အသိဥာဏ်ကျယ်လာတာနဲ့ အမျှ လွတ်လပ်ခွင့်ဟာ ကြီးမားလာတယ်
စိတ်ကျန်းမာရေးမပြည့်စုံသူတွေကို
လူ့ အဖွဲ့ အစည်းအတွင်းမှာ ပေးမထားဘူး... သိပ်ကြမ်းတဲ့ ဝေဒနာရှင်တွေဆိုရင် အခန်းထဲ ထည့်ပိတ်ထားရတဲ့အထိပဲ...
ဥာဏ်ရည်နည်းရင်
ထိန်းချုပ်ခံရမှုများမယ်...
လိင်လွတ်လပ်ခွင့်နဲ့ ပတ်သတ်ရင်
လူငယ်တချို့ဟာ အနောက်ကမ္ဘာရဲ့ စံနဲ့  တိုင်းတာချင်ကြတယ်...
ဒါပေမယ့် ရင့်ကျက်မှုပိုင်းမှာတော့ ယှဉ်ပြိုင်တိုင်းတာလိုစိတ် မရှိကြဘူး
အိတ်ထဲမှာ ကွိုင်ဆောင်ထားတဲ့ပေါ်နေတဲ့
ဓါတ်ပုံကို သောက်ရှက်ဝိုင်းခွဲတယ်
မမြင်သင့်ဘူး မပေါ်သင့်ဘူးလို့  ပြောဦးမလား... ဒါဆို shareပြီး ပဏာယူဖို့ ရော သင့်ရဲ့လား...
ဟာသလုပ်ချင်လည်း ဒီစုံတွဲရဲ့ မျက်နှာကို ဖျက်ထားဖို့ သင့်တာပေါ့
သူတို့ နိုင်ငံက ၁၈နှစ်နဲ့  ကိုယ့်နိုင်ငံက ၁၈နှစ် ဟာ အသိဥာဏ်မတူဘူး
စည်းကမ်းပိုင်းလိုက်နာမှု မတူဘူး
သူတို့ နိုင်ငံက ယောကျာ်းလေးတွေဟာ မိန်းကလေးသဘောမတူရင် အတင်းအကြပ် မလုံးဘူး
မိန်းမတွေကလည်း အကျီ င်္ ချွတ်ပြီးတာတောင် ငြင်းချင်ငြင်းပစ်တာ...
ပြောချင်တာက လိင်စိတ်အပေါ် controlကောင်းတယ်...
လိင်ဆက်ဆံခံရတာနဲ့  ဘဝပျက်ပါပြီလို့ လည်း မတွေးဘူး
အကျီ င်္ချွတ်ပြီးလည်း ဆန္ဒမရှိတော့ရင် ငြင်းပစ်တာ ...
မထူးဇာတ်မခင်းဘူး....
နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ဟာ နိုင်ငံသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး အသိပညာနဲ့ 
တိုက်ရိုက်အချိုးကျတယ်...
သိပ်အယူသီးသူတစ်ယောက်ကို
ထမိန်နဲ့ အုပ်ရင်ရိုင်းတယ်
ကိုယ်ယုံယုံမယုံယုံ
သူယုံနေတာကို အတင်းအကြပ် မပြောင်းလဲရဘူး
ဒီလိုပဲ အပျိုစင်ပေါ် သိပ်တန်ဖိုးထားတဲ့ မိန်းကလေးတွေရှိတယ်...
နောက်စံ နဲ့ တိုင်းပြီး သွား
ကျူးလွန်မယ်ဆိုရင် မှားတယ်...
virginity ကို မိမိယောကျာ်းဆီမှာပဲ အပ်မယ်ဆိုတဲ့ မိန်းကလေးတွေဟာ အနောက်ကမ္ဘာမှာတောင် ရှိနေကြသေးတယ်...
ဒီလိုထိန်းသူကို အိနြေ္ဒရှင်
မထိန်းသူကို မိန်းမပျက်လို့  စွပ်စွဲမယ်ဆိုလည်း မှားတယ်
မထိန်းသူကို social ကျတယ် ထိန်းသူကို တုံးအတယ်ဆိုရင်လည်း မှားတယ်....
ထိန်းလိုသည်ဖြစ်ဖြစ် မထိန်းလိုသည်ဖြစ်ဖြစ် ကိုယ့်ရဲ့ personal rightပဲ
ဘယ်လောက်အထိ နားလည်မှုတွေရှိကြပြီလဲ
ဘယ်လောက်အထိအမြင်ကျယ်ကြပြီလဲ...
ဘယ်လောက်နားလည်မှုတွေ ပေးနိုင်ပြီလဲ...
ကိုယ်ဝန်ဖျက်ချမှုတွေမဖြစ်ရအောင်
မလိုချင်တဲ့ကိုယ်ဝန်မရအောင်...
တားဆေး ကွိုင် စတာတွေကို ပွင့်လင်းစွာဆောင်ရဲပြီလား
တစ်ဖက်က ပြန်တွေးရင် ဆောင်သူတွေကို ရော နားလည်ပေးနိုင်ဖို့  အသိရှိပြီလား...
ပြိုင်တူချဉ်းကပ်မှသာ လွတ်လပ်ခွင့်ပြည့်ဝတဲ့ နိုင်ငံဆီကို ရောက်ရှိမှာ...
