မျှော်လင့်ချက်တိုင်းဖြစ်လာရင် ဒုက္ခဆိုတာ ဘယ်မှာရှိလာမှာလည်း ဒုက္ခမရှိရင် ဘဝကလည်း မပြည့်စုံဘူး ဒုက္ခကြားမှာ ရုန်းကန်ရင်း ဘဝဆိုတာ ပိုရင့်သန်လာကြတာမလား ဘယ်သူမှ ဘဝကို လွယ်လွယ်ကူကူဖြတ်သန်းနေရတာ မဟုတ်ဘူး အနည်းအများ အကြီးအသေးသာ ကွာမယ် ဒုက္ခကတော့ရှိနေမှာပဲ ငါတစ်ယောက်ထဲ ဒုက္ခရောက်နေလားလို့  လောကကိုဒေါမထနဲ့ ဒုက္ခဆိုတာ အရည်အချင်းစစ်စာမေးပွဲလိုပဲ ကိုယ့်ဘက်ကသာဖြေဆိုနိုင်ဖို့ သာကြိုးစား
အောင်မြင်သွားရင် ရလာတဲ့စိတ်ခံစားမှု့က
အရမ်းကြည်နူးဖို့ ကောင်းတာပါ ဒုက္ခကိုမထိတ်လန့် နဲ့ မတုန်လှုပ်နဲ့ သူ့ ကိုကြောက်လေ သူကပိုခြောက်လန့် လေမို့  သတ္တိရှိရှိ ရင်ဆိုင်ဖို့  ပြင်ဆင်ထားစို့ သူငယ်ချင်း သူများတွေ အားငယ်နေတဲ့အခါ
ငါ အမြဲတန်း အားပေး နှစ်သိမ့်ပေးခဲ့ဖူးတယ်
ငါ ဝမ်းနည်းနေတဲ့ အချိန်ကျတော့ ငါ တစ်ယောက်တည်း အထီးကျန်နေရတယ်။ မွေးလာတော့လည်း တစ်ယောက်တည်းလာပီး အားငယ်တဲ့အချိန်မှာ အားပေးဖော်ကိုေ မျှာ်လင့်နေမိတာက ငါ မရင့်ကျက်သေးတာပါ။ သူများတွေကို ငါ ပေးဆပ်ခဲ့သလို
ငါ ပြန်လိုချင်နေတာက အပေးအယူ ဆန်ရာရောက်တယ် ငါ ပေးခဲ့တဲ့ မေတ္တာတရားကို ငါကိုယ်တိုင် အရောင်ဆိုးနေမိသလို ဖြစ်နေတယ်။ ငါ ဘယ်လောက် အားငယ်ငယ် အခြားသူ အကူအညီထက် ငါ့ ကိုယ်ငါ အားတင်းနိုင်အောင် ကြိုးစားမယ် အားငယ်မှူဆိုတာ ငါ ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်သလို ငါ ကိုယ်တိုင်ပဲ တွန်းလှန်မယ်။ ဘဝဆိုတာ အားငယ်နေရုံနဲ့ တိုးတက်လာမှာ မဟုတ်ဘူးလေ အသက်ရှင်သန်နေသမျှ ကာလပတ်လုံး မွေးကင်းစမှ လမ်းလျှောက်တတ်အောင် ငါကိုယ်တိုင် ရုန်းကန်ခဲ့ရသလို ငါ့ ဘဝတစ်ခုလုံး ကြံ့ခိုင်ဖို့ကိုလည်း ငါ ကိုယ်တိုင် ကြိုးစားရမယ်လေ။ အဖော် မပါလည်း ငါဆက်လျှောက်မယ် ငါ့ ဘဝမှာ အဖော်ဆိုတာ ငါကိုယ်တိုင်ပါပဲ ငါ လဲကျနေသမျှ ခြေတစ်လှမ်းက နောက်ကျနေမှာဖြစ်တယ် ငါ အမြန်ပြန်ထပီး အားငယ်မှူတွေ စိန်ခေါ်လိုက်မယ် ငါ ဘယ်တော့မှ အားငယ်နေမှာ မဟုတ်သလို အားငယ်မှူဆိုတာ ငါ့ ဘဝရဲ့ နတ်ဆိုးပါ။ နတ်ဆိုးကို တွန်းလှန်ရင်း ငါ့ လမ်းကို ငါ ဆက်လျှောက်မယ် အားငယ်မှူတွေကို ငါ မုန်းတယ် အားငယ်မှူတွေကို ဒီနေ့ ဒီအချိန်ကစပီး ငါ စိန်ခေါ်လိုက်ပီ။ ပုံပြင်ဆိုတာ လူတိုင်းကြိုက်နှစ်သက်တဲ့အရာမျိုးပဲ ဖြစ်ပါတယ်။အသက်ငယ်တုန်းက ပုံပြင်ပေါင်း များစွာ ကိုနားထောင်လာခဲ့ရပေမဲ့ ပုံပြင်တွေရဲ့ဆိုလိုရင်းကိုတော့ တိတိကျကျသိရှိနိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ပုံပြော ကောင်းသူပြောတဲ့ပုံပြင်တွေကိုတော့အလွယ်တကူပဲမှတ်မိနေမှာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ပုံပြင်လေး တွေကတော့ အသက်အရွယ်ရလာတဲ့အခါ ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်ပြီး အမှန်အမှားကိုခွဲခြား သုံးသပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
