ကိုယ့်အဖေဆီက ရတဲ့အမွေတွေထဲက
ချစ်စရာကောင်းတဲ့အမွေတခုကိုပြောပါဆိုရင်
အဖေဟာ လူတိုင်းပေါ်မှာ စေတနာထားတာ
လှူတွေကို ကူညီပေးတတ်တာ
နောက်တခုက
သူနဲ့အများကြီးရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ
ကြုံရင်ကြုံသလို လက်ဆောင်တွေပေးတတ်တာ
လက်ဆောင်တွေပေးတယ်ဆိုလို့
တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပေးတာမဟုတ်ပါဘူး
ဒေသထွက်ကလေးတွေကိုပေးတာ
ကိုယ်လူမှန်းသိတတ်စအရွယ်တည်းက
အဖေက ခြံထွက်သီးနှံတွေတော်တော်များများကို
သူခင်တဲ့သူတွေကို ဦးဦးဖျားဖျားလက်ဆောင်ပေးလေ့ရှိတယ်
ပေးစရာဆိုလို့လဲ ဒါပဲရှိတာကိုး
အဲဒီဓလေ့လေးက
ကိုယ်တို့တောသူတောင်သားအများစုမှာတွေ့ရလေ့ရှိတယ်
သိပ်ချစ်စရာကောင်းတယ်....
ကိုယ့်မိဘတွေဟာ ကိုယ်မှတ်မိသလောက်
ငယ်ငယ်တည်းက
စီးပွားရေးကံအကျိုးမပေးတာကြောင့်ပဲလား
စီးပွားရေးမလုပ်တတ်လို့ပဲလား
လူရော စိတ်ရော အားကုန်ပင်ပန်းခဲ့သလောက် အရမ်းကြီးကြီးမားမားဖြစ်ထွန်းတယ်ရယ်လို့မရှိဘူး
မိသာစုစားလောက်ရုံထက်မပိုခဲ့ဘူး
နှစ်စဉ် ခြံထဲမှာ မာလကာ ကလော ဖရုံ နနွင်း ကနခို
ငှက်ပျော နဲ့ တခြားတခြားအသီးအနှံတွေအများကြီးစိုက်ဖူးတယ်
တကယ်လဲ အဖေက အရမ်းအလုပ်လုပ်တယ်
အသီးအနှံတွေလြဲဖစ်တယ်
ဒါပေမဲ့ ဈေးမကောင်းတဲ့နှစ်တွေနဲ့ချည်းကြုံရတယ်
မိသားစုစားလောက်ရုံပဲဆိုပေမဲ့ စေတနာကတော့ချမ်းသာတယ်လေ
ငယ်ငယ်တုန်းက ကိုယ့်အဖေများ ခရီးပြန်လာလို့
ငုံးဥတလုံးပြန်မပါရင်သာနေမယ်
သူသွားတဲ့ ဘယ်အရပ်ဒေသမဆို
ခြံထွက်သီးနှံမှန်သမျှ အကုန်ယူသွားတယ်
တချို့တွေ တောင်းထဲထည့်သင့်တာထည့်
တချို့တွေ ခြင်းထဲထည့်တန်တာထည့်
ဖရုံသီး ငှက်ပျောသီး ပိန္နဲသီး သရက်သီး
ကလောဥ မာလကာ အသေးအဖွဲကအစ
အဲခင်းတွေတောင်းတွေထဲ အကုန်ပါပါလိမ့်မယ်
ခုခေတ်ကိုယ်တွေသာ ခရီးသွားရင် အသားငါးမသယ်တာ
အဖေတို့တုန်းကဆို တောဝက်သားတွေရရင် လုံးပီးယူတယ်
ကြက်သားဆိုလဲ ကြက်သားပေါ့ အကုန်ယူသွားတာ
လယ်ကြွက်တွေရရင်လဲ အကုန်သယ်သွားလေ့ရှိတယ်
ကိုယ့်အဖေတို့ငယ်ငယ်တုန်းကဆို ရွာကနေ ရန်ကုန်ကို
ခုလိုတွေ ကားတိုက်ရိုက်ရှိတာမဟုတ်ဘူး
ရွာကနေ ဟင်္သာတကို ရထားစီးရင်စီး မစီးရင်ကားစီး
တခါ ဟင်္သာတရောက်ပီဆိုတော့လဲ ဂိတ်ကနေ
သာရဝေါတဖက်ကမ်းကို ကူးတို့နဲ့ကူးရသေးတယ်
