ဖြတ်သန်းခဲ့ရသော Happy Time ကလေးများ......(၃)
မင်္ဂလာပါ ခင်ဗျာ။ ကျွန်ုပ်၏ ဖြတ်သန်းခဲ့ရသော Love Timeလေးများ post အား ဖက်ရှူ့အားပေးကြသော မိတ်ဆွေများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ပြီးခဲ့ပြီဖြစ်သောရှေးတစ်ပတ်ခန့်က Love Time ကလေးများ (၁)အားတင်ဆက်ပြီးဖြစ်၍ ယခု post တွင် အပိုင်းဆက်အားဆက်လက် တင်ပြခွင့်တောင်းဆိုရင်း ကျန်ရှိနေသေးသော အပိုင်းအား တင်ဆက်ပါဦးမည်။
-2-
ကျွန်ုပ်နာရီးအား ကြည့်ကာ ထိုင်စောင့်ရင်းဖြင့် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီးဖြစ်လာသည်။သို့သော် သူမ ချိန်းထားသော 9:00PM အချိန်မှာ သူမရောက်မလာခဲ့ပါ။ ကျွန်ုပ်လည်း အတွေးပေါင်းဆုံဖြင့်ရင်မှာ တည်ထားပြီး facebook app အားဖွင့်ကာ ဟိုပွတ်သည်ပွတ်ပြုခဲ့တော့သည်။ နှစ်နာရီခန့်ကြမြင့်ခဲ့လေပြီး ဖြစ်နိုင်ပါသည် သူမ active ဖြစ်လာတော့မည်မဟုတ်ပါ။ ကျွန်ုပ်လည်း နောက်နေ့မနက် အလုပ်ရှိသည်ဖြစ်၍ အိပ်ယာ ထက်သို့ဝင်ခဲ့တော့်လေသည်။
တီတီ.. တီတီ...တီတီ....တီ...... ညကချိန်ထားသောအချိန်သူမရောက်မလာသဖြင့်စကားပြောခဲ့ရ၍ စိတ်မကောင်းစွာ အိပ်ဆက်ခဲ့ရသည်မှာ မည်မှပင် အိပ်မောကျခဲ့သည်မသိ နှိုးစက်မည်သံကြောင့်သာ မနက်မိုးလင်းတစ်ရေးနိုးခဲ့လေတော့သည်။ ဖုန်းကလေးအား သွပ်လက်စွာ ကောင်ကိုင်၍ mobile data ဖွင့်ကြည့်ခဲ့သည်။ရောက်ရှိသွားသည်က သူမ၏ account ကလေး..3hour ago ဟု မြင်တွေ့ တော့သည်။ အဘယ်ကြောင့် ည 2နာရီလောက်ကြီးလိုင်ပေါ်တတ်ခဲ့ပါလိမ့်......။
ဆက်လတ်၍ တွေးတော့ မနေတော့ဘဲ morning ဟု messageပို့ နှုတ်ဆက်ခဲ့ပြီး ကျွန်ုပ်၏ တစ်ကိုယ်ရည် သန့်ရှင်းရေး ကိစ္စများဆောင်ရွက်ကာ အလုပ်သို့ သွားခဲ့သည်။ ညနေပိုင်း ပြန်ရောက်သည့်နှင့် သူမ၏ ဖုန်းနံပတ်အား နှိပ်၍ ဖုန်းခေါ်ကြည့်သည်။"ဟယ်လို့....။"...... "ဟယ်လို.. အေးပြောသူငယ်ချင်း" ကျွန်ုပ်ဖုန်းပြန်ချလိုက်သည် ရင်တွေ အရမ်းခုန်နေသည် ရင်ထဲတွင်တစ်မျိုးကြီးဖြစ်တော့သည်။"ကလင်..ကလင်.." သူမဘက်မှ ဖုန်းပြန်ဝင်လာသည် ကျွန်တော်မကိုင်ဘဲ message ပြန်ပို့လိုက်မိသည်..။
"သူငယ်ချင်းနေကောင်းလား....
