ရွှေဈေးနှုန်းများသည် မြင့်တက်လာခဲ့ပြီး ထိုမြင့်တက်မှုမှသည် စတော့ဈေးကွက်များကို ကျဆင်းစေလိုက်သလို ရွှေဈေးနှုန်းကို ပိုမိုမြင့်မားစေလိုက်သည်။ ဒေါ်လာဈေးသည်လည်း ISM Manufacturing Report တွင် ခန်ကမှန်းထားသည်ထက် ညင်သာစွာကျဆင်းခဲ့ပြီး ရွှေဈေးနှုန်းများကို မျှော်လင့်ချက်သပ်သပ်သာဖြစ်စေခဲ့သည်။
ရွှေဈေးပြောင်းလဲမှုများသည် အကြိမ်ပေါင်း ၁၃၄၀ ပြောင်းလဲကာ အတက်ကျများပြားခဲ့ပြီး Resistance နှင့် နီးကပ်စွာသွားလာခဲ့ပြီး ယခုအခါ 10 Day Moving Average ၏ 1333 ရှိ support ဖြစ်ခဲ့သည်။ support သည် 1316 ၏ အနီးတွင် အပေါ်သို့ ဦးတည်နေသော လျောစောက်ပုံစံမျိုးဖြစ်နေသည်။ Resistance ကို ၁၃၆၅ အနီးရှိ အောက်ဘက်သို့ ဦးတည်နေသော လျှောစောက်အနီးတွင်တွေ့ခဲ့ရပြီး
Momentum သည် Positive ဘက်သို့ပြောင်းလဲခဲ့ကာ MACD Index မှ crossover buy signal ကို ပြဆိုပေးသကဲ့သို့ ပြောင်းလဲခဲ့သည်။ Accelerating Positive Momentum အရ Fast Stochastic သည်လည်း Crossover Buy Signal ကို ထုတ်ပြန်ပေးခဲ့သည်။
US ISM ထုတ်လုပ်မှု ညွှန်းကိန်းများသည် မတ်လတွင် ၁.၅ မှတ် ကျဆင်းခဲ့ပြီး ၅၉.၃ မှတ်ရှိလာခဲ့သည်။ ၁၄ နှစ်အတွင်းအမြင့်ဆုံးညွှန်းကိန်းဖြစ်ခဲ့သည့် ပြီးခဲ့သော ဖေဖော်ဝါရီလက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ၁.၇ မှတ်တိုးခဲ့ကာ ၆၀.၈ မှတ်ညွှန်းကိန်းရခဲ့သည်ကို ယခုလတွင် ကျဆင်းမှုဖြင့် ခြေဖျက်လိုက်သယောင်ဖြစ်သွားသည်။ အလုပ်အကိုင်ခန့်ထားမှုဆိုင်ရာများတွင်လည်း ညွှန်းကိန်းများသည် 57.3 မှ 59.7 သို့ချဆင်းခဲ့ပြီး ရရှိသော order အသစ်များသည်လည်း 61.9 မှ 64.2 အထိကျဆင်းခဲ့သလို export order အသစ်များသည်လည်း 62.8 မှ 58.7 Import များသည်လည်း 60.5 မှ 59.7 တို့အထိ အသီးသီးကျဆင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဈေးနှုန်းပေးချေမှုဆိုင်ရာတွင်တော့ အညွှန်းကိန်းများသည် 74.2 မှ 78.1 တို့အထိ မြင့်တက်ခဲ့သေးသည်။ နောက်ပိုင်း ထိုကိန်းဂဏန်းများသည် ဈေးကွက်များနှင့်ပတ်သတ်ပြီး အာရုံစူးစိုက်ခံရမှုများဖြစ်လာနိုင်ခဲ့သည်။
U.S Markit PMI သည် ဖေဖော်ဝါရီလတွင် 55.3 ရှိရာမှ မတ်လနောက်ဆုံးထွက်ရှိလာသောအဆိုအရ 0.3 မှတ်တိုးကာ 55.6 ဖြစ်လာခဲ့သည်။ သို့သော်လည်း မတ်လတွင် ဖြစ်ပေါ်လေ့ရှိသည့် အညွှန်းကိန်းများနှင့်နှိုင်းယှဉ်လျှင် အမြင့်ဆုံးတော့မဟုတ်ခဲ့ပါချေ။ အမြင့်ဆုံးမတ်လအညွှန်းကိန်းသည် ၂၀၁၅ ခုနှစ် မတ်လက ဖြစ်ပေါ်ခဲ့သော 55.7 မှတ်ပင်ဖြစ်သည်။ ထုတ်ပြန်ချက်များအရ ညွှန်းကိန်းများသည် 55.5 မှ 55.2 သို့ဖြည်းညင်းစွာကျင်းခဲ့ပြန်သည်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများပြင်းထန်လာခြင်းသည် နှစ်အနည်းငယ်အတွင်းမှပင် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည်။ ကြေငြာချက်တစ်ခုမှ ငွေကြေးဈေးကွက်မြင့်တက်မှုနှင့်ပတ်သတ်ပြီးထုတ်ပြန်ရလျှင် “လက်ရှိသွင်းကုန်ထုတ်ကုန်အခွန်ဆိုင်ရာနှင့် ပတ်သတ်ပြီး ထုတ်ပြန်ချက်များတွင် ငွေကြေးဖောင်းဖွမှုဖိအားများနှင့်ပတ်သတ်ပြီး ထည့်သွင်းစဉ်းစားရန်နှင့် ကုန်ပစ္စည်းများ၏ ဈေးကွက်ခိုင်မာမှုကို လာမည့်လများအတွင်းမြှင့်တင်ရန်တို့ကို ထည့်သွင်းထားသည်။ ငွေကြေးဖောင်းဖွမှုဆိုင်ရာ ဖြစ်စဉ်များသည် ၂ဝ၁၂ တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး လေးနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ခဲ့သည်။