အမျိုးမျိုးသော အရာဝတ္ထုပစ္စည်းများကို ခုတ်လှီးဖြတ်နိုင်တယ် နေရာအတော်များများမှာ အသုံးဝင်တယ် မီးဖိုချောင်မှအစ ကျောင်းသားများအကြား ဆံပင်ညှပ်ဆရာနှင့် ဘုန်းကြီးများအဆုံး လွန်စွာ အသုံးဝင်ကြလေသည်
သို့သော်.....
ထိုဓားဖြင့်ပင် ဓားခုတ်မှုအစ မုဒိမ်းမှု ဓားပြမှုအလယ် လူသတ်မှုအဆုံး ဒုစရိုက်အမှုအခင်းများကြားတွင်ပင် ဓားသည် ဇာတ်လိုက်နေရာတွင်ပင် ဆိုးကျိုးများအတွက် အသုံးတော်ခံပင်
သို့သော်.... သို့သော် .....
ထိုဓားကို အမှုအခင်းများဖြစ်တတ်သောကြောင့် ခိုက်မိ ရှမိ ထိမိသောကြောင့် မသုံးပဲ ထားလျင် (ဝါ) သုံးစွဲခွင့် ပိတ်ပင်ထားလိုက်လျင် .......
သို့သော်.... သို့သော် ..... သို့သော်
မကောင်းမှုများအတွက် ဓားအား အသုံးပြု၍ မရသော် လှံ/ သေနတ်/ ဝါးရင်းတုတ် စသည်တို့အား အသုံးပြု၍ ရနိုင်သေးသော်လည်း
ဝါးခုတ် သစ်ခုတ်သမားများ အတွက်မူ ဓားသည်မရှိမဖြစ် (လွှနှင့် ချိန်းဆောများမှာ လက်ကြီးသမားများအတွက်သာ)
ဘုန်းကြီးများအတွက်မူ ကတုံးအပြောင်တုံးဖို့ ကတ်ကြေး စက်ကတ်ကြေးများဖြင့် အပြောင်တုံး၍ မရနိုင်။
ကျောင်းသားများအတွက်မူ ဓားမသုံးရ၍ ခဲချွန်စက်သုံး၍ ရနိုင်သေး၏ ထိုခဲချွန်စက်တွင် ဓားတပ်ထားသည်ကိုတော့ ဂရုပြုရပေမည်
ရာဇဝင်တွင်ပင်
အဇာတသတ် ဖခင်မင်းကြီးအား ဓားနှင့်ခွဲ၍ ဆားသိပ်ခဲ့သလို
အင်္ဂုလိမာလပင်လျင် လက်ညိုး1K အား ၄င်းဓားကိုပင် အသုံးပြု၍ ဖြတ်ခဲ့ကြသေးသည်မဟုတ်တုံ့လော...
ထိုဓား ဤဓား ၄င်းဓားအား မကောင်းမှုများတွင် အသုံးပြုကြ၍သာ ပိတ်ပင်ထားလျင် (ဝါ) တရားမဝင် အမှုပြုထားလျင် ကောင်းကျိုးများအတွက်ပင် အသုံးပြု၍ ရနိုင်မည်မဟုတ်ပေ ....
မိုင်နာ
#မောင်တိန်စဉ်းစားမန်းကီးစဉ်းစားခလစ်ပတိုစာစုများ
Please Follow Me@pockerlay