စားပွဲထိုးတွေရဲ့
ခပ်စွာစွာ လှမ်းမှာတဲ့အသံတွေရယ် ...
ကိုယ့်လှော်တက်ကိုယ်ကိုင်ပြီး
ကိုယ်စီးဆင်းချင်ရာ မျှောလိုက်နေတဲ့သူတွေရဲ့
အသန့်ရှင်းဆုံးလေဟာနယ်တွေရယ် ...
ကိုယ့်တိမ်တိုက်ကိုယ်ဆောက် နေတဲ့
စီးကရက်ငွေ့ တစ်လိမ်းလိမ်းရယ် ...
ဒါတွေဟာ
ငါ့ရင်ခွင်ကို
အစုပ်လိုက် လာလာပက်တဲ့ အလင်းစက်တွေပါ။