(Photo credit: google Images)
မှတ်မိနေသေးတယ် သမီးငယ်ငယ်တုန်းက မေမေရဲ့ အပေါ်မှာ ချေး သေး ယိုခဲ့တုန်းက မရွံမရှာနဲ့ ကိုင်တွယ်ပြီး သမီးအဝတ်တွေကို လျှော်ဖွတ်ပေးခဲ့တဲ့ မေမေ သမီးရဲ့လက်တွေ အရာဝတ္ထုကို ကိုင်ဆောင်နိုင်စွမ်း မရှိသေးတဲ့အချိန်တုန်းက အမေ့လက်တွေနဲ့ ထမင်းခွန့်ကြွေးခဲ့တဲ့ မေမေ ရှောက်နိုင်စွမ်း မရှိသေးတဲ့ သမီးရဲ့ ချေထောက်တွေကို လမ်းရှောက်တတ်အောင် ဖေးမှ ကူညီ လက်လေးတွဲပြီး သင်ပေးခဲ့တဲ့ မေမေ ဇလားခွက်ထဲ ရေပူ ရေအေး ရောစပ်ပြီး နွေးနွေးထွေးထွေးနဲ့တစ်ကိုယ်ရေ သန့်စင်ပေးခဲ့တဲ့ မေမေ ဘဝအတွက် ရှင်သန်နေထိုင်ဖို့ရေး သွန်သင် ဆုံးမစကားတွေပြောပြီး လှပတဲ့ ဘဝတစ်ခုကို ပေးနိုင်ခဲ့တဲ့ မေမေ မပီကလာ ပီကလာနဲ့ သိချင်တဲ့ အကြောင်းရာတွေကို မေးခဲ့သမျှ စိတ်ရှည်ရှည်နဲ့ မညီးမညူ နားထောင် ဖြေကြားပေးခဲ့တဲ့ မေမေ သမီးအပေါ် ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး ဆိုးဆိုးကောင်းကောင်း အရာအားလုံးကို ခွင့်လွတ်သည်းခံ ဆုံးမ သွန်သင် မေတ္တာဓာတ်တွေ လွှမ်းခြုံပေးခဲ့တဲ့ မေမေ
(Photo credit: google Images)
သမီးငယ်ငယ်တုန်းက သွန်သင်ဆုံးမ နည်းပေးလမ်းပြ တစ်သွပ်သွပ် မှာကြားပြီး ပြောပေးခဲ့တဲ့ မေမေ သမီးငယ်တုန်းက တစ်ထောင့်တစ်ညပုံပြင် ငါးရာ့ငါးဆယ် နိပါတ်တော်တွေပြောပြမှ အိပ်မယ်ဆိုပြီး အမေ့အပေါ် ကချီကကြောင်ကြခဲ့တဲ့သမီးကို မညီးမညူ ချော့သိပ်ပြောပြခဲ့တဲ့ မေမေ သမီးဆိုးသမျှ ဂျစ်ကန်ကန် လုပ်သမျှကို ခွင့်လွတ်သည်းခံပေးခဲ့တဲ့ မေမေ ဒုက္ခတွင်းထဲမှာ နစ်မြောနေခဲ့တဲ့ သမီးကို ပင်ပမ်း နွမ်းနွယ်မှုတွေနဲ့ ပြစ်မထားပဲ ကယ်တင်ပေးခဲ့တဲ့ မေမေ အသက်တွေကြီးလို့ နောက်ဖေးသွားရမှာ အခက်ခဲဖြစ်ပြီး အဝတ်တွေပေါ် ချေး သေး ယိုခဲ့ရင် သမီးဖွတ်လျှော်ပေးမှာပေါ့ အမေ အသက်တွေကြီးလို့ ဖလားကိုင်ပြီး ရေလောင်းရမှာ အခက်ခဲဖြစ်နေလား အမေ သမီးချိုးပေးမှာပေါ့ အသက်တွေကြီးလို့ ကလေးလိုမြင်နေသေးတဲ့ သမီးကို သွန်သင် ဆုံးမ ပညာ စီးပွားရှာတဲ့နေရာမှာ ဒုက္ခမရောက်အောင် တစ်သွပ်သွပ်ပြောနေတဲ့ အမေ့နှုတ်ဖျားက အသံတွေကို သမီးနားညီးတယ်လို့ မပြောရဲဘူး မေမေ