တစ်ခါက ပန်းခြံတစ်ခုအတွင်းမှာ လိပ်ကျောခွံတွေကို ခင်းပြီး တံတားငယ်တစ်ခုအဖြစ် တည်ဆောက်ထားပါတယ်။ အဲ့ဒီမှာ သန့်ရှင်းရေးလုပ်တဲ့သူက လိပ်ကျောခွံတွေအားလုံးနီးပါးကို သန့်ရှင်းရေး ပြုလုပ်ပေမဲ့ တံတားနဲ့ အနီးဆုံး ၂ ခုကိုတော့ သန့်ရှင်းရေးမလုပ်ပါဘူး။ဘာကြောင့် မလုပ်တာလဲဆိုတော့ အနီးဆုံးနဲ့ နောက်ဆုံးအရာတွေဆိုတာ အလွယ်တကူ ဖြတ်ကျော်နိုင်လို့ ဆိုပြီး ပြန်ပြောပါတယ်။ အဲ့လိုနေ့စဉ် ရက်ဆက် ဖြတ်ကျော်လာတဲ့အခါ အနီးဆုံး ၂ခုကလွဲရင် ကျန်တဲ့ လိပ်ကျောခွံတွေက အဆင်ပြေစွာဖြတ်ကျော်ဖို့ လွယ်ကူခဲ့ပေမဲ့ အနီးဆုံး ၂ ခုကို ဖြတ်ကျော်တဲ့အခါ သတိထားရတဲ့ အခြေအနေဖြစ်လာပါတယ်။ဒီပုံပြင်ရဲ့ ဆိုလို ရင်းကတော့ ကိုယ့်အနီးအနားမှာရှိတဲ့ အလွယ်တကူလုပ်လို့ရတဲ့အရာတွေကို နေ့စဉ်ပြုလုပ်နေဖို့ လိုအပ်တယ် ဆိုတာကို သိစေခဲ့တာဖြစ်ပါတယ်။ တစ်ခါက စာသင်ခန်းတစ်ခုအတွင်းမှာ ဆရာလုပ်တဲ့သူက ရေတစ်ဝက်ပဲရှိတဲ့ဖန်ခွက်ကို ကိုင်ပြပြီးကျောင်းသားကျောင်းသူတွေကို ဖန်ခွက်ထဲမှာရေတစ်ဝက်ရှိတာလား၊ ရေတစ်ထက်လျော့နေတာဆိုပြီး မေးပါတယ်။ တစ်ယောက်တစ်ခွန်းပြောကျပေမဲ့ နောက်ဆုံးကျောင်းသားတစ်ယောက်ကတော့ ကိုယ်ခံယူချက်နဲ့ ပဲ သက်ဆိုင်ပါတယ်လို့ ပြောတဲ့အခါ ဆရာဖြစ်တဲ့သူက အဖြေမှန်တယ်လို့ ပြောပြီး နောက်ထပ်မေးခွန်တစ်ခုကို ထပ်မေးပါတယ်။ ဒီဖန်ခွက်ကိုလက်နဲ့ ငါးမိနစ်ကိုင်ထားရင် ဘာဖြစ်မလဲ၊ တစ်နာရီကိုင်ထားရင် ဘာဖြစ်မလဲ၊ နေ့တစ်ဝက်ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲဆိုပြီးပြောပါတယ်။ အဖြေမှန်အတွက် ခက်ခဲမှုရှိနေတဲ့အခါ ဆရာက ဖန်ခွက်ရဲ့အလေးချိန်ဟာ ပြောင်းလဲသွားမှုရှိပါသလားဆိုပြီး အဖြေမှန်ကို ပြောပြခဲ့ပါတယ်။ ဒီပုံပြင်ရဲ့ ဆိုလိုရင်းကတော့ အကြောင်းအရာတစ်ခု ဖြစ်ပျက်တဲ့အခါ ကိုယ်လက်ခံထားတဲ့အတိုင်းအတာပေါ်မှာ မူတည် ပြီး အချိန်ကာလတစ်ခုကြာတဲ့အထိ သက်ရောက်မှု ရှိနိုင်ပါတယ်။ကောင်းတဲ့ အကြောင်းအရာဖြစ်တဲ့အခါမှာ လက်ရှိနေအထားထက် ပိုမိုကောင်းမွန်တဲ့ အခြေအနမျိုးရောက်အောင် ထပ်မံကြိုးစားဖို့ လိုအပ်ပြီး မကောင်းတဲ့ အကြောင်းအရာမျိုးနဲ့ ကြုံတွေ့တယ်ဆိုရင်လည်း အချိန်အကြာကြီး စဉ်းစားတွေးတောနေခြင်းမလုပ်ဘဲ အကောင်းဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။
