မနေ့ညက အိပ်မက်မက်တယ်
အိပ်မက်ထဲမှာတောင် ကိုယ်မင်းကိုရှာလို့မတွေ့ခဲ့ဘူး
ကံတရားက ရက်စက်တယ်နော်
အဲဒီညက မိုးရွာတယ်
မင်းရင်ခွင်ထဲ တိုးဝင်
မင်းလက်မောင်းလေး ခေါင်းအုံးအိပ်ဖို့
နားကြပ်လေးတစ်ယောက်တစ်ဖက်တပ်
သီချင်းအေးအေးလေးတွေ နားထောင်ဖို့
ကိုယ်တို့ဆုတောင်းတွေမပြည့်ခဲ့ဘူး
လွမ်းတဲ့အကြောင်းတွေပြောပြဖို့
တစ်ခါလောက်ဖြစ်ဖြစ် ဖုန်းခေါ်ပါ။
မင်းက ဘဝမှာမရှိမဖြစ်လိုအပ်ကြောင်းပြောပြဖို့
တစ်ခါလောက်ဖြစ်ဖြစ် ဖုန်းခေါ်ပါ။
မိုးညတွေ အိပ်မက်ဆိုးကနိုးထနိုင်ဖို့
တစ်ခါလောက်ဖြစ်ဖြစ် ဖုန်းခေါ်ပါ။
မင်းအချစ်တွေနဲ့ ရှင်သန်ရဖို့
နာကျင်ခြင်းတွေကို မျက်ရည်တွေလောင်း
မျှော်လင့်ခြင်းသစ်ပင်တွေစိုက်ပျိုးထားကြောင်း
ပြောပြဖို့ တစ်ခါလောက်ဖြစ်ဖြစ် ဖုန်းခေါ်ပါ။
ကိုယ့်အချစ်တွေ မင်းလက်မှာ
ကျရှုံးဖို့ တစ်ခါလောက်ဖြစ်ဖြစ်ဖုန်းခေါ်ပါ
အချစ်ရယ် တစ်ခါလေးပါပဲ။