ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြပြီဆိုရင်
ပြင်လို့မရတော့တဲ့ အတိတ်က အမှားတွေကို ချစ်သူတွေရဲ့
အနာဂတ်လှဖို့အတွက် ပစ္စုပ္ပန်မှာ လက်ညှိးထိုးပြောဆိုတာမျိုး
မလုပ်သင့်ပါဘူး။
တကယ်ချစ်ကြပြီဆိုရင် အတိတ်တချိန်တုန်းက ပြင်လို့မရတဲ့
အမှားတစ်ခုကို တစ်ဘက်ကမှားနေခဲ့တယ်ဆိုရင်တောင်လက်ခံ
နားလည် ပေးရမှာပဲ။ချစ်သူရယ်လိုဖြစ်လာပြီဆိုရင် တစ်ယောက်
သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။ အပြစ်ပြောပြီး
ပတ်ဝန်းကျင်ပြုမူသလို ပြုမူလိုမရပါဘူး။
လောကမှာ အမှားကင်းတဲ့ လူရယ်လို့မရှိဘူး။သူလည်းမှားခဲ့သလို
ကိုယ်လည်းမှားခဲ့ကြမှာပဲလေ။ကိုကမမှားခဲ့ဘူးဆိုရင်တောင် သူ
အတိတ်ကို သိ့ရဲ့နဲ့ချစ်ခဲ့ကြပြီးပြီးဘဲလေ။ဒါကို နားလည်သဘော
ပေါက်ထားရမယ်။အပြစ်တွေမြင်ပြီး အချစ်တွေလျော့သွားမယ်ဆို
ရင် တကယ်ချစ်နေတဲ့လူအတွက် ဘယ်တရားတော့မလဲ။
ဒါကြောင့် ကိုတကယ်ချစ်လာပြီး မဆုံးရှုံးနိုင်တော့ဘူးဆိုရင်
အတိတ်က သူ့ဘဝကို နားလည်ပေးလိုက်ပါ။အချစ်ဆိုတာ ကိုချစ်
နေတဲသူကို နားလည်ပေးပြီး ကို့ကိုလဲသူက ကိုယ်ချစ်သလို ချစ်နေ
တယ်ဆိုရင် ပတ်ဝန်းကျင် အမြင်တွေ အတိတ်အမှားတွေဆိုတာ
လေထဲက အမှုန့်လေးတွေလိုပါဘဲ။ရှိတယ်ဆိုတာသိ့ပေမယ့်။မမြင်ရ
တဲ့သဘောလိုဘဲ။တကယ်ချစ်လာပြီဆိုရင် ချစ်တဲစိတ်ကလေးနဲ့ဘဲ
ကြည့်နေလိုက်ပါ။