Price အကြောင်းမပြောခင် သိရမှာက Two types of Crowd။ ပထမအုပ်စုက နွားအုပ်/Bullsတွေဖြစ်ပြီး၊ နောက်တစ်ဖွဲ့ကတော့ ဝက်ဝံ/Bearsတွေဖြစ်ပါတယ်။ Bullsတွေဟာ ဈေးတက်မယ်ဆိုပြီး အကောင်းမြင်တဲ့ အုပ်စုပါ။ Bearsတွေကတော့ ဈေးကျမယ်ဆိုတဲ့ အဆိုးမြင်အုပ်စု။ Investingစလုပ်လုပ်ချင်းတော့ Bearမဖြစ်သေးတာကောင်းပါတယ်။ ဒီတော့ for now, let's stick to Bulls. Professionalsတွေဟာ ဈေးတက်တော့မယ်ထင်ရင် Currency OR Gold Price ကို Bullishြ>quoteဖစ်တယ်ပြောလေ့ရှိသလို၊ ဈေးကျတော့မယ်ထင်ရင် Bearishဖြစ်တယ် ပြောတတ်တယ်။ အခုလို Marketဟာ ဖြည်းဖြည်းချင်းတက်နေရင် Bull Marketလို့ခေါ်သလို ဆက်တိုက်ကျနေပြီဆိုရင်လည်း Bear Marketလို့ ခေါ်ကြပါတယ်။
TAမှာ Priceနဲ့ Volumeကို Chartအမျိုးမျိုးနဲ့ Representလုပ်ကြတယ်။ သတင်းစာတို့ CNBCတို့လို Mediaတွေမှာ ဖော်ပြလေ့ရှိတာက Line Chartပါ။ Line Chartဟာ Generally close priceကို သုံးပြီး အဆွဲခံရလေ့ရှိပါတယ်။ Close Priceဆိုတော့ ဘာများရှိသေးလည်းလို့ မေးလို့ရတယ်။ တကယ်တမ်းတော့ Periodတစ်ခုအတွက် အမြဲတမ်း Price လေးမျိုးရှိပါတယ်။ Open, High, Low, Closeလို့ခေါ်တယ်။ အတိုကောက် OHLCလို့ ခေါ်ကြတယ်။ Openနဲ့ Closeကတော့ ရှင်းပါတယ် - အဖွင့်နဲ့ ပိတ်တဲ့ဈေးပေါ့။ Highနဲ့Lowကတော့ Periodတစ်ခုအတွက် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ဈေးတွေကို ဆိုလိုတယ်။ OHLC Bar Chartကမှ တကယ့်Professionalတွေသုံးကြတဲ့ Typeပါ။ OHLCကို ဘယ်လို Representလုပ်သလည်း ကြည့်ရအောင်။
အပေါ်ကအပိုဒ်မှာ ကျွန်တော် "Period တစ်ခုအတွက်" လို့ ပြောပြောသွားတာ တွေ့ပါလိမ့်မယ်။ Periodလို့ ဘာလို့ပြောရသလည်းဆိုတော့ သူဟာ အမျိုးမျိုးဖြစ်နိုင်တယ် - 5min, 15min, 1hr, 1day, 1week, 1month အစရှိသဖြင့်ပေါ့။ ဒါကြောင့် တစ်နေ့အတွင်းလို့ဆိုတာထက် Period တစ်ခုအတွက်လို့ ပြောတာပိုမှန်တယ်။ OHLC Barမှာ Openက ဘယ်ဘက်ကို လှည့်ပြီး၊ Closeက ညာဘက်ကို ဦးတည်တယ်။ Barရဲ့ အမြင့်ဆုံး Pointဟာ Highဖြစ်ပြီး၊ အနိမ့်ဆုံးဟာ Lowဖြစ်ပါတယ်။
TAကိုသုံးတဲ့အခါ FAလိုပဲ ဘယ်လို Translateလုပ်ရမလည်း သိဖို့လိုတယ်။ အဲဒီ့ Interpretationဟာ Traderတစ်ယောက်နဲ့တစ်ယောက်ကြား ကွဲပြားသွားစေမယ့် အရာတွေပါပဲ။ Generallyကတော့ Openဟာ Amateurတွေကို ကိုယ်စားပြုတယ် - Professionalတွေဟာလည်း ဖွင့်ဖွင့်ချင်းပါနိုင်ပေမယ့် Normallyကတော့ သူတို့ဟာ အတွေ့အကြုံမရှိသေးတဲ့လူတွေ၊ လောကြီးတဲ့သူတွေကို ပေးဖွင့်လေ့ရှိကြပါတယ်။ Highဟာ Bullsတွေကို ကိုယ်စားပြုတယ် - ဈေးတက်မယ်ထင်လို့ ဝယ်ရင်းဝယ်ရင်းနဲ့ ဈေးကို မြှင့်တင်တဲ့ အုပ်စုပါ။ ပြောင်းပြန်ကတော့ Lowကို ဖြစ်စေတဲ့ Bearsတွေပါ။ သူတို့ဟာ ဈေးကျမယ်ဆိုတဲ့အမြင်နဲ့ ရောင်းရင်းနဲ့ပဲ Lowကို