ကိုယ့်အတွက် သူ့ရင်ဘတ်ထဲမှာ
နေရာမပေးနိုင်တဲ့သူကို နားလည်ပေးလိုက်ပါ
ဘာလို့လဲဆိုတော့
အချစ်ဆိုတာက လုပ်ယူဖန်တီးလို့မရတတ်သလို
ချစ်တိုင်းလည်း ပေါင်စည်းလို့မရတာတွေ ရှိနေတယ်။
ကိုယ် အကောင်းဆုံးပေးဆပ်နေပါလျက်နဲ့
တန်းဖိုးမထားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါ
ဘာလို့လဲဆိုတော့
မေတ္တာထားတယ်ဆိုတာက မေတ္တာပေးသူက
မရူံးပါဘူး
စစ်မှန်တဲ့မေတ္တာတရားကို တန်ဖိုးမသိသူသာ
သနားစရာကောင်းတာပါ။
ကိုယ့်စေတနာတွေ ဘယ်လောက်ပဲ ပုံပေးပုံပေး
ရတုန်းယူပီး မရတဲ့အခါ အပြစ်တင်တဲ့သူကို နားလည်ပေးလိုက်ပါ
ဘာလို့လဲဆိုတော့
စေတနာဆိုတာ လူတိုင်းနဲ့ထိုက်တန်ပါတယ်
ခံယူသူဘက်ကသာ စေတနာနဲ့တန်တယ်/မတန်ဘူးဆိုတာ ပိုင်းဖြတ်သွားကြတာပါ။
ကိုယ်ကစိတ်ရင်းအမှန်ဖြင့် အပေါင်းအသင်းလုပ်ခဲ့ပေမယ့်
တစ်ဖက်က ဟန်ဆောင်မှူတွေနဲ့ အပေါ်ယံသကာရည်လောင်းခဲ့ရင်
နားလည်ပေးလိုက်ပါ
ဘာလို့လဲဆိုတော့ မိတ်ဆွေကောင်းကို ဆုံးရူံးလိုက်ရတာက
ဘဝမှာ အဖော်မွန်ကောင်းတစ်ယောက်ဆုံးရူံးရတာနဲ့အတူတူပဲဆိုတာ သူမသိရှာခဲ့ဘူးလေ။
သင်ကောင်းရင် ကျွန်ုပ် မဆိုးပါဘူးဆိုတာထက်
သင် ကောင်းရင် ကျွန်ုပ်ပိုကောင်းပေးမယ်
သင် ဆိုးခဲ့ရင်လည်း ကျွန်ုပ် သင့်လို ဆိုးတဲ့သူစာရင်းထဲမပါအောင်
ကြိုးစားမယ်ဆိုတာကို ပြသလိုက်ပါ။