ကျွန်တော်တွေးမိတယ်...။
ဆယ်စုနစ် တစ်ခုရဲ့ အချိန်ကာလပြောင်းလဲမှုတွေကြားမှာ
ကျွန်တော်တို့ ငယ်သွားသလား ကြီးလားသလားဆိုတာကိုပေါ့...။
ခုနစ်သက္ကရာဇ်တွေကို ပြန်တွက်ကြည့်တော့
ပြင်ပ ခန္ဓာဗေဒ ကျွန်တော် အသက်အရွယ် ခန္ဓာကိုယ် ဖွဲ့စည်းမှုအရ
ကျွန်တော်တို့ အသက်တွေကြီးလာပါတယ်။
ဒီလိုဆို ကျွန်တော်တို့ အသိစိတ်တေ ကြီးလာသလား
ဆိုတာကို ကျွန်တော်တို့ထဲက တစ်ဦးတစ်ယောက်များ
တစ်ဦးတစ်ယောက်များစဉ်းစားခဲ့ဖူးသလား?...
ကျွန်တော်တို့ အသိအတွေးများ ဆုံးရှုံးသွားတာလား..
တိုးတတ်လာသလား?လွတ်ထွက်သွားခဲ့သလား?ပျောက်ရှသွားခဲ့သလား?
ကျွန်တော်တို့ အတိတ်ကို သွား၍ တစ်ဆင့်ခြင် ပြန်သွားကြည့်ရအောင်
ှုကျွန်တော်တို့ ကလေးဘဝတွင်
ကျွန်တော်တို့ တခုခုလိုချင်လျှင်... ငိုပါသည်။(ဟုတ်ပါတယ်...
ကျွန်တော်တို့ရဲ့ လုပ်နိင်စွမ်း"ငိုခြင်း"ကို အပြည့်အဝအသုံးချပြီး လိုချင်တာကိုရအောင်ယူတတ်ကြပါတယ်...။
လမ်းရှောက်နိင် တဲ့ အရွယ် အနည်းငယ် သန်မာလာတဲ့အရွယ်မှာ
ကျွန်တော်တို့ လိုချင်တာကို ကိုယ့်ဘာသာ ကြိုးစားဆွဲး ယူကြပါတယ်။ (တချို့ကလေးများဆိုလျှင်...
လုပါလုတတ်ကြပါသည်)။
၈နစ်သားအရွယ်ခန့်ကလေးငယ်ဘဝတွင် လူကြီးစကားများအားပြေားဆို၍ ... အရာရာသိသယောင်နှင့် ထိန်းသိမ်းရခက်သော လူုကြီးတစ်ပိုင်း ကလေးများဖြစ်လာကြသည်။(ကျွန်ပ်၏ ယူဆချက်များအား... မိဘနှင့်သက်ဆိုင်သည်ဟု
complain တတ်နိင်ပါသည်။မည်သို့ပင်ဆိုစေကာမူ ကျွန်ပ်၏ အဖြေအား
ပြင်ဆင်ပေးနိင်မည်မဟုတ်ပါ။)
ကျွန်တော်အနေဖြင့်
အလိုလိုက်ထားသောကလေးတစ်ယောက်အား မြင်းဖူးသကဲ့သို့
.အင်မတန် စည်းစနစ်ကြီးမာစွာဖြင့် ထိန်းချူပ်ခံထားရသော ကလေးတစ်ဦးအား ယှဉ်တွဲး၍ မြင်ဖူးပါသည်။)ကွာခြားခြင်းမရှိပါ။
လူတစ်ယောက်၏
အခြေ ခံ ပကတိသဘေားတရားသည်
ဤသို့သာဖြစ်မည်ထင်တယ်။(ဦးနောက်ချို့ယွင်းသေားကလေးများ မူးမမှန်ကွဲးပြားသောကလေးများနှင့် genius ဖြစ်သောကလေးများအား ပြသ၍ ကျွန်ပ်အား စကားကပ်သက်မပြေားစေလို)...။
14 15 နစ် ကလေးများ အရွယ်သို့ရောက်လာသည်။
သင်အပါအဝင် အတော်များများအိမ်နှင့်အဆင်မပြေကြတော့ပါ။
လွတ်လပ်မှု၏ အရသာကိုအပြည့်အဝလိုချင်သော
ကလေးများဖြစ်လာပါသည်။ပြိုင်ဆိုင်လိုခြင်း၊သူတပါးထက်သာလိုခြင်း၊ဂုဏ်ပြုမှုရယူလိုခြင်း၊ စသည့် အကြောင်းအရားများ ရုပ်လုံးပီပြင်စွာ ထွက်လာကြသည်။
ဤသို့ဖြင့် အဆင့်ဆင့် ကျွန်ပ်တို့ လူငယ်ဘဝမှ လူလတ်ပိုင်း လူကြီးအရွယ်သို့ရောက်ရှိလာကြသည်....။
သိပ္ပံစမ်းသက်လေ့လာမှုများနှင့် စိတ်ပညာသဘေားတရားအရ....
"လူ၏ ပကတိသဘေားတရားသည်အကြမ်းဖက်လိုသောသဘေားတရားရှိသည်"ဟူသော ယူတချက်တစ်ရပ်အားသင်ကြားဖူးပါသလား?
လက်ခံပါသလား? ....။
အဖြေကို သင်စိတ်ထဲမှာထားပါ။
ကျွန်ပ်အနေနဲ့ အပြည့်အဝလက်ခံပါသည်။
(မှတ်ချက်-ထို သို့ လက်ခံမှုအတွက် ကျွန်ပ်အား လူမိုက်လူရမ်းကားပြဿနာကောင်အနေဖြင့် မထင်ကြစေလို...ကျွန်တော်ကိုယ် ကျွန်တော်တာဝန်ယူပါသည်။ ကျွန်ပ်သည် အများသူငါထက်အေဆေးစွာ c.ငြိမ်းချမ်းစွာနေတတ်သည့် ဗီဇရှိပါသည်။
ထို သဘေားတရားအား လက်မခံမဖြစ်နိင်ဟု
သင်ကိုယ်သင် သံသယရှိပါက....ကျွန်ပ်နင့် ဆက်သွယ်စေလိုပါသည်။
သင်ကျေနပ်အောင် ရှင်းပြနိင်မည်ဟု တာဝန်ယူပါသည်။
......
စာဆက်ပါမည်။ သင် ယခု လက်ရှိအသက်အရွယ်နှင့်
သင့်၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများအား...
သုံသပ်ခဲ့ဖူးပါသလား?
သင်တိုးတတ်လာသလား ? သင်ဆုပ်ယုတ်သွားသလား?
သုံးသပ်စေလိုပါသည်။..................
ကျွန်ပ်ထင်ပါသည်....
ကျွန်ပ်တို့သည်... အသက်ကြီးနေသော ကလေးငယ်များသာဖြစ်သည် ဟု ဆိုချင်ပါသည်။
(မည်သည့်အရာကို ဆိုလိုချင်မှန်းမသိလျှင်
သင်တို့၏ အပြစ်မဟုတ်ပါ။ကျွန်ပ်၏ အားနည်းချက်သာဖြစ်ပါသည်)။
ဦးနောက်အတွင်းမှ အတွေးများသည် ဖမ်းဆုပ်ကိုင်ရန်နှင့် အပြည့်အဝရှင်းလင်းပြေားနိင်ရန်
မလွယ်ဘူသည့်အပြင်.... အသေးစိတ်ရှင်းလင်းမှုအား ပျင်းရိတတ်သော
ကျွန်ပ်၏ အားနည်းချက်အားခွင့်လွှတ်ကြပါရန်......