ကိုယ်ဘယ်တုန်းက စပြီး စာဖတ်သလဲဆိုတာ ဆန်းစစ်ကြည့်မိတယ်
၂ တန်း ၃ တန်းလောက်က ထင်တယ် မြောက်ပိုင်းက ကိုဇာနည်တို့အိမ်က ရွှေသွေး က စပြီး ဖတ်ဖြစ်တာပဲ
ရွှေသွေးက စပြီး အဖေ အမေက ကျောင်းဆရာ ဆရာမ ဆိုတော့ ပညာတန်ဆောင်( စာစောင်လို့ခေါ်မယ်ထင်တယ် ) တွေ လစဉ် ရတော့
အဲ့က ကာတွန်းလေးတွေဖတ်တယ် ပုံပြင်လေးတွေဖတ်တယ် ဝတ္ထုအတိုလေးတွေဖတ်တယ်
နောက်... နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းမှာပါတာလေးတွေ ဖတ်ဖြစ်တယ် မှတ်မိသလောက်ဆိုရင် အခန်းဆက်လာတဲ့ သက်လုံရဲ့ အနောက်သို့ခရီးသွားမှတ်တမ်း
တစ္ဆေ သရဲအကြောင်းတွေ စိုးမြင့်လား မြင့်စိုးလားတော့မသိ သူရေးတဲ့ ဗန်တို ဗန်ရှည်တွေ xD :-P (ပုံလေးတွေပါ ပါတယ် နည်းနည်းပါးပါးလိုက်ကျင့်ကြည့်သေးတယ်)
အဖေကတော့ အဲ့အထဲက ဆေးမြီးတိုတွေကို ဗလာစာအုပ်လေးနဲ့ သေချာကူးလေ့ရှိတယ်
ဒီလိုနဲ့ပဲ အသက်လေးရလာခဲ့တော့ စာဖတ်လေးလည်း မြန်လာခဲ့တယ်ပေါ့ ၄ တန်း ၅ တန်းလောက်ရောက်တော့ အစ်ကိုဝမ်းကွဲတွေ ဦးလေးတွေ ငှါး ငှါး လာတဲ့ သိုင်းစာအုပ်တွေ ဖတ်ဖြစ်တယ် မကောင်းသူပယ် ကောင်းသူကယ် အဖြူရောင် သိုင်းသမားပေါ့ xD ငိငိ
အံမယ် မဆိုးဘူးဟပေါ့ အချို့သိုင်းကွက်တွေဆို စာအုပ်ကလေးဘေးချပြီး ကျင့်ကြည့်သေးတာ ( ဟီးဟီး :-P စိတ်ကူးယဉ်ပြီး ပုံဖော်ကြည့်တာလည်းပါတယ် )
အဖေ့ရဲ့ ကျွန်းသေတ္တာထဲမှာ ခြကိုက်နေတဲ့ ပုံပြင်စာအုပ်တွေ ဗုဒ္ဓဝင်တွေလည်း လျှောက်ဖတ်တာပဲ
ယူနီဆက်က ပေးတဲ့ သုတရတနာသိုက်တွေဆို ကိုယ်တွေအကြိုက်ပေါ့
အကောင်ပလောင်တွေ ကုန်းနေ ရေနေ သတ္တဝါတွေ ပျံတဲ့အကောင်တွေ မျိုးတုန်းသွားတဲ့ ဒိုင်နိုဆောတွေအကြောင်းလည်း ပါတာကိုး
အာကာသအကြောင်းတွေလည်းပါတယ် သချာင်္နဲ့ပတ်သတ်တာထဲမယ်ဆို ဘုရင်က ဆုချချင်လို့ ကြိုက်တာတောင်းဆိုတော့
ဒီနေ့ကို ဆန်စေ့ တစ်စေ့ နောက်ရက်ကို ၂ စေ့ အဲ့နောက်ကို ၄ စေ့ ဆိုပြီး
တောင်းတဲ့ဘဲဆို သိပ်သဘောကျတာလား...
