ကျွန်တော်တာရာမင်းဝေ ကဗျာများဖတ်နေသည်။အဲ့ဒီထဲက တစ်ပုဒ် တင်လိုက်ပါတယ်။
ကိုယ်ရေးမှတ်တမ်း
ဓားရှည်တစ်လက်နဲ့ အတူ
ဗျပ်စောင်းတစ်လက်ကိုပါ လွယ်ခဲ့မိတာ
ငါ မှားသွားတယ်…
မီးတုတ်တွေနဲ့ ဝိုင်းရင်
ကြောက်မှာမဟုတ်လို့
(ငါ့ကို သူတို့ .)
မှင်နီလေးနဲ့ပဲ ဝိုင်းလိုက်ကြတယ်..
ငါဟာ
ဘုရား တစ်ပိုင်း
မာရ်နတ်တစ်ပိုင်း သတ္တဝါတဲ့…
ရပါတယ်လေ…
အဲဒီ ကောင်းကင်
အဲဒီ တောင်ကုန်း
ရဲရဲနီနေတဲ့ နေလုံးကို စောင့်ကြည့်ရင်းနဲ့ပဲ…
သေပေးလိုက်ပါတယ်…။
တာရာမင်းဝေ
I❤Steemit