အဲ့ဒီလိုနဲ့ ………
ရည်ရွှယ်ချက်ရှိရှိ ခင်းထားတဲ့တံတားဟာ ကျိုးပျက်ခဲ့
အဲ့ဒီလိုနဲ့………
ရည်ရွှယ်ချက်ရှိရှိ နင်းလျှောက်နေတဲ့ ခရီးလမ်းဟာ ပျောက်ဆုံးခဲ့
အဲ့ဒီလိုနဲ့………
ရည်ရွှယ်ချက်ရှိရှိမက်နေတဲ့ အိမ်မက်ဟာ လန့်နိုးခဲ့
အဲ့ဒီလိုနဲ့…………………………………
……………………… …………………
…………………………………………………
ပန်းပွင့်ဟာ သူ့ရနံ့သူ
ပြန်လည် ထုပ်သိမ်းရင်းပဲ
………………………………
ရင်ဘတ်ထဲက ကျယ်လောင်မှုတွေနဲ့
အများအမြင်မှာ တိတ်တဆိတ်ဆွံ့အရင်း
……………………………
နေ့ခေါင်ခေါင်မှာ တစ်ယောက်ထဲ
မှောင်နေဖြစ်ခဲ့တယ်………
ဒီလိုနဲ့သာ……… နင့်ရဲ့စာမျက်နှာမှာ
ငါဆိုတာ တဖြည်းဖြည်း
မှုန်ဝါးပျောက်ကွယ်သွားတော့မှာပါလေ…………။
Author by@sattpaing