ပြောတော့လဲ မပြောချင်ဘူး။ မပြောချင်လဲ ပြောရအုံးမယ်။ ပြောကိုပြောအုံးမယ်။ ဟားဟား
သဲလဲကိုယ်အကြောင်းလေးရေးတင်ချင်ပါတယ်။ သဲက ရဲ ကမွေးတဲ့ ရဲ တစ်ယောက်သမီးမို့ ရဲ ကိုသိပ်ချစ်တဲ့သူ ရဲကအကူအညီတောင်းရင်နေ/ည မရွေးကူညီတဲ့သူပါ။ သဲ ရဲ့ ကားကို ခဏဆိုပြီးဌားသွားတဲ့ ကိုကျော်ထွန်းက နိုင်ငံဖြတ်ကျော်က ရဲအုပ်ဇေယျာဝင်းဆိုသူဆီမှာ ငွေ ၁၂၀နဲ့ပေါင်လိုက်တယ် ။ရဲအုပ်က လည်းကျမရဲ့ကားinside ကိုရဲချုပ်ရုံးမှာနေ့တိုင်စီးနေတယ်။ရဲချုပ်ရုံးက လူတွေသူစီးတာမြင်သလို အောင်ပင်လယ်ရဲ စခန်းကလူတွေကလဲသုကိုယ်တိုင်စီးနေတဲ့ကားဆိုတာကျမ ရဲ့ကားပုံပြတော့ ၁၃့၁့၂၀၁၈နေ့ကတာဝန်ကျတဲ့သူကိုယ်တိုင်က အဲဒီရဲအုပ်ဇေယျာဝင်းစီးတဲ့ကာလို့ကျမတို့ရဲ့ အမှုစစ် ဒုရဲအုပ်ဇော်မြင့်သိန်းကိုပြောတယ်။
Photo google
ကျမက ၉့၁့၂၀၁၈နေ့မှာ နေပြည်တော် အမှတ် ၅ရဲစခန်းမှာအမှုဖွင့်ပါတယ်။ပ-၂/၂၀၁၈ရာဇတ်သတ်ကြီးပုဒ်မ ၄၂၀နဲ့အမှုဖွင့်ခဲ့ပါတယ်။အမှတ် ၅စခန်းမှုးရဲအုပ်ထွန်းထွန်းဝင်းကအမှုဖွင့်ပေးခဲ့တာပါ။၁၂့၁့၂၀၁၈နေ့မှတရားခံကိုကျော်ထွန်းဟာ ပေပင်လေး ရဲစခန်းမှာ အမှုတစ်ခုနဲ့ဖမ်းဆီးထားတာကိုသွားခေါ်လာပါတယ်။တရားခံသွားခေါ်ဖို့ ကျမ ကား 9N-3845နဲ့ဒုရဲအုပ်ဇော်မြင့်သိန်း နယ်ထိန်းခေါင်းဆောင် တပ်ကြပ် မျိုးမင်းထွန်းတို့သွားခေါ်ကျပါတယ်။
တရားခံခေါ်လာပြီဖြစ်ကြောင်းကားကိုပေါင်ထားကြောင်း။ဘယ်မှာပေါင်ထားကြောင်း။တို့ကိုဒုရဲအုပ်မှ ဖုန်းဆက်ပြီးကျမအားပြောပြပါတယ်။
ညနေ ၆နာရီလောက်မှာ နိုင်ငံဖြတ်ကျော်မှရဲအုပ်ဇေယျာဝင်းကိုယ်တိုင်စီးနင်းပြီးမန်းလေးသို့ပြန်သွားကြောင်းသိခဲ့ရပါသည်။
၁၃့၁့၂၀၁၈နေ့စနေနေ့မှာဘဲမန်းလေးသွားတရားခံမိသားစုနဲ့ဒုရဲအုပ် နယ်ထိန်းတို့သွားကျပြီး။မန်းလေးမနော်ဟရီလမ်းကရွှေတောင်လက်ဘက်ရည်ဆိုင်မှာရှိကြောင်းဒုရဲအုပ်ကလိုက်လာဖို့ဖုန်းဆက်ခေါ်၍လိုက်ပါသွားခဲ့ရပါသည်။ဟိုရောက်တော့ အခုသက်သေခံကားမအပ်နိုင်ကြောင်းနောက် ၃ရက်ကြာမှလာအပ်ပေးမည်ဟုပြောပါသည်။တရားခံမိသားစုနှင့်ဒုရဲအုပ်မှာတစ်ဝိုက်းထဲထိုင်ပြီးအပေါင်ခံထားသောရဲအုပ်မှာနောက်တစ်ဝိုင်းမှသီးသန့်ထိုင်ကြောင်းတွေ့ခဲ့ရပါသည်။
သက်သေခံကားသွားဖမ်းချိန်၌ဒုရဲအုပ်သည် Half formဝတ်ထားပြီးလဘက်ရည်ဆိုက်ဘေးမှာအရက်ဆိုင်တွင်အရက်ဝင်သောက်ကြောင်းလဲနယ်ထိန်းခေါင်းဆောင်မှပြောပြ၍ကျမသိခဲ့ရပါသည်။
ညနေပိုင်း၌ ၄၂၀ပုဒ်မသည် ၂၄နာရီသာချုပ်ခွင့်ရ၍တရားခံအားသက်သေခံကားမအပ်ဘဲနဲ့အောက်ပင်လယ်ရဲစခန်း၌အာမခံမျာနှင့်လွတ်ပေးခဲ့ပါသည်။
အာမခံများက ၁၆့၁့၂၀၁၈နေ့နေပြည်တော်အမှတ် ၅ရဲစခန်း၌လာအပ်ပေးပါမည်ဟုလကက်မှတ်ရေးထိုးခဲ့သည်။ယနေ့အထိလာရောက်အပ်ခြင်းမရှိခဲ့ပါ။
နိုင်ငံဖြတ်ကျော်ဌာနမှရဲအုပ်ဇေယျာဝင်းက ကျမတို့အသိရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးနဲ့ဖုန်းပြောပြီး၃ရက်ရှိကလာအပ်ခိုက်းမည်ဖြစ်ကြောင်းသူအာမခံကြောင်းပြောဆိုသောအသံဖိုင်လဲကျမတို့ဆီ၌ယနေ့အချိန်ထိရှိပါသည်။
ယနေ့အချိန်ထိသက်သေခံကားမအပ်ခြင်းကိုအမှတ် ၅ရဲစခန်ူးမှလဲမည့်သိုမျှဆက်လက်ဆောငရွက်ခြင်းမရှိပါ။
ကဲ တာဝန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြံလေးတော့ျြုစချင်ပါတယ်။