိုက်ပါ။ တကယ်နီးစပ်တယ်။ ကိုယ်ချမှတ်ထားတဲ့ အောင်မြင်ခြင်းကို ရရှိဖို့ရာ ဒီနည်းလမ်း မရရင် နောက်နည်း လမ်းသုံးပါ။ ပန်တိုင်ကြီးကြီးကို ရရှိအောင်မြင်ဖို့ရာ ပန်တိုင်သေးသေးလေးတွေကို မလွဲမသွေဖြစ်သန်းရင်း ကိုယ့်ရဲ့အောင် မြင်ခြင်း ပန်းခြံဆီ မရောက်မီ လမ်းနံဘေးက သစ်ပင်ရိပ်မှာတော့ အိမ်မပျော်မိစေဘဲ သတိထားဆက်လျှောက်ပါ။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့အောင်မြင်ခြင်း ပန်တိုင်နဲ့ အလှမ်းဝေးနေတဲ့ အချိန်တွေမျိုးမှာဆိုရင် ဘယ်လိုလုပ် မယ်ဆိုတဲ့ ဒုတိယအစီအမံဆိုတဲ့ အထက်က ပြောခဲ့တဲ့ နည်းလမ်းတစ်မျိုးကိုလည်း မလွဲမသွေ ချမှတ်ထားပါ။ အောင်မြင်ခြင်းကို ပြောနေတော့ ဘာဖြစ်ရင် အောင်မြင်တယ်ဆိုတာမှာ ပတ်ဝန်းကျင်က သတ်မှတ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေ ပိုင်ဆိုင်မှု၊ ငွေကြေးချမ်းသာမှု၊ နာမည်ကျော်ကြားမှုတွေအပြင် ကိုယ့်အတွင်းစိတ်ကိုယ်၌က ချမှတ် ထားတဲ့ စိတ်ချမ်းသာနိုင်တယ်ဆိုတဲ့ အရာကို ရရှိခြင်း ကလည်း အောင်မြင်မှု လို့ ဆိုရပါမယ်။ ဒီလိုဆိုလို့ ငွေကြေးမရှာရဘူးလို့ ဆိုတာ မဟုတ်ဘူးနော် ကိုယ်ငယ်ငယ်က ဆင်းရဲခဲ့တာ ချမ်းသာခဲ့တာက ကိုယ့် မိဖတွေနဲ့ပဲဆိုင်တယ်..ကိုယ့်မိသားစု ချမ်းသာကြီးပွားဖို့ရာကတော့ ကိုယ့်ကြိုးစားရုန်းကန်မှုနဲ့ဆိုင်တယ်။ တခြား မရေရာတဲ့ အကြောင်းပြချက်တွေပေးပြီး ကိုယ်မကြိုးစားလို့ မအောင်မြင်သေးတာကိုတော့ ရိုးမယ်မဖွဲ့မိစေနဲ့နော် တစ်ချို့တော့လည်း သာသာဟန်ကျ ဒီအမိ၊ဒီအဖ ဓနအင်အားမှီထားလို့ရယ်..အောင်မြင်ခြင်းဒီလမ်းကြမ်းသည် ဆိုသော်လည်း ရွှေခဲငွေခဲခင်းကာကြဲလို့ အောင်မြင်ခြင်းသို့ ဦးစွာရောက်ကြတယ်..ကိုယ့်မှာတော့ ဒီသို့သာလည်း မဟုတ်ရပါတယ်..ဓနအင်အား နောက်ခံထားရာ မရှိတာတော့ ကြမ်းလှပါသည် ဒီခရီးလမ်း ချွေးစက်စက် ချောင်း လျှံထွက်သည့် ပမာသို့နှယ်...ဘယ်သို့အန္တရာယ် ရှိသော်လည်း အားနဲ့မာန်ကို အတူတွဲလျက် ကြမ်း သောလမ်းမှ ကိုယ်လျှောက်ခဲ့ပါတယ်။
အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်မှာ အဆန်းတကြယ် မဟုတ်ပါ လူတိုင်းလိုလိုသိပြီး ဖြစ်သည် လိုက်နာကျင့်သုံး ဆောင်ရွက်ရန်သာလို၏ အောင်မြင်လိုသူတိုင်း၌ ပြင်းပြသောစိတ်ဆန္ဒ ရှိရမည်။ ကိုယ် ဘာလိုချင်သလဲဆိုတာ အသေအချာ စဉ်းစားဆုံးဖြတ် သတ်မှတ်ထားပြီးသော ရည်မှန်းချက်ပန်းတိုင် ရှိရမည်။ ထိုပန်းတိုင်သို့သွားရန် ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရမည်။ အချိန်ကို စနစ်တကျအသုံးချတတ်ရမည်။ သင်ဆရာ၊ မြင်ဆ၇ာ၊ ကြားဆရာ စသည့် ဆရာကောင်းသမားကောင်း ရှိရမည်။ ကိုယ့်ကို အထောက်အကူပြုနိုင်သော မိတ်ဆွေကောင်း ရှိရမည်။ ကိုယ့်ဝါသနာရည်မှန်းချက်ကို အထောက်အကူပြုနိုင်သောအလုပ်ကို စဉ်ဆက်မပြတ် လုပ်ရမည်။ ဘ၀အားမာန်ဖြစ်စေသော စာအုပ်များကို ဖတ်ရမည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရှိရမည်။ အခက်အခဲအကျပ်အတည်းနှင့် ရှုံးနိမ့်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရမည်။ ကိုယ့်ယောက်ျားကို နှစ်သက်အားကျတဲ့မိန်းကလေးတွေ ပိုများလာအောင် ဖေးမပျိုးထောင် အားပေးနိုင်တာဟာလည်း မိန်းမတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီး ကိုယ့်မိန်းမကို ချီးမွမ်းဂုဏ်ယူတဲ့လူတွေ ပိုများလာအောင်
ယုယစောင့်ရှောက်နိုင်တာဟာလည်း
ယောက်ျားတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားတတ်ရတဲ့ စကားတွေလိုပေါ့။ ယောက်ျားရေ ကံကောင်းတယ်တော် မိန်းမရေ ကံကောင်းတယ်နော် ဆိုတာရှိသလို မိန်းမရမှ အရက်သမားလုံးလုံးဖြစ်သွားတာ ယောက်ျားရမှ အပူသည်လင်လုပ်နေသလိုပဲ လူရုပ်တောင်မပေါ်တော့ဘူး ဆိုတာတွေလည်း ရှိတာပေါ့။ "အချစ်"က လူတစ်ယောက်ကို ပိုထူးကဲတောက်ပစေပါတယ် ပိုအကျည်းတန်သွားစေတာ မဟုတ်ပါဘူး။ အချင်းချင်းချစ်ကြသူတွေ အားပေးဖေးမတတ်ကြပါစေ၊ ကြင်နာယုယစောင့်ရှောက်တတ်ပါစေ၊ ခွင့်လွှတ်သည်းခံနားလည်မှုတွေရှိပါစေလို့ ဆံဖြူသွားကျိုးဆိုတာ တကယ်တော့ "အချစ်"နဲ့သိပ်မဆိုင်လှဘူး။
"စိတ်ရှည်သည်းခံ"နဲ့ ပိုသက်ဆိုင်လိမ့်မယ်။ တကယ်တော့ သည်းခံတာကလည်း အချစ်တစ်မျိုးပါပဲ။ ဒါကြောင့် သင့်ကိုတကယ်ချစ်တဲ့လူက သင့်အပေါ် အမြဲသည်းခံစိတ်ရှိတဲ့လူပဲဖြစ်တယ်။ အကြောက်တရားဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါပေမယ့် ဒီကြောက်တဲ့စိတ်ကို ရင်မဆိုင်ဘဲ ရှောင်ပုန်းနေမယ်ဆိုရင် အကြောက်တရားတွေက ကိုယ့်ကို ခြောက်လှန့်နေပါလိမ့်မယ်။ အောင်မြင်မှုကိုသွားတဲ့ လမ်းမတွေပေါ်မှာလည်း အောင်မြင်သူတိုင်း ရင်ဆိုင်ခဲ့ရတဲ့ အကြောက်တရားတွေ ရှိပါတယ်။ ဒီအကြောက်တရားတွေကို မကျော်လွှားခဲ့ဘဲ အောင်မြင်မှုလမ်းမပေါ်ကို သက်တောင့်သက်သာ လျှောက်လှမ်းလို့မရနိုင်ပါဘူး။