ဂယ်လီလီယိုအကြောင်းလည်း ပါတယ်ဗျာ
ပန်းသီးကြွေကျတဲ့ နယူတန်အကြောင်းလည်းပါတာပဲ
ပိရမစ်တွေရဲ့ အမြင့်ကို အရိပ်ကျတာကနေတိုင်းတဲ့သူအကြောင်းလဲ အဲ့ထဲမယ်ပါသေးသကိုး
သုတရတနာသိုက်ဆိုတဲ့အတိုင်းပဲ အတော်ကောင်းတာကိုးဗျ စာရွက်သားတွေကလည်း ကောင်းမှကောင်းပဲ ကာလာတွေစုံတယ် ထားပါတော့.....
အဲ့နောက်မယ်တော့ ရွှေဥဒေါင်း နဲ့ ငွေဥဒေါင်းရဲ ( ဘယ်သူက ဘာရေးတာလည်းတော့မမှတ်မိတော့ဘူး )
ဦးစံရှား ဦးထင်ကျော် ကို သွားတွေ့ပါလေရော... ( ဦးထင်ကျော်က ပေါက်ခေါင်းက ကိုကြီးအိမ်မှာတွေ့တာထင်တယ် )
နွေရာသီ ကျောင်းပိတ်ရက်တွေမယ်ဆို ကိုယ်က အပြင်ထွက်မဆော့ဖြစ်တာများတယ် စာပဲဖတ်နေတာ
နောက်... ဓနမဂ္ဂဇင်းထဲက ကမ္ဘာကျော် ကိုဟီးနိုးစိန် အကြောင်း ဆွန်ဇူးရဲ စစ်ကြမ်းနဲ့ယှဉ်ပြီး ရေးပြထားတဲ့ စီးပွားရေးအကြောင်းလည်း ဖတ်လိုက်သေးတာ ( စီးပွားရေးကို စိတ်ဝင်စားလို့မဟုတ် ဆွန်ဇူးအကြောင်းရေးတဲ့အချိန်မယ် စစ်ပွဲတွေအကြောင်းပါ ပါတယ် အဲ့ဒါကို ကြိုက်တာ )
မှန်နန်းရာဇဝင်လည်း ဖတ်တယ် အဖေ့ရဲ့ ခြစားနေတဲ့ စာအုပ်တွေထဲကပေါ့ ကိုလေးကျော်မှူးရဲ့ ဘာသာကြီးလေးရပ် အနှစ်ချူပ်လည်းဖတ်လိုက်သေးတာ
အဲ့ထဲမယ် ရာမ လက္ခာ ဘာညာပါတယ်လို့ ထင်တာပဲ
အချစ်ဝတ္ထုကတော့ ဘဝတစ်လျောက်မယ် လက်ချိုးရေလို့ရလောက်အောင် နည်းတယ်
ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူကို တစ်ဝက်ထိပဲ ဖတ်နိုင်ခဲ့တယ် ကိုယ်ဖတ်ဖူးတဲ့ ရာဇဝင်နဲ့ ပြောင်းပြန်နီးပါးဖစ်နေလို့ ( ဇာတ်လမ်းကဖြစ်တာမဟုတ် ဒဿ ကို မင်းသားအထှာနဲ့ ရေးတာကို သဘောမကျတာ )
သိုင်းစာအုပ်တွေထဲမယ် ကုလုံ ရေးတာတွေဆို သိပ်သဘောကျတာလား xD ( သိုင်းစာအုပ်တွေရဲ့ နောက်ကျော သို့ ရှေ့မှာ မူရင်းရေးသူပါလေ့ရှိတယ် ဥပမာ ကုလုံ၏ ကောကေ့ရှမ်း ဘာညာပေါ့ )
ဘာသာပြန်တွေကိုကျတော့ ဘာမြူဒါတြိဂံအကြောင်းရေးထားတာကနေစပြီး သတိထားမိတာပဲ
ပထမနှစ်ကုန်ခါနီးမှာ သော်ကြီးစီက ရတဲ့
လေ့လွင့်သူ တို့ လူကလေးသို့ပေးစားများတို့ကို စပြီး သဘောကျရာကနေ စပြီး
အကုန်လျှောက်ဖတ်တော့တာ