လူတွေရဲ့ စိတ်အစွမ်းသတ္တိဟာ ထင်မှတ်မထားတဲ့ တန်ခိုးစွမ်းအင်တွေရှိပါတယ်.... အသက်အန္တရာယ်ကြုံလာတဲ့အခါ အစိုးရိမ်လွန်လာတဲ့အခါ သာမန်အနေအထားနဲ့ မဖြစ်နိုင်... မလုပ်နိုင်တဲ့ စွမ်းအင်တွေရလာတတ်တာကို သတိပြုမိပါလိမ့်မယ်... ပုံမှန် မ မနိုင်တဲ့ ပစ္စည်းအလေးတွေကို မနိုင်လာတာမျိုး... ပုံမှန်မခုန်နိုင်တဲ့အမြင့်ကို ခုန်နိုင်လာတာမျိုးဟာ စိတ်ရဲ့ တန်ခိုးအစွမ်းသတ္တိတွေဖြစ်ပါတယ်... မိမိကိုယ်တိုင်ဆက်လက်အသက်ရှင်လိုစိတ်... မိမိချစ်ခင်သူတွေကို အသက်မဆုံးရှုံးစေလိုစိတ်တွေ ပြင်းပြတဲ့အခါ အခုလို အစွမ်းတွေရလာတာဖြစ်ပါတယ်... သေလုနီးပါးဖြစ်နေတဲ့အချိန်မှာ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် အသက်မဆုံးရှုံးပဲ လူကောင်းပကတိ ပြန်ဖြစ် လာတာတွေလည်း တွေ့ဖူးကြားဖူးကြမှာပါပဲ...
ချမ်းသာကြွယ်ဝလိုတဲ့ စိတ်ဆန္ဒပြင်းပြလာရင် ချမ်းသာဖို့နည်းလမ်းတွေသင်ရှာကြံလုပ်ကိုင်လာပါမယ်... ဒါဆိုရင် ဘာမှမလုပ်တဲ့သူထက် သင့်မှာ ချမ်းသာချင်တဲ့ စိတ်ဆန္ဒပြင်းပြနေပါပြီ... အဲ့ဒီလိုပြင်းပြတဲ့အတွက် သင်ချမ်းသာဖို့ အများကြီးနီးစပ်သွားပါပြီ... သမ္မတဖြစ်ချင်တဲ့ ဆန္ဒပြင်းပြရင် သမ္မတဖြစ်နိုင်မယ့်နည်းလမ်းတွေ... လူထုထောက်ခံမယ့်အချက်တွေကို သင်ရှာကြံပြင်ဆင်လာပါလိမ့်မယ်... သင့်ရဲ့ပြင်းပြတဲ့ စိတ်ဆန္ဒက သင့်အောင်မြင်မှုဆီကို ခေါ်ဆောင်သွား ပါလိမ့်မယ်...
တစ်ချို့ကပြောပါလိမ့်မယ်... သူတို့မှာ ပြင်းပြတဲ့စိတ်ဆန္ဒတော့ရှိပါတယ်... အခုထိမအောင်မြင်သေးဘူးလို့ဆိုပြီး.... မအောင်မြင်ရတဲ့ အကြောင်းရင်းကတော့ အောင်မြင်လောက်တဲ့အထိ စိတ်ဆန္ဒပြင်းပြမှုမရှိသေးလို့ပါပဲ... သင်တကယ်အောင်မြင်ချင်တဲ့အခါ အောင်မြင်မယ့်နည်းလမ်းကိုရှာလာပါလိမ့်မယ်... အောင်မြင်သူတွေဆီကအကြံဥာဏ်ယူပြီး... အောင်မြင်မယ့်လမ်းကြောင်းကို လျှောက်ပါလိမ့်မယ်... ကြုံတွေ့သမျှ အခက်အခဲတွေကို ရင်ဆိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်သွားနိုင်ပါလိမ့်မယ်... အရာရာတိုင်းအတွက် အခြေခံအကျဆုံးကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒပဲ ဖြစ်ပါတယ်...