အောင်မြင်ချင်တဲ့သူဟာ ဝေဖန်ခံရမှာကို ကြောက်လို့မဖြစ်ပါဘူး။ အောင်မြင်ဖို့ ကြိုးစားနေပြီဆိုကတည်းက လူတိုင်းရဲ့ သဘောတူထောက်ခံမှုရဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ အောင်မြင်ဖို့ဆိုရင် ကိုယ့်ယုံကြည်ချက်ကို ကိုယ်မြဲမြဲဆုပ်ကိုင်ထားရပါတော့မယ်။ ဒီယုံကြည်ချက်ဟာ လူတိုင်းနဲ့လဲ သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ ဒီတော့ ဝေဖန်ခြင်းကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့လမ်းဟာ ကိုယ့်မိဘ၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကိုခံရနိုင်လို့ မလျှောက်လှမ်းဖူးဆိုရင်တော့ သင်လိုချင်တဲ့ပန်းတိုင်ရဲ့ အောင်မြင်မှုဟာ သင်နဲ့ဝေးနေဦးမှာပဲဖြစ်ပါတယ်။ အောင်မြင်ချင်တဲ့သူတိုင်းဟာ ထိုက်သင့်တဲ့ ငွေကြေးရပိုင်ခွင့်တွေ၊ ချမ်းသာချင်စိတ်တွေရှိတာ သဘာဝကျပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကိုသွားနေတဲ့လမ်းမှာတော့ ဆင်းရဲမှုကိုကြောက်နေလို့ မရပါဘူး။ ဥပမာ ပြောရရင် တစ်လကို ပုံမှန်လစာလေးရနေတဲ့သူက အခြေအနေလေးပျက်သွားမှာစိုးလို့ ကိုယ်ပိုင်အလုပ်လုပ်တာတွေ၊ စွန့်စားတာတွေမလုပ်ဘဲ ဒီတိုင်း လခစားဝန်ထမ်းလုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် ဆင်းရဲမှာ မကြောက်သင့်ပါဘူး။ ဒါပေမယ့် ဆင်းရဲခြင်းမှာပဲ သာယာနေလို့လည်း မဖြစ်ပါဘူး။ လုပ်ရဲကိုင်ရဲ ရပါမယ်။ ဒါပေမယ့် မျက်လုံးမှိတ်ပြီး ကံစမ်းတာမျိုးမဟုတ်ဘဲ ကိုယ့်အစွမ်းအစကိုလည်း အားကိုးရပါမယ်။ အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ လက်ရှိရှိနေတဲ့ အသက်အရွယ်တွေကို မေ့ထားလိုက်ပါ။ အသက်ငယ်သေးလို့ သင်ယူစရာတွေရှိသေးတယ်၊ အောင်မြင်မှုနောက် မလိုက်သင့်ဘူးလို့လည်း မယူဆသင့်ပါဘူး။ အသက်ကြီးသွားလို့လည်း အချိန်မရှိတော့ဘူး၊ ဒီအတိုင်းလေးပဲ ဘဝကို ဖြတ်သန်းလိုက်ရမယ်ဆိုတာမျိုးလည်း မတွေးသင့်ပါဘူး။ ဇူကာဘတ်လိုမျိုး အသက်ငယ်ငယ်နဲ့ အောင်မြင်မှုနောက်ကိုလိုက်ပြီး အောင်မြင်နိုင်သလို ဂျက်မားလိုလည်း အသက်အရွယ်ရမှ အောင်မြင်မှုလမ်းကို စလျှောက်လည်း အချိန်မှီပါသေးတယ်။ အသက်တွေကိုမေ့ပြီး လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်ပါ။ လူတွေက အရှုံးကို အရမ်းကြောက်ပါတယ်။ အရှုံးဆိုတာကို အဆုံးသတ်လှို့ ထင်ကြပါတယ်။ တကယ်တော့ ဆုံးရှုံးခြင်းဆိုတာ အဆုံးသတ်တစ်ခုမဟုတ်ပါဘူး။ အမြဲတမ်း ပြင်ဆင်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။ နောက်ပြီး အောင်မြင်ခြင်းလမ်းမပေါ်မှာ မကြာခဏဆိုသလို တရင်းတနှီးတွေ့ရမှာလည်း အရှုံးဒဏ်တွေဆိုတာ မေ့မထားသင့်ပါဘူး။ အများနဲ့မတူဘဲ တစ်ခုခုထူးခြားနေရင် ပုံမှန်မဟုတ်တဲ့သူ၊ ရူးကြောင်ကြောင်လူလို့ ထင်ခံရတာမျိုးတွေ ရှိပါတယ်။ ဒီလိုထင်ခံရမှာ ကြောက်ပြီးတော့ပဲ အတော်များများဟာ ကိုယ့်ရဲ့ပုံစံအတိုင်း မနေတော့ဘဲ အများနဲ့ သဟဇာတဖြစ်အောင် နေလိုက်ပါတော့တယ်။ အဲဒီ့မှာတင် အများထဲက အများတစ်ယောက်ဖြစ်ပြီး သာမန်လူတစ်ယောက်သာ ဖြစ်သွားပါတော့တယ်။ လူတိုင်းလုပ်တဲ့အလုပ်တွေပဲ လုပ်ပြီး၊ လူတိုင်း တွေးတဲ့အတွေးတွေနဲ့သာ ကျေနပ်လိုက်ပါတော့တယ်။ ဒီအကြောက်တရားကို ရင်ဆိုင်ပါ။ အရူးလို့ အထင်ခံရလည်း ကိုယ့်ပုံစံ၊ ကိုယ့်အတွေးနဲ့သာနေပါ။ ဒါဟာ သင့်ပုံစံနဲ့သင် အောင်မြင်ဖို့ အခွင့်အလမ်းပါပဲ။ လူတွေရဲ့ အကြောက်ဆုံးအရာတစ်ခုက တခြားသူတွေရဲ့အကြည့်တွေပါပဲ။ အကြည့်ဒဏ်တွေအောက်မှာ ငါဘာများမှားသွားလေမလဲ ဆိုတဲ့ အတွေးဟာ ကိုယ့်ကိုယ်ကို တကယ်ဖိစီးစေပါတယ်။ လူတွေရဲ့ ထင်မြင်ယူဆချက်ကို ဂရုတော့စိုက်ပါ။ ဒါပေမယ့် လိုက်ပြီး ခံစားမနေပါနဲ့။ ကိုယ်မှားတယ်ထင်ရင် ပြန်ပြင်လိုက်ပါ။ ပြန်ပြင်ခွင့်ရှိပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဆက်လုပ်လိုက်ပါ။ သင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ သင့်ဘဝကိုပဲ သက်ရောက်စေမှာပါ။ လူတော်တော်များများကို အောင်မြင်ချင်လားလို့ မေးလိုက်ရင်တော့ အောင်မြင်ချင်ပါတယ်လို့ ဖြေကြမယ့်သူများပါတယ်။ ဒါပေမယ့် အောင်မြင်ရမှာကို ကြောက်တဲ့သူတွေ အတော်များပါတယ်။ အောင်မြင်ရမှာ ကြောက်တဲ့သူတွေဟာ ဘယ်လိုလူတွေလဲဆိုတော့ အပြောင်းအလဲကို မကြိုက်တဲ့သူတွေ၊ စိန်ခေါ်မှုကို မလိုလားတဲ့သူတွေ၊ လက်ရှိအနေအထားလေးမှာပဲ ရောင့်ရဲတင်းတိမ်နေတဲ့သူတွေ။ ဒီလိုလူတွေဟာ အောင်မြင်ရမှာကို ကြောက်ကြပါတယ်။ ဒီတော့ အခြေအနေတွေကို ပြောင်းလဲပစ်လိုက်ပါ။ ကိုယ်ဖြတ်သန်းနေရတဲ့ဘဝဟာ အောင်မြင်ဖို့ ထိုက်တန်ပါတယ်။