ဘဝဆိုတာ
အရာရာစိတ်တိုင်းမကျလို့  စိတ်မပျက်ပါနဲ့
ဒုက္ခဆိုတာရှိလို့ သုခအမှန်ရှာရင်းနဲ့
သစ္စာကို ရှာတွေ့သွားကြတာပဲ မဟုတ်လား...
လောကနိယာမတွေက
ရိုးရိုးလေးတွေးရင် ရှင်းရှင်းလေးပေါ်လာတယ်....
ဆုံလာကြသမျှ တနေ့ခွဲရမယ်...
ဖြစ်လာတာမှန်သမျှ တနေ့ပျက်ရမယ်..
အနှေးနဲ့ အမြန်ပဲ...
ဆွဲထားလို့ ရရင်တောင် ခဏပါပဲ....
ဘာကိုမှ တရားသေစွဲမထားတဲ့သူဟာ
လွတ်လပ်တယ်....
ဘာကိုမှဆုပ်ကိုင် မထားတဲ့သူဟာ
ပေါ့ပါးတယ်...
အလိုက်သင့်လေးနေတတ်တဲ့ သူဟာ
ငြိမ်းချမ်းပါလိမ့်မယ်....
ဘာပဲဖြစ်ဖြစ်ပါ...
လက်ရှိတွေးနေတဲ့ အတွေးကိုကောင်းအောင်တွေး
လက်ရှိလုပ်နေတဲ့အလုပ်ကို အကောင်းဆုံးလုပ်
လက်ရှိတွေ့နေတဲ့သူကို အကောင်းဆုံးဆက်ဆံ
လက်ရှိအချိန်လေးကိုပဲ အကောင်းဆုံး
တတ်နိုင်သလောက် ဂရုစိုက်နေရင်
ရပါပြီ....
ဒါ ကိုယ့်အနာဂါတ်အတွက် အကောင်းဆုံး
အရင်းအနှီး ဖြစ်လာပါလိမ့်မယ်....
သာယာငြိမ်းချမ်းပြီး လွတ်လပ်သောဘဝများပိုင်ဆိုင်ကြပါစေ။