(Photo credit: google Images)
သမီးအမေပြောသမျှကို နားထောင်ပြီး
လိုက်နာနေလျက်ပါ မေမေ အသက်တွေကြီးလို့ လမ်းရှောက်နိုင်ဖို့ ဖေးမှကူညီမှု လိုနေသလား မေမေ သမီးတွဲ ကူရှောက်ပေးမှာပေါ့ အသက်တွေကြီးလို့ တုန်ယင်နေတဲ့ လက်တွေ ပန်ကန်ပြားကိုင်ဖို့ ခက်ခဲနေလား မေမေ
သမီး လက်နဲ့ ခွန့်ကြွေးပေးမှာပေါ့ အသက်တွေကြီးလို့ အထီးကျန်ဆန်ဆန်နဲ့ စကားတွေအများကြီး ပြောချင်နေတာလား မေမေ သမီး မေမေပြောသမျှကို နားထောင်ပေးမှာပေါ့ အသက်ကြီးလို့ ဘုရားကျောင်းကန် သွားရမှာ မေမေရဲ့ ချေထောက်တွေ ယိုင်တိုင်တိုင်ဖြစ်နေရင် သမီးကူတွဲပြီး ပို့ပေးမှာပေါ့ အသက်ကြီးလို့ ကိုယ်တိုင် မလှုပ်ရှားနိုင်တဲ့အခါ
မကျန်းမာ နေမကောင်းဖြစ်နေလား မေမေ
သမီးမေမေဘေးမှာ နေပြီး ပြုစုစောင့်ရှောက်ပေးမှာပေါ့ အသက်တွေကြီးလို့ အမေမသိတဲ့ သမီးတို့လက်ထက် အိုင်တီ ခေတ်မှာ အမေမသိလို့ မေးတဲ့ ခေတ်သစ်နည်းပညာတွေကို
သမီးစိတ်ရှည်ရှည်နဲ့ ရှင်းပြပေးမှာပေါ့ အမေ
(Photo credit: google Images)
အသက်ကြီးလို့ လုပ်ရကိုင်ရမယ့် အခက်အခဲမှန်သမျှကို သမီးကူညီ ဖြေရှင်းစောင့်ရှောက်ပါရစေ အမေရယ် သမီးအမေ့အပေါ် ကျေးဇူးဆပ်ချင်ခဲ့တာတွေ ကျေးဇူးဆပ်ခဲ့တာတွေက အမေသမီးအပေါ် ပေးဆပ်မှုပေါင်းများစွာနဲ့ ကြင်ကြင်နာနာ ယုယုယယ ပိုက်ထွေးယုယပြီး ချစ်ပြခဲ့တာနဲ့စာရင် ဘာမှမပြောပလောက်သေးပါဘူး မေမေ မလွန်ဆန်နိုင်တဲ့ လောကအလယ်မှာ အကြောင်းအမျိုးမျိုးနဲ့ ခွဲခွာရခြင်းတွေကို မလိုချင်ပေမယ့် လောကဓမ္မတာ လောကရဲ့နိယာမ ရှောင်လွဲလို့မရတဲ့ သဘောတရားတွေကို သမီးလွန်ဆန်လို့ရရင် လွန်ဆန်လိုက်ချင်တယ် မေမေ.... သားသမီးများအားလုံးရဲ့ မေမေများအားလုံး ကျန်းမာပျော်ရွင်ကြပါစေ။
(Photo credit: google Images)