တချို့ အရာတွေဟာ အစိုးရက
ထိန်းချုပ်ထားတာမဟုတ်ဘူး
ပြည်သူချင်း ချည်ထားတဲ့ကြိုးတွေ...
တေလာဆွစ်သာ မြန်မာနိုင်ငံမှာဆိုရင်
အောင်မြင်ဖို့  နေနေသာသာ တံတွေးခွက်ထဲတောင် ပက်လက်မျောသွားဦးမယ်...
အနောက်ကမ္ဘာနဲ့  လိင်လွတ်လပ်ခွင့် ယှဉ်ဖို့ ဆိုရင် ရင့်ကျက်မှု အသိဥာဏ်ကြွယ်ဝမှုလည်း ယှဉ်သင့်တယ်...
ကလေးတစ်ယောက်ကို တစ်ယောက်တည်း ဘုရားပွဲမသွားခိုင်းတာဟာ မိဘရဲ့
ချုပ်ချယ်လိုစိတ်ကြောင့်မဟုတ်ဘူး
ကလေးရဲ့ ဥာဏ်ရည်နဲ့  ခွန်အား နည်းပါးမှုကြောင့်...
သူ့ ကိုယ်သူ စောင့်ရှောက်နိုင်စွမ်း နည်းပါးမှုကြောင့်... ဘုရားပွဲသွားတာပျက်စီးပါတယ်လို့  မဆိုလိုဘူး
ဘုရားပွဲသွားလို့  ဖြစ်လာမယ့်
ဆိုးကျိုးတွေကို ကလေးက ဖြေရှင်းနိုင်စွမ်းနည်းပါးလို့ ...
ဒီနေ့ ခေတ်မှာ မဟာပူရိသဝါဒ ဆန်ပါတယ်လို့  အထင်ခံရတယ်
အမျိုးသားတွေအတွက် လိင်ဖျော်ဖြေမှုက ပေါများသလောက် အမျိုးသမီးတွေအတွက် နည်းပါးတယ်...
ကျင့်ဝတ်ဘာမှန်းမသိတဲ့ကောင်နဲ့  လိင်ဆက်ဆံမိရင် သောက်ရှက်ပါကွဲသွားနိုင်တယ်
VIDEOတွေတင်ပစ်တယ်
ခြိမ်းခြောက်မှုတွေလုပ်တယ်
စားခွင့်မရတော့တဲ့အမဲကိုလည်း သဲပက်ကြတယ်....
ယောကျာ်းက ဆော်များရင်Master keyတဲ့ မိန်းမက ဘဲများရင် သော့ပျက်တဲ့...
မိန်းမတွေကို နှိပ်ကွပ်ထားတဲ့ ရှေးရိုးစွဲ လိင်အယူအဆတွေကို မိန်းမတွေကိုယ်တိုင် တော်လှန်ဖို့  ကခက်တယ်....
ဝိုင်းပြောကြမှာပေါ့
''လွတ်လပ်စွာခံခွင့် တတ်ကြွလှုပ်ရှားသူ'' ဆိုပြီး...
ဒီတော့ မိန်းမတွေ ကြုံတွေ့ ရတဲ့ မမျှတမှုကို မိန်းမတွေကိုယ်တိုင် ထုတ်ဖော်ဖို့ က ခက်နေကြတယ်
လိင်ဆက်ဆံလိုတာကို အမှန်တရားလို့  ဆိုလိုတာမဟုတ်ဘူး
ဒါပေမယ့် သဘာဝတရားပဲ...
မိန်းမချင်းလည်း အမြင်မတူဘူး
ဒီမဟာဖိုဝါဒအောက်မှာ လွှမ်းမိုးခံရတဲ့ မိန်းကလေးတွေကလည်း လွတ်လပ်လိုသူတွေကို မိန်းမပျက်လို့  သမုတ်ချင်ကြတယ်...
ဒီစာဟာ လိင်ဆက်ဆံမှုကို အားပေးချင်တဲ့စာမဟုတ်ဘူး
လူအခွင့်အရေးကို အားပေးလိုတာပါ
လွတ်လပ်ခွင့်ကို အားပေးလိုတာပါ
ဥာဏ်ရည်မပါရင် လွတ်လပ်ခွင့်လို့  မဆိုပြန်ဘူး
ဒါဟာ ဗရမ်းဗတာဆန်ခြင်းဖြစ်သွားမယ်
လွတ်လပ်ခြင်းမှာ စည်းတွေဘောင်တွေရှိတယ်
တိရိစ္ဆာန်တွေလို လူမြင်ကွင်းမှာ မဆက်ဆံနဲ့  Public မှာ မချပြနဲ့ ...
လွတ်လပ်ခွင့်ဟာ ဥာဏ်ပညာနဲ့  ဆက်စပ်နေတယ် ဘေးထွက်ဆိုးကျိုး တွေကို ဖြေရှင်းဖို့  မရင့်ကျက်သ၍ လွတ်လပ်ခွင့်နဲ့ မတန်သေးဘူးလို့  မြင်မိပါတယ်
အသုံးအနှုံးကြမ်းသွားရင် ခွင့်လွှတ်နားလည်ပေးပါ
Writer by@soesandar
SMT 13
Steemit Myanmar Team