မိတ်ဆွေအပေါင်းသင်းတွေအတွက် မှန်ကန်တဲ့ စီးပွားရေး idea လေးတခု ပြောပြပေးချင်လို့ ပါ။အမြဲတမ်းဘာလုပ်ရမလဲ လိုက်မေးနေတာမြင်မိလို့ ပါ။ခုလတ်တလောဖြစ်နေတာက လုပ်ငန်းတခုကို အဆင်ပြေတယ်ဆိုရင် အဲ့လုပ်ငန်းမှာ ဝိုင်းအုံပီးတိုးကြတော့တာ။ အဲ့မှာ ဈေးကွက်တခုကို ဝိုင်းတိုးကြတော့ ပြွတ်သိပ်ပီး customer demand ကျလာတော့ အစဉ်မပြေဖြစ်ကုန်ကြတာရေရှည်မှာ။
စီးပွားရေးလုပ်ငန်းလုပ်မယ့်လူတယောက်မှာမရှိမဖြစ်သိသင့်တဲ့အတွေးအခေါ်လေးတွေးဝေမျှချင်ပါတယ်။
၁။ အရင်ဆုံးလုပ်ငန်းတခုမစခင်
Customer (စားသုံးမယ်သူ သို့  ဝယ်ယူမဲ့သူကိုစတင်စဉ်းစားပါ)
မိမိလုပ်လိုက်တဲ့လုပ်ငန်းတခုဟာ customer ကြိုက်နှစ်သက်တဲ့ အရာမဟုတ်ရင် အလကားဖြစ်သွားပါလိမ့်မယ်။အလွယ်ကူဆုံးပြောရရင် လူတွေရဲ့ လိုအပ်ချက် အရင်စပီးစဉ်းစားပါ။ လူတွေရဲ့ လိုအပ်ချက်နဲတဲ့ လုပ်ငန်းကို လုပ်မယ်ဆိုရင် ဝယ်ယူမဲ့သူ မရှိတာကြောင့်မိမိရဲ့ုကုန်ပစ္စည်း
ရောင်းအားမရှိနိုင်ပါ။ ဒါကြောင့် ဘယ်လုပ်ငန်းကိုလုပ်လုပ် လူတွေရဲ့ လိုအပ်ချက်မှာ မိမိရဲ့ ကုန်ပစ္စည်း ဘယ်လောက်အရေးပါလိမ့်မလဲဆိုတာစပီးစဉ်းစားတာ အဓိကအချက်ပါ။
အဲ့လိုစဉ်းစားလိုက်တာနဲ့  မိမိပတ်ဝန်းကျင်ကလူတွေဘာကြိုက်တတ်လဲ မိမိဘာလုပ်ငန်းကို လုပ်ရမလဲဆိုတာ တွေးခေါ်တတ်လာပါလိမ့်မယ်။
(တရက်ကို အချက်တခုစီတင်ပေးသွားပါ့မယ်၊ ဆရာကြီးမဟုတ်ပေမယ့် သိထားတဲ့အတွေးအခေါ် လက်တွေ့ ကျင့်သုံးနေတဲ့ အရာလေးတွေမျှပေးခြင်းပါ ကျေးဇူးပါ)