နက်ဇီလူမျိုးများနေထိုင်ရာလိကျန်မြို့လေးတောင်ပတ်ပတ်လည်ဝိုင်းထားသောမြို့လေးတစ်မြို့ ဖြစ်ပြီးယူနန်ပြည်နယ်ထဲတွင်တည်ရှိသောမြို့နယ်ခွဲလေးတစ်ခုဖြစ်ပါသည်။သီးခြားကမ္ဘာလေးလို့တောင်တင်စားခေါ်ဝေါ်ခြင်းခံရတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။ နက်ဇီလူမျိုးဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံကတရားဝင်အသိအမှတ်ပြုထားသောလူမျိုးစု ၅၆ မျိုးအနက်တစ်မျိုးလည်းဖြစ်ပါသည်။သူတို့ဘာသာစကားကိုနက်ဇီလို့ခေါ်ပြီးတိဘက်တိုမြန်မာဘာသာစကားမိသားစုဝင်လို့ ဘာသာဗေဒပညာရှင်များကအုပ်စုခွဲထားကြပါသည်။နက်ဇီတို့မှာထူးခြားသောစာရေးစနစ်လည်ရှိပါတယ်အဲ့ဒါကတော့စကားလုံးများနေရာမှာ ရုပ်ပုံများ ကာတွန့်ဆန်ဆန်သင်္ကေတများ ကလေးလက်ရေးပုံစံများအစားထိုးထားတာတွေ့ရပါသည်။လက်ထပ်ပွဲကျင်းပလျင်လည်းတုတ်ချောင်းနှစ်ခုအပေါ်နှင့်အောက်နှစ်ဆင့်ထပ်နေပုံကိုစာနေရာမှာအစားထိုးပြကြတာကိုတွေ့ရှိရပါတယ်။
နက်ဇီဘာသာစကားသည်တိဘက်စကားထက်
မြန်မာဘာသာစကားနှင့်ပိုပြီးတော့နီးစပ်ကြပါသည်။တောင်ကြားများတွင်နေထိုင်ကြပြီးလယ်သမားများက ဆန်စပါးနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးကြပြီးတောင်ပေါ်နေသူးများကပြောင်းနှင့်ဂျုံ စိုက်ပျိုးကာ ဆိတ်မြင်း မွေးမြူ ကြပါသည်။နက်ဇီတို့သည်ကိုယ်ပိုင်ယဉ်ကျေးမဓလေ့ထုံးတမ်းအစဉ်လာ။ ကိုယ်ပိုင်စာပေဖြင်နေထိုင်ကြသူများဖြစ်ကြောင်းသိရှိရပါသည်။ ၁၃ရာစုမတိုင်မှီအထိလုံးဝလွပ်လပ်သောသူများဖြစ်ကြပြီး ၁၂၅၃ ခုနှစ်တွင် နက်ဇီတို့သည် မွန်ဂိုတို့၏အခြေနေကိုရိပ်စားမိပြီးသစ္စာခံခဲ့ပါ ကြောင်းပြောကြားရင်းနက်ဇီလူမျိုးတို့အကြောင်းကိုအကျဉ်းချုပ်တင်ပြလိုက်ရပါသည်။
creadit,google images