ဖြစ်စေနိုင်ပါတယ်။ Closeဟာ အရေးအကြီးဆုံးဖြစ်သလို Professionalတွေ၊ Institutionsတွေက ပိတ်ဈေးကို Defineလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ရှည်ရှည်နဲ့ တနေကုန်စောင့်ကြည့်လာပြီး ဈေးပိတ်ခါနီးမှ ဝယ်လာတတ်တဲ့သူအများစုဟာ Proတွေ၊ Institutionsတွေ များပါတယ်။ အောက်မှာ ဖြစ်နိုင်တဲ့ OHLCတွေနဲ့တကွ အဲဒီ့ Periodကနေ Crowd Psychologyကို ဘယ်လို Deriveလုပ်ရမလည်းဆိုတာ ရှင်းပြထားပါတယ်။ Periodကိုတော့ Daily Barတွေလို့ ယူဆလိုက်ပါ။
Bullishဖြစ်တဲ့နေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ Closeဟာ Highနဲ့ တူချင်တူမယ်၊ နည်းနည်းပိုကျချင်ကျမယ်။ အများကြီးတော့ မကွာဘူး။ Closeဟာ Openထက် မြင့်ရင် ပိုကောင်းပါတယ်။
Bearishဖြစ်တဲ့နေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ Closeဟာ Lowနဲ့ တူချင်တူမယ်၊ နည်းနည်းပိုမြင့်ချင်မြင့်မယ်။ အများကြီးတော့ မကွာဘူး။ Closeဟာ Openထက် နိမ့်ရင် ပိုBearishဖြစ်ပါတယ်။
Very Bullishနေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ Openနဲ့ Closeဟာ Highနဲ့ မတိမ်းမယိမ်းပဲ ရှိနေကြမယ်။ Highဟာ မနေ့ကHighထက်မြင့်ရင် ပိုကောင်းတယ်။
Very Bearishနေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ Openနဲ့ Closeဟာ Lowနဲ့ မတိမ်းမယိမ်းပဲ ရှိနေကြမယ်။ Lowဟာ မနေ့ကLowထက်နိမ့်ရင် အဆိုးဆုံးပဲ။
အဖျားရှုးသွားတဲ့ Bullishနေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ ဒါပေမယ့် Closeဟာ Openထက်ပိုနိမ့်တယ်။ ဒါဟာဘာကိုပြလည်းဆိုတော့ ဈေးသာတက်တာ သိပ်တော့ မဟန်ဘူးလို့ဆိုလိုတယ်။ မနက်ဖြန်မှာ ပြန်ကျနိုင်ပါတယ်။ အလယ်က Barကို Focusလုပ်ပါ။
သိပ်မဆိုးတဲ့ Bearishနေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ ဒါပေမယ့် Closeဟာ Openထက်ပိုမြင့်တယ်။ ဒါဟာဘာကိုပြလည်းဆိုတော့ ဈေးသာကျတာ အဆုံးသတ်ကျတော့ ထင်သလောက်မဆိုးဘဲ ဈေးတက်သွားတယ်၊ မနက်ဖြန် ဆက်တက်နိုင်တယ်လို့ ဆိုလိုပါတယ်။ အလယ်က Barကို Focusလုပ်ပါ။
ဇဝေဇဝါ ဖြစ်နေတဲ့နေ့ - OHLCလေးခုလုံးဟာ တစ်ခုနဲ့တစ်ခု သိပ်မကွာပဲ Barဟာ Plusလိုလို၊ Dashလိုလို ခပ်တိုတိုဖြစ်နေပါလိမ့်မယ့်။ Bullနဲ့ Bearတွေ ဘာလုပ်ရမှန်းမသိပဲ သိပ်Activeမဖြစ်တဲ့နေ့ကို ဆိုလိုတယ်။
ပြောဖို့ကျန်သေးတာက Volume။ Volumeကို အောက်ဘက်မှာ သပ်သပ်ပြလေ့ရှိပါတယ်။ Volumeဟာ Periodတစ်ခုအတွင်းမှာ ဘယ်လောက် Units လက်ပြောင်းလက်လွှဲဖြစ်ခဲ့သလည်းကို ပြောပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Interpretationတွေကို Volumeနဲ့ Confirmလုပ်နိုင်ပါတယ်။ ဥပမာ - Very Bullish Dayမှာ Volumeက Averageထက် တော်တော်နည်းနေတယ်ဆိုရင် ဈေးသာတက်တယ် ဝယ်လက်ဒီလောက်မရှိခဲ့ဘူးလို့ ဆိုလိုပါတယ်။