G-20 forum ကို 1999တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဂျင်တီးနား၊သြစတြေးလျ၊ဘရာဇီး၊ကနေဒါ၊တရုတ်၊ပြင်သစ်၊ဂျာမနီ၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဂျပန်၊အီတလီ၊မက်ဆီကို၊ကိုးရီးယား၊ရုရှား၊ဆော်ဒီအာရေဗျ၊တောင်အာဖရိက၊တူရကီ၊UK၊USAနှင့် ဥရောပနိုင်ငံများသမဂ္ဂ အစရှိသည့် နိုင်ငံ(၂၀)တို့ပါဝင်ဖွဲ့စည်းထားပါသည်။G-20၏အဓိကလုပ်ငန်းစဉ်မှာ နိုင်ငံတကာ၏ ဘဏ္ဍာရေးငွေကြေးအခြေအနေ ထိန်းညှိရန်ဖြစ်သည်။G-20အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးများမှ bitcoin ကဲ့သို့ cryptocurrency များမှ အခွန်ရှောင်လွဲမှုများ ပပျောက်ရေးကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။G-20 နိုင်ငံများ၏ cryptocurrency အပေါ်ဆန္ဒသဘောထားကောက်ခံရာ နောက်ဆုံးတွင် ငွေးကြေးတစ်ရပ်အနေနှင့် မဟုတ်ဘဲ asset တစ်ခုအနေဖြင့် ပို၍ဖြစ်နိုင်ကြောင်းပြောကြားခဲ့ကြသည်။ယင်းကဲ့သို့သတ်မှတ်ခြင်းဖြင့် crypto assets များအပေါ် ရင်းနှီးမြှူပ်နှံမှုမှ ရရှိလာသော အကျိုးအမြတ်ပေါ်တွင် အခွန်ကောက်ခံလာနိုင်မည်ဖြစ်သည်။နယ်သာလန်ဘဏ်၏ ဥက္ကဌဖြစ်သူ Klaas Knot မှ crypto assets ဟုခေါ်သည်ဖြစ်စေ crypto tokens ဟုခေါ်သည်ဖြစ်စေ ငွေကြေးတစ်ရပ်အနေဖြင့် မည်သို့မှ မဖြစ်နိုင်ကြောင်း၊ မည်သည့်cryptoမှ စီးပွားရေးနယ်ပယ်တွင်သတ်မှတ်ထားသော ငွေကြေးစံသုံးရပ်နှင့် မကိုက်ညီကြောင်းပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ၆ လခန့်က ထုတ်ပြန်ခဲ့သော G-20၏ ထုတ်ပြန်ချက်များတွင် cryptocurrency အပေါ်မျက်ကွယ်ပြုထားရန်ခက်ခဲလာကြောင်း ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ငွေကြေးခဝါချမှုများအပေါ် စိုးရိမ်လာကြောင်းပြောကြားခဲ့သည်။ FSBဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Bank of England
အကြီးအကဲ Mark Carney မှ Bitcoin ကဲ့သို့ cryptocoins များ၏ လျင်မြန်စွာ ကျယ်ပြန့်လာမှုသည် တစ်နေ့တွင် ငွေကြေးစနစ်များကို ခြိမ်းခြောက်လာနိုင်ကြောင်းသတိပေး ပြောဆိုခဲ့ပါသည်။
နိုင်ငံငွေကြေးအာဏာပိုင်များမှလည်း လက်ရှိအခြေအနေသည် crypto industry များ၏ အစသာရှိသေးကြောင်းနှင့် ယခုခဲ့သို့ အစောပိုင်းကာလတွင် နိုင်ငံတကာမှ စည်းမျဉ်းဥပဒေများချမှတ်ကာ ခြိမ်းခြောက်လာမည့်အန္တရာယ်များမှ ရှောင်လွဲနိုင်ရန်နှင့် အခွန်စည်းကြပ်နိုင်မည့်နည်းလမ်းများချမှတ်ရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
#sayrchan(MSO-48)
Img ref: www.bitcoinargentina.org