()
ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် ဆွန်ကစ်ဂျတူဆရီပီတခ်မှ cryptocurrency နှင့် ICOs များအတွက် ဥပဒေမူကြမ်းနှစ်ရပ်အားရေးဆွဲလျက်ရှိပြီး မတ်လကုန်တွင်ထုတ်ပြန်ရန်ရှိကြောင်းတရားဝင် ကြေညာခဲ့ပါသည်။cryptocurrency များနှင့်ပတ်သတ်သော သတင်းများအား ရေးသားလျက်ရှိသော နာမည်ကြီးသတင်း website ဖြစ်သော coindesk ၏ရေးသားချက်အရ ဥပဒေမူကြမ်း၏ပထမအချက်မှာ digital assetများအား ဝန်ဆောင်မှုပေးနေသော exchange၊အရောင်းကိုယ်စားလှယ်များ၊brokers များအနေဖြင့် တရားဝင်မှတ်ပုံတင်ခြင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း ၊ဒုတိယအချက်မှာ cryptocurrency နှင့် icos လုပ်ငန်းများမှ အခွန်စည်းကြပ်ရန် ဥပဒေဖြစ်ကြောင်း ဖော်ပြထားခဲ့ပါသည်။
လက်ရှိဈေးကွက်တွင် bitcoin ဈေးကျဆင်းမှုနှင့်အတူ cryptocurrency ဈေးကွက်တခုလုံးပြိုဆင်းလျက်ရှိသော်လည်း Cryptocurrency အား တရားဝင်ပိတ်ပင်မှုမျိုးယခုထက်တိုင်မြင်တွေ့ရခြင်းမရှိသေးပေ။နိုင်ငံအသီးသီးမှလည်း ၎င်းဒစ်ဂျစ်တယ်ငွေကြေးများ၏ လျင်မြန်စွာတိုးတက်လာမှုအပေါ် ထင်မြင်ချက်အမျိုးမျိုးဖြင့်မြင် ပြောဆိုနေကြသော်လည်း နိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့စည်းများအနေဖြင့် အခွန်စည်းကြပ်ရန်သာ ဥပဒေရေးဆွဲဆောင်ရွက်နေခြင်းမှာ အပေါင်းလက္ခဏာဆောင်သော လုပ်ငန်းရပ်များဟုသာယူဆမိပါသည်။
#sayrchan(MSO-48)
Image Ref: www.google.com