ငါသတိရလို့ဖုန်းဆက်လိုက်တာပါ ကိစ္စရယ်လို့မရှိပါဘူး..."
သူမ မည်သို့ထင်မည်မသိ ကျွန်ုပ် ကဖြင့် ဖုန်းနှင့်ဝေးဝေးသို့ ရောက်နှင့်ပြီး အဘယ်သို့တုန့်ပြန်မည်ကို တွေး၍...။
"ဟယ်...မသိပါဘူးဟယ် ကိစ္စရှိလို့လားလို့.. ငါနေကောင်းပါတယ် နင်ရော..။ ငါလဲသတိရပါတယ်ဟ.."
သိပ်ပျော်ပြီလေ သူမ၏ တုန့်ပြန်လာသော replyက အကောင်းကြီး မဟုတ်ပေမဲ့ ကျွန်ုပ် ရင်ထဲနွေးသွားရတော့သည်။မည့်ပင်ဖြစ်စေ ညအိပ်ယာဝင်ချိန် message ပို့၍ စကားပြောမည့်သူ တစ်ယောက်တော့ရှိခဲလေပြီ..။
သည်လို့ဖြင့် သူမနှင့်ကျွန်တော် အတော်ကလေး ရင်နှီးစွား စကားပြောဖြစ်လာသည်..။မနက်...နေ့လည်....ည...အားရင် အားသလို့ online ကနေ တစ်မျိုး SMS ကနေ တစ်ဖုံ အချင်းချင်း စနောက် ကျီစယ် ဆက်သွယ်ခဲ့ကြသည်။ကျွန်ုပ် မှာ ရန်ကုန်၌ အလုပ် ထိုင်ပြီး သူမကဖြင့် ပုသိမ် ပြည့်သူဆေးရုံကြီးတွင် ပညာသင် တာဝန်ထန်းဆောင်နေရသည်။ ရန်ကုန်သားနှင့် ပုသိမ်သူလိုလိုပင်..။
သူမ တစ်နေ့မှာဖြင့် သူမသည်လည်းရုံးပိတ်ရက် ကျွန်ုပ် သည်လည်း အားလပ်ရက်ဖြစ်ရာ တစ်နေကုန် online မှနေ၍ စာကားပြောကြရင်း..ကျွန်ုပ်မေးလိုက်Comming Soon forသည်.."ဟိုနေက ပြောစရာရှိတယ် ဆိုတာ ဘာများလဲသူငယ်ချင်း ခုထိမပြောရသေးဘူးနော်။" "ခ်ခ် နင်မှ မမေးတာ " "အေးဟုတ်သား ငါလည်းပြန်မေးမလိုဘဲ ခုပြောတော့လေ..။" "မရတော့ဘူး အခုမှ ပြန်မေးလို့ အပြစ်ပေးတဲ့ အနေ့နဲ့ နောက် နှစ်ရက်နေမှပြောပြမယ်"
ကဲ ဆွေးပြီလေ ကိုယ့်အကြောင်းနဲ့ကိုယ် ခံပေတော့လေ။ စောစောမေးခဲလျှင်ဖြင့်ကောင်းသား..။သူမ၏ အပြုအမူလေးတွေ သူမ၏ရယ်သံလေးတွေ ကျွန်ုပ် ပို၍နှစ်သက်လာပါတော့သည်။ သူမမည်သို့ပင်ပြုပြု ကျွန်ုပ်ချစ်နေတော့သည်။ ကျွန်ုပ်စိုးရိမ်ခဲ့သည်မှာ သူမ၏ အဖြေတစ်ခုကား မည်သို့ ဖြစ်မည်နည်း အချိန်ယူ စဉ်စားဖို့ကား သူမ၏ အလုပ်ဖြစ်၍ အတင်းအကျပ် ကျွန်ုပ် မပြုခဲ့ချေ...နောက်ထပ် နှစ်ရက်အကြာတွင် သူမ၏ အဖြေသည် အဘယ်သို့ဖြစ်မည်နည်း........။
အားလုံးပဲအဆက်ပြေကြပါစေဟိုကူးဒီကူး
Photo credit google