ဝဝကစ်ကစ်မိန်းကလေးတွေစိတ်ဓာတ်မကျနဲ့တော့
Yangon Collections ရဲ့ Plus Size Model ဆန်ကာတင် ၁၅ ယောက်စာရင်းကို စတင်ကြေငြာလိုက်ပါပြီရှင် ဝင်ရောက်ယှဉ်ပြိုင်သူ အယောက် ၂၈၀ ကျော်ထဲက ရွေးချယ်ခြင်းခံရသူတွေပါ ဒီ ၁၅ယောက်ထဲမှ ၁ယောက်ကို ပြန်လည်စိစစ်ရွေးချယ်ပြီး နောက်အပတ် စနေနေ့မှာ ကြေငြာပေးသွားမှာပါ အားလုံးစိတ်ဝင်စားနေကြတဲ့ .. အကြောင်းအရာလေး တစ်ခုလည်းရှင်းပြချင်ပါတယ်ရှင်
အဲ့ဒါကတော့ ဒီ ၁၅ ယောက်ထဲက ၁ယောက်ကို ဘယ်လို စနစ်နဲ့ ရွေးချယ်မှာလဲဆိုတာပါပဲ အစကတော့ အွန်လိုင်း voting စနစ်နဲ့ ရွေးမလားပေါ့ အဲ့ဒိအခါ admin တို့အတွက် အဆင်မပြေတဲ့အချက်လေးတွေ ရှိလာပါတယ် သူတို့ ဘယ်မှာနေလဲ ရန်ကုန်ကလား နယ်ကလား single လား relationship လား couple ပုံရိုက်မယ်ဆိုရင်ရော အိမ်ကခွင့်ပြုရဲ့လား Yangon Collections က photo shooting လုပ်ချင်တဲ့အချိန်တွေရော လာနိုင်ရဲ့လား ဒါတွေထည့်စဉ်းစားရပါပြီ
Online voting ဆိုရင်တော့ Friends များတဲ့သူက နိုင်မှာ သေချာသလောက်ရှိနေပြီး Yangon Collections နဲ့ ရေရှည်လုပ်ကိုင်နိုင်တဲ့သူ ဟုတ်မဟုတ်ဆိုတာတော့ မရေရာပါဘူး
ဒါေ့ကြာင့် ဒီ ၁၅ ယောက်ထဲကနေ Winner တစ်ယောက်ကိုတော့ Yangon Collections ရဲ့ Admin တွေနဲ့ Model ကို ဓာတ်ပုံရိုက်ကူးပေးမယ့် Photographer တို့က ဖုန်းဆက်ပြီး Interview လုပ်သွားမှာပါ
ဆန်ကာတင်စာရင်းဝင်တဲ့ ညီမလေးတွေကလည်း နောက်ထပ် လတ်တလောရိုက်ကူးထားသော တစ်ပိုင်းပုံ ၁ပုံ တကိုယ်လုံးပုံ ၂ ပုံ ထပ်မံပေးပို့ဖို့ကိုလည်း ကြေငြာလိုက်ပါတယ်ရှင်။Thanks you very mush.