ဘူတာကနေ အဒီဲကူးတို့ကို မိုးတွင်းဆို ရေတက်တော့
ကိုယ်စီးတဲ့ ကူးတို့အကွာအဝေးပေါ်မူတည်ပီး
၂ဖာလုံကနေ ၄ဖာလုံလောက်ထိလျှောက်ရတယ်ပြောတယ်
အဲဒါမိုးတွင်းပေါ့
နွေဘက်ဆို ရေကျတဲ့အချိန်ဆိုတော့ လျှောက်ပေတော့ပဲ
အဲမှာရေကျလို့ သောင်ထွန်းနေတဲ့နေရာကနေ ကူးတို့ဆိပ်ထိ
၂မိုင်ခွဲ ၃မိုင်ဝန်းကျင်လောက်ထိ ချွေးဒီးဒီးကျအောင်
ကွင်းပြင်နေပူကြီးထဲလျှောက်ရတာ
ကူးတို့ကူးပီးခါမှ သာရဝေါဘက်မှာ ရထားနဲ့ ရန်ကုန်ထိလာရတာ
ရထားစီးပီး ရန်ကုန်ဘူတာရောက်တော့လဲ
အဲဒီ ရန်ကုန်ကမိတ်ဆွေတွေဖို့ယူလာတဲ့ တောင်းတွေ ပလုံးတွေ အိတ်တွေကို သယ်ပီး လိုင်းကားတိုးစီးရသေးတာ
ကိုယ်တို့အဖေငယ်ငယ်တုန်းက
ရန်ကုန်က သူ့မိတ်ဆွေသူငယ်ချင်းတွေကို လက်ဆောင်ပေးရဖို့
ခုခေတ်လို့ လိုင်းကားနဲ့ တခါတည်းရောက်တဲ့ခေတ်မဟုတ်ဘူး အဲကွန်းဘတ်စ်လဲမရှိဘူး ဆိုက္ကားတွေ Taxiတွေလဲ တော်ရုံငှါးမစီးတော့ လူပင်ပန်းတာပေါ့
အဲလောက်အပင်ပန်းခံသယ်ရလို့လဲ တချက်မညည်းဘူး
ဒီလိုတွေပင်ပင်ပန်းပန်းသယ်လာရတယ်ဆိုတာလဲ
မျက်နှာရအောင် မပြောဘူး
ပြောချင်တာက ကိုယ့်အဖေရဲ့ စေတနာဟာ
ကြီးလာတဲ့အခါပြန်တွေးတော့ အဖေ့ရဲ့အဲဒီအပြုအမူလေးက
အင်မတန်ချစ်စရာကောင်းတယ်
နယ်မှာတုန်းက အဖေဟာ ဘယ်သွားသွား
သူသွားတဲ့နေရာကို လက်ဆောင်မပါရင်မသွားတတ်သလောက်ကို
သူနိုင်သလောက်သယ်တာ...
အဲဒီအကျင့်လေးက ကိုယ်တို့ဆီပါလာတယ်
နယ်ပြန်တိုင်း ရန်ကုန်က ကိုယ်ခင်တဲ့သူတွေကို
လက်ဆောင်ပေးဖို့ အမြဲတမ်းမရှိရှိတာ ရအောင်သယ်ခဲ့တယ် ကိုယ်ရန်ကုန်ရောက်စတုန်းကဆို နယ်ကပြန်လာတိုင်း အဲအထုပ်အပိုးတွေတလှေကြီးသယ်ရမှာ အရမ်းစိတ်ပျက်တယ်
လူငယ်ပီပီ အထုပ်ကလေးနဲ့ ပေါ့ပေါ့ပါးပါးစတိုင်လေးနဲ့ပြန်လာချင်တာပေါ့
နယ်ကအမျိုးတွေ ပေးလိုက်တိုင်း သယ်ရမှာလေးလို့ မယူဘူး
အဲစိတ်က ရန်ကုန်ရောက်ပီးလပိုင်းလောက်ထိမပြောင်းဘူး
ဒါမဲ့အကြာကြီးတော့ မနေပါဘူး နောက်ပိုင်းမှာ
အဲဒီတလွဲရှက်စိတ်တွေဖျောက်ပီး
နယ်ပြန်တဲ့အခါတိုင်း ပေးသမျှအကုန်သယ်တယ်
ရှာဝယ်သင့်တာရှာဝယ်တယ် ရန်ကုန်ထက်နယ်မှာက အများကြီးဈေးသက်သာတယ် ပစ္စည်းလဲ လတ်တယ် သယ်ရတာအလုပ်ရှုပ်တာက လွဲရင် နယ်မှာက ကျန်တာအကုန်အဆင်ပြေတယ်
ကိုယ်ပေးတဲ့ လက်ဆောင်လေးတွေကို
ကိုယ်ချစ်တဲ့သူတွေ သဘောကျကြတော့
ကိုယ်လဲပီတိစားရတာပေါ့လေ....
Credit###