အောင်မြင်ခြင်းကို စိတ်ဝင်စားကြသည်။ အောင်မြင်လျှင် ပျော်မြူးရသည်။ အချို့လွန်စွာ ပျော်မြူးတက်ကြွကြသည်။ အောင်မြင်ခြင်းကို စိတ်ဝင်စား သင့်ပါသည်။ အောင်မြင်ခြင်း ဆိုသည်မှာ အကျိုးတရားဟု ယူလျှင်ရသည်။ အောင်မြင်အောင် အကြောင်းခံခဲ့ရသည်။ အကြောင်းခံတရားများ စုစည်း၍ ပြည့်စုံ လုံလောက်သောအခါ အကျိုးတရားအဖြစ် ဖြစ်လာကာ အောင်မြင်မှုကို ရရှိနိုင်သည်။ အကြောင်းခံတရား မရှိဘဲ အောင်မြင်သည် ဟူ၍တော့မူ မဖြစ်နိုင်ချေ။ ဤလောက၌ အကြောင်းအကျိုး ဆက်စပ်လျှက်ရှိသည်။ အကြောင်းခံမှ အကျိုးရမည်။ အကျိုးရလျှင် ပျော်ရသည်။ ထို့ကြောင့် ပျော်ရွှင်ရန်အတွက် အကြောင်းခံရမည်။ ပျော်ရွှင်လိုပါသလားဟု မေးခွန်းထုတ်သောအခါ ပျော်ရွှင်လိုပါသည်ဟု အဖြေပေးလျှင် ပျော်ရွှင်အောင် အကြောင်းခံရမည် ဟူ၍သာ တိုက်တွန်း အကြံဉာဏ် ပေးရပေလိမ့်မည်။ ဤလောက၌ အကြောင်းခံသဖြင့် အောင်မြင်သောအခါ လွန်စွာပျော်ရသည်။ အချို့ လွန်စွာ မြူးတူးတက်ကြွကြသည်။ အောင်မြင်ခြင်းသည် လူအများ၏ နှစ်ခြိုက်ခြင်းကို ခံရသောသဘောဖြစ်ရာ အောင်မြင်အောင် ကြိုးစားစေချင်သည်။ အောင်မြင်ခြင်းကို စိတ်ဝင်စားသင့်ကြောင်းအကြံပြု တိုက်တွန်းလိုက်ပါသည်။ စိတ်ချမ်းသာအောင်ထားပေးမဲ့သူ စိတ်ချမ်းသာရင်ပြီးရော ဆိုပြီး ပျော်အောင်ထားပေးလိမ့်မယ်။ ဆူရင်နားငြီး မှာဆိုပြီး အမုန်းမခံ ပဲနေလိမ့်မယ်။ စိတ်ချမ်းသာမှုကိုဦးစားပေးရင် တိုးတက်မှုကို ပေးဆပ်လိုက်ရတယ်။ ရှေသို့ရောက်အောင်တိုက်တွန်းပေးမဲ့သူ စိတ်ချမ်းသာအောင်ထားပေး မဲ့သူရဲ့ ဆန့်ကျင်ဘက်။ သင့်ကို အမုန်းခံပြီး ရင်ထဲ ထိအောင်ပြောလိမ့်မယ်။ သူတို့ကို မမုန်းပါနဲ့။ သင့်ဘဝတိုးတက် ပြောင်းလဲနိုင်တဲ့ အထိလုပ်ပေးလိမ့်မယ်။ ဒီလိုလူတွေကိုရှာပါ။ ဒီလိုမိဘမျိုး ဖြစ်အောင်လုပ်ပါ။ ကောင်းသည်ဖြစ်စေ၊ မကောင်းဖြစ်စေ သင့်ကို အားပေးလိမ့်မယ်။ ထပ်ပြီး ကြိုးစားချင်လာအောင်လုပ်ပေးလိမ့်မယ်။ သင့်ဘဝရဲ့အဆိုးဆုံး အချိန်ထိ နောက်ဆုံးနားလည် ပေးနိုင်မယ့်သူက မိဘတွေပါ။ သင်ဘာလုပ်လုပ် ကဲ့ရဲ့ဖို့ဆောင့်နေကြတယ်။ သင့်ရဲ့အားနည်း ချက်ကို ဖော်ထုတ်ပေးလိမ့်မယ်။ ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက် ဖြစ်လာအောင်သူတို့တွေနဲ့ စိန်ခေါ်ရလိမ့်မယ်။ သင့်အပေါ် အရမ်းကောင်းတယ်၊ ပျော်အောင်လုပ်ပေးလိမ့်မယ် လိုတာထက်ပိုပြီဆိုရင်သတိထား။ ယခုထက်ပိုပြီး အလုပ်လုပ်ချင်လာအောင်၊ စိတ်ဓါတ်တက်ကြွလာအောင် လှုံ့ဆော် ပေးလိမ့်မယ်။ မရှိသေးလျှင်ရှာပါ။ သူတို့ရဲ့စိတ်ဓါတ် ခွန်အားကြောင့် သင့်ရဲ့ လုပ်ဆောင်ချက် မြင့်တက်လာလိမ့်မယ်။