တာ့ဂ်ျမဟာဂူသင်္ချိုင်း(အိန္ဒိယ)
ယုံတမ်းပုံပြင်တွေအရ Mughal ဘုရင် ရှားဟာဟန်းဟာ တာ့ဂ်ျမဟာကို တည်ဆောက်ပြီးစီချိန်မှာဗိသုကာ ပညာရှင်တွေရဲ့ လက်တွေကို ခုတ်ဖြတ်ပစ်ခဲ့တယ်လို့ဆိုပါတယ်။တာ့ဂ်ျမဟာလို ထည်ဝါလှတဲ့ နောက်ထပ်အဆောက်အအုံမျိုးမဆောက်နိုင်တော့အောင်ပါ။ဒီဖြစ်ရပ်ကို အတည်ပြုဖို့အထောက်အထားတော့မရှိပါဘူး။
တာ့ဂ်ျမဟာ ရဲ့ မျက်နှာစာတွေကိုမြေပြင်ပေါ်ကနေ ဒေါင်လိုက် တည့်မတ်နေအောင်တည်ဆောက်ထားပါတယ်။ဂူဗိမာန်ဘေးဘက်က ဗလီမျှော်စင်တွေကို အပြင်ဘက်ကို မသိမသာလေးစောင်းပေးထားပါတယ်။ငလျင်ဒဏ်ကြောင့်ပြိုကျလာရင် ဗိမာန်ကြီးရဲ့ အဖိုးတန် အမိုးကို ကာကွယ်ပြီးဖြစ်နေပါလိမ့်မယ်။
Creditပေးပါသည်။