အရမ်းရီရတယ်......ပါးစပ်မှာ ဒီမိုကရေစီစာလုံးလေး ငုံပြီး......လူတန်းစား မခွဲခြားရေး ခေါင်းစဉ်နဲ့ တိုက်ခိုက်နေတာလွန်နေပြီ.......... ဘယ်လိုအမတ်တွေလဲ ........ မြန်မာသမိုင်းဆိုတာ ၁၉၈၈ က စလာတယ် ထင်လို့လား .......... သမိုင်းကို ပြန်ပြင်ဖို့ ကြိုးစားနေတာလား............ မြန်မာဆိုတဲ့ အမျိုးသားရေး စကားကို ဒီမိုကရေစီဆိုတဲ့စကားလုံးအောက်မှာကျဆုံးပေးရမှာလား............. ပါတီတခုက လူတွေ သမ္မတဖြစ်ဖို့ နေရာရဖို့................... လွတ်လပ်ရေးပြီးဆုံးတဲ့အချိန်မှာ သတ်မှတ်ခဲ့တဲ့ ကြေငြာချက်တွေ အခြေခံအုတ်မြစ်တွေကို ပြောင်းလဲပေးရမှာလား.............. မြန်မာပြည်သည် ဗုဒ္ဒဘာသာယဉ်ကျေးမှုကိုအခြေခံပြီး၊ မြန်မာတိုင်းရင်းသားများဖြင့် စတင်ဖွဲ့စည်းခဲ့တဲ့ တိုင်းပြည်ဆိုတဲ့ အချက်ကို မေ့ပြီး........... Board People ဘ၀ကနေ တက်လာတဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီ လမ်းစဉ်နဲ့ လာယှဉ်ပြလို့တော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး................ England ရဲ့ ဒီမိုကရေစီမှာတောင် သူ့နိုင်ငံ သူ့လူမျိုး အတွက် အလေးပေး ရေးဆွဲထားတာတွေရှိနေသေးတယ်.............. တိုင်းရင်းသား လူမျိုးရေးဝါဒကိုအခြေခံထားတဲ့ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံကမှန်း မသိတဲ့ လူတွေစုပြီး အမေရိကတိုက်မှာရှိနေတဲ့ မူရင်း အင်ဒီယန်းမျိုးနွယ်တွေကိုတိုက်ပြီးနေရာ ယူထားတဲ့ အမေရိကန် ပေတံနဲ့ လာတိုင်းနေတာ လွန်လွန်းနေပြီ..........ကမ္ဘာ့အအောင်မြင်ဆုံးနိုင်ငံလို့တော့ မအော်လိုက်နဲ့ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံတခုတည်းရှိနေတာမဟုတ်ဘူး..........အခြားနိုင်ငံတွေက သူတို့နိုင်ငံရေးမှာ သူတို့ လူမျိုးရေးကို အခြေခံပြီးတည်ဆောက်ထားကြတာ.........အရမ်းတိုးတက်နေတဲ့ ဂျပန်နိုင်ငံကို ထည့်ပြောကြည့်ပါလား........... ခပ်ရှင်းရှင်းပြောပြောရရင်ကျည်ဆံတချက်စာ၊ တုတ်တချက်စာ လောက်ရှိတဲ့ လူတယောက်ကို တိုက်ခိုက်ချင်လို့ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ မဟုတ်ဘူးဆိုတာပဲ............. ခပ်ပေါပေါ အတွေးအခေါ်နဲ့ နိုင်ငံရေးတိုက်ပွဲမ၀င်နဲ့ နိုင်ငံရေး သိက္ခာကျတယ်.......... နိုင်ငံရေးဆိုတာ ဆွဲစိလို့ရတဲ့ ပုဆိုးစ မဟုတ်ဘူး............ ဖြေးဖြေးချင်းလှည့်ယူရတဲ့...... အသံညှိရေဒါဘီးတခုလိုပဲဆိုတာ နားမလည်ရင် လွှတ်တော်ထဲက ထွက်သွား........ဒီလို နိုင်ငံရေးသမားတွေလက်ထဲ နောက်လူငယ်တွေလိုက်ပြီး ပျက်ဆီးသွားမှာ မလိုလားဘူး........အူကြောင်ကြား အမတ်တွေ................ခင်ဗျားတို့ လူတဦးတယောက် တည်းနဲ့ မြန်မာနိုင်ငံရပ်တည်နေမှာမဟုတ်ဘူး............နောက်လူငယ်တွေက ဒီနေရာတွေကို အစားထိုးဝင်ရောက်ဦးမှာပဲ........ဒီနိုင်ငံမှာ ဒီလူမျိုးရေး၊ ဒီယဉ်ကျေးမှုအတွက် သင့်တော်တဲ့ ဒီမိုကရေစီလမ်းစဉ်ဆိုတာ......ဒီနိုင်ငံမှာပဲ ရှိရမယ်..... သူများနိုင်ငံအတုယူနေစရာကို မလိုဘူး........ဦးခင်ညွှန့်ပြောတာ နောက်တောင်ကျသေးတယ်..........အမျိုးသားရေးကို အခြေခံတဲ့.....ဒီမိုကရေစီနိုင်ငံရေး ခေါင်းဆောင်တိုင်း ဒီစကားပြောတယ်.......... အရမ်းစည်းလုံးနေရင် ဆိုရှယ်လစ်စနစ်ပြန်သွား......... သွေးကြွနေရင် ကွန်မြူနစ်စနစ်အသက်သွင်းလေ.........ပေါတောတောတွေနဲ့ တခွန်းမှ ပြန်မပြောနိုင်အောင် ဆက်တိုက်ပြောပစ်လိုက်တယ် ငါပြောတာ ငါအမှန်။ ငါ့လှေ ငါထိုး၊ ပဲခူးရောက်ရောက်ဆိုတာ ငါးစိမ်းတန်းမှာပဲရှိတယ်..........အဲ့ပုံစံတွေနဲ့ လူကြီးလုပ်မနေနဲ့......နိုင်ငံရေးလုပ်စားမနေနဲ့.........ခင်ဗျားတို့သိလား မြန်မာပြည်မှာ အဲ့လို ခပ်ကြောင်ကြောင်အတွေးအခေါ်တွေကြောင့် ပညာတက်တွေ ဆုံးရှုံးသွားကြရတာ...........စနစ်ကြောင့်ဆိုပြီးခေါင်းစဉ်တပ်မနေစမ်းပါနဲ့ဗျာ (ဦးရွှေမန်းရဲ့ စတိုင်လေးဖြင့် ခပ်ရွဲ့ရွဲ့လေးပြုံးပြောလိုက်မယ်) အနောက်နိုင်ငံသွားပြီး လေ့လာတဲ့အခါ နိုင်ငံရေးအပြင် အခြားကိစ္စတွေပါ လုံလုံလောက်လောက် လေ့လာခဲ့မှပေါ့